တလက်လက်တောက်ပနေတဲ့အလှတရားတွေနဲ့ မြင်သူတကာကြွေကျသွားအောင် ညှို့အားပြင်းတဲ့ဆွဲဆောင်မှုတွေနဲ့ နန်းစု

တလက်လက်တောက်ပနေတဲ့အလှတရားတွေနဲ့ မြင်သူတကာကြွေကျသွားအောင် ညှို့အားပြင်းတဲ့ဆွဲဆောင်မှုတွေနဲ့ နန်းစု

ပရိသတ်ကြီးရေ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့နန်းစုရတီစိုးကတော့ အနုပညာလောကထဲမှာလျှောက်လှမ်းလာခဲ့တာနှစ်တွေအများကြီးကြာမြင့်နေပါပြီနော်။နန်းစုကတော့ ဟိုးအရင်ကတည်းက ဗီဒီယိုဇာတ်ကားတွေအများအပြားမှာ ပါဝင်ခဲ့ပြီး သရုပ်ဆောင်အိုင်တင်တွေက ပိုင်နိုင်တိကျတဲ့အပြင် အရုပ်မလေးလိုအရမ်းချစ်စရာကောင်းလွန်းတဲ့ သူမကိုပရိသတ်တွေက သတိထားမိလာကြတာဖြစ်ပါတယ်။

နန်းစုက အခုနောက်ပိုင်းမှာ ဇာတ်ကားတွေလည်းဖြည်းဖြည်းမှန်မှန်ရိုက်ကူးနေသလို သူမရဲ့သီချင်းလေးတွေကလည်း လူငယ်ပရိသတ်တွေကြားမှာရေပန်းစားအောင်မြင်ပါတယ်နော်။နန်းစုရဲ့ ခံစားချက်အပြည့်နဲ့သီဆိုလိုက်တဲ့သီချင်းလေးတွေက ပရိသတ်ရဲ့နားထဲ ရင်ထဲကို စွဲသွားစေပါတယ်။နန်းစုကတော့ နောက်ထပ်သီချင်းအသစ်တွေကိုလည်း ဆက်လက်ဖန်တီးနေဦးမှာဖြစ်ပြီး ပရိသတ်အတွက်အမြဲတမ်းကြိုးစားသွားမယ့်အနုပညာရှင်တစ်ယောက်ပါနော်။

နန်းစုကတော့ အမြဲတမ်းဆယ်ကျော်သက်အရွယ်တစ်ယောက်လို လှပနုပျိုနေပြီး အသားအရည်ကလည်းထိရက်စရာမရှိအောင် ဖြူဖွေးနုဖတ်နေတာဖြစ်ပါတယ်။အရုပ်မလေးတစ်ရုပ်လိုချစ်စရာကောင်းတဲ့နန်းစုကတော့ ပြီးပြည့်စုံတဲ့အလှတရားတွေကိုပိုင်ဆိုင်ထားတာပါနော်။အခုဆိုရင်လည်း မြင်သူတကာကြွေကျသွားရလောက်အောင် တလက်လက်တောက်ပနေတဲ့အလှတရားတွေနဲ့ အရမ်းဆွဲဆောင်မှုရှိနေတဲ့ နန်းစုရဲ့အလှပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Nansu Yati Soe/Photo:TONY

Comments are closed.