ခမ်းနားကြီးကျယ်လှတဲ့ သူ့ရဲ့ပရိသတ်အင်အားကို ပြသလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်

ခမ်းနားကြီးကျယ်လှတဲ့ သူ့ရဲ့ပရိသတ်အင်အားကို ပြသလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်

အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုမက အောင်မြင်မှုတွေများစွာကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ ဒီနေ့ထိတိုင် နှုတ်ခမ်းနီမလေးတွေရဲ့သဲသဲလှုပ် ချစ်ခင်အားပေးမှုကို ခံထားရသူတစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ စိုင်းစိုင်းက ပြီးခဲ့တဲ့ ဧပြီလ (၁၀)ရက်နေ့က ရန်ကုန်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ သူ့ရဲ့ Birthday Show ကြီးကို လာရောက်ခဲ့ကြတဲ့ ချစ်စရာကောင်းတဲ့ ပရိသတ်တွေရဲ့မြင်ကွင်းကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မြင်ရသူတွေကို အားကျစေခဲ့တဲ့ စိုင်းစိုင်းရဲ့ ပရိသတ်အင်အားကတော့ တကယ့်ကို အံမခန်းပါပဲနော်။

ချစ်ပရိသတ်တွေအတွက် အရမ်းကိုကြည့်လို့မိုက်တဲ့ စိုင်းစိုင်ရဲ့ ပရိသတ်အင်အားကို ပြသထားတဲ့ ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

စိုင်းစိုင်းကတော့ ““ My fans are just so beautiful “သိဂါၤရသီချင်းတစ်ပုဒ်Sai Sai Kham Leng featuring MgMg Pyae SoneLive @ SAISAI Birthday Show 2019 ” ဆိုပြီး Birthday Show ပွဲတုန်းက လာအားပေးကြတဲ့ ပရိသတ်တွေရဲ့အင်အားကို ပြသခဲ့တာပါ။

ခမ်းနားကြီးကျယ်လှတဲ့ သူ့ရဲ့ပရိသတ်အင်အားကို ပြသလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ဗီဒီယို

စိုင်းစိုင်းကတော့ လတ်တလောမှာ Show ပွဲတွေ လုပ်ဖြစ်နေပြီး တစ်ခြားသော အနုပညာအလုပ်တွေလည်း လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ ချစ်ပရိသတ်တွေလည်း အရမ်းချစ်စရာကောင်းတဲ့ ပရိသတ်တွေကို ပိုင်ဆိုင်ထားတဲ့ စိုင်းစိုင်းခမ်းလှိုင်ကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Source:Sai Sai Kham Leng’s Facebook

Comments are closed.