သင်မသိသေးတဲ့ ရှားစောင်း လက်ပက် လျှို့ဝှက်ချက်များ

သင်မသိသေးတဲ့ ရှားစောင်း လက်ပက် လျှို့ဝှက်ချက်များ

သင်မသိသေးတဲ့ ရှားစောင်း လက်ပက် အသုံးဝင်ပုံ

ရှားစောင်းလက်ပက်ရဲ့ အရွက်ထူကြီးတွေကို ခွာလိုက်ရင် တွေ့ရတဲ့ ဂျယ်အနှစ်တွေမှာ ဗီတာမင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ သူတို့ရဲ့ အာနိသင် စွမ်းပုံက ပိုးကောင်ကိုက် ကုသတာက အစ ဆံပင်ပေါင်းတင်တာ အဆုံးပဲ ဖြစ်ပါတယ်။

၁။ မိတ္ကပ္ဖ်က္လွ်င္

သင်ဟာ ဈေးလည်း သက်သာ၊ အသားအရေ အတွက်လည်း အန္တရာယ် မဖြစ်စေနိုင်တဲ့ သဘာ၀ မိတ်ကပ်ဖျက်ဆေး လိုချင်ရင်တော့ ဆိုင်တွေ မှာ အလွယ်တကူ ရနိုင်တဲ့ ရှားစောင်း လက်ပက် အရည်ကိုသာသုံးပါ။ မျက်နှာကို ပြန်လည် စိုပြေစေပါတယ်။

၂။ ခြေထောက်ပေါက်လျှင်

ခြေထောက် ပေါက်သွားတဲ့ အနာကို ရှားစောင်း လက်ပက်အနှစ်နဲ့ လိမ်းပါ။ ဒီနည်းအတိုင်းလုပ်ဆောင်လျှင် အနာနီရဲ ရောင်ရမ်းခြင်းကို လျော့ပါး သက်သာစေပါတယ်။

၃။ နေလောင်လျှင်

အသားအရေ နေလောင်သွားလို့ စိတ်မညစ်နေပါနဲ့ ။ နေလောင်သွားတဲ့ အရေပြားပေါ်ကို ရှားစောင်း လက်ပက် အနှစ်ကို လိမ်းလိုက်ပါ။ ရှားစောင်း လက်ပက်မှာပါတဲ့ အစိုဓာတ်က လျင်မြန်စွာ သက်သာစေနိုင်ပါတယ်။

၄။ အသားအရေ အစိုဓာတ်ထိန်းဖို့


၅။ ဆံပင်ပေါင်းတင်ဖို့

သင်ပုံမှန် သုံးနေကျ ဆံပင် ပေါင်းတင်ဆေး အစား ရှားစောင်း လက်ပက် အနှစ်အချို့ကို ယူပြီး ဆံပင်မှာ သုတ်လိမ်းလိုက်ပါ။ (၅) မိနစ်ကြာ ထားပြီးနောက် ရေဆေးချပါ။ သင့်ဆံကေသာ သဘာဝအတိုင်း နူးညံ့ချောမွေ့လာပါမယ်။

၆။ မုတ်ဆိတ်ရိတ်ရာတွင်

ရှားစောင်း လက်ပက်မှာ ရေဓာတ်များစွာ ပါဝင်တာကြောင့် သာမန် မုတ်ဆိတ်ရိတ် ခရင်မ်တွေထက် ပိုပြီး သဘာဝကျကျ ကောင်းမွန်ပါ တယ်။ ဒါ့အပြင် အစိုဓာတ်ကိုလည်း ထိန်းပေးလို့ မုတ်ဆိတ်ရိတ်ပြီး အရေပြားကို မခြောက်သွေ့စေတော့ပါဘူး။

၇။ ပိုးကောင် အကိုက်ခံရလျှင်

အင်းဆက် ပိုးကောင်တွေ၊ ခြင်တွေရဲ့ အကိုက်ခံရလျှင် ရှားစောင်း လက်ပက် အနှစ်ကိုသာ လိမ်းလိုက်ပါ။ ဒါ့အပြင် ရှားစောင်း လက်ပက် က အဖုအပိန့်တွေ၊ ယားနာတွေ၊ အပူ လောင်ဒဏ်ရာတွေနဲ့ ဒဏ်ရာတချို့ ကို ပျောက်ကင်းစေနိုင်ပါတယ်။

Credit-Messenger

Comments are closed.