စမိုင်းလ်အတွက် ကောင်းကင်မှာ စာတန်းထိုးပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ခင်ပွန်းဖြစ်သူ

စမိုင်းလ်အတွက် ကောင်းကင်မှာ စာတန်းထိုးပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ခင်ပွန်းဖြစ်သူ

တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြလို့ ပရိသတ်တွေကြားမှာ နာမည်ကြီးကြတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံကတော့ သမီးလေးနှစ်ယောက်ကို မွေးဖွားပြီးတဲ့တိုင် အချစ်တွေ ထပ်ထပ်ပြီး တိုးနေတာကို အားကျဖွယ် တွေ့ရပါတယ်။ တစ်ယောက်ရဲ့ လိုအပ်ချက်တွေကို တစ်ယောက် ဖြည့်စည်းပေးတတ်လွန်းတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံက ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ ဇနီးမောင်နှံလေးပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့စီးပွားရေး၊ ပျော်ရွှင်ဖွယ် မိသားစုကို ပိုင်ဆိုင်ထားတဲ့ စမိုင်းလ်ကတော့ ကံအကောင်းဆုံး အမျိုးသမီးလို့တောင် ပြောလို့ရပါတယ်။

ဇွန်လ (၂၁) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ စမိုင်းလ်ရဲ့ မွေးနေ့လေးအတွက် ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်က စမိုင်းလ်အတွက် အမေရိကန်နိုင်ငံ LA မြို့ မှာ အိမ်အကြီးကြီးတစ်လုံး မွေးနေ့လက်ဆောင်ပေးခဲ့တာကို ပရိသတ်ကြီး သိပြီးသားဖြစ်မှာပါ။

ဒါပေမယ့် စမိုင်းလ်ရဲ့ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်က ဇနီးချောလေးကို လက်ဆောင်ပေးရုံနဲ့ အားမရလို့ လူတကာနဲ့မတူတဲ့ မွေးနေ့ဆုတောင်းစကားလေးကို ထူးထူးခြားခြား ပြောထားပါသေးတယ်။ အဲ့ဒါကတော့ လေယာဉ်ငှားပြီး ပေသောင်းချီမြင့်တဲ့ ကောင်းကင်ပေါ်ကနေ စမိုင်းလ်အတွက် မွေးနေ့ဆုတောင်းစကား ရေးပေးခဲ့တာ ဖြစ်ပါတယ်။

စမိုင်းလ်ရဲ့ခင်ပွန်း ကိုပြည့်မောင်က “Happy Birthday Smile! Love Mg, Portia & Chloe” ဆိုတဲ့ စာကို လေယာဉ်နောက်မြီးမှာ ဆွဲပြီး သူတို့ရဲ့ အိမ်ပေါ်ကနေ ပျံသန်းစေကာ ဇနီးချောလေးစမိုင်းလ်အတွက် Surprise လုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ စမိုင်းလ်အတွက် ကောင်းကင်ပေါ်ကနေ မွေးနေ့ဆုတောင်းပေးခဲ့တာတဲ့။ စမိုင်းလ်ခမျာ တော်တော်လေး ပျော်နေတာပဲ

စမိုင်းလ်ကတော့ ခင်ပွန်းဖြစ်သူရဲ့ အချစ်တွေကို အပြည့်အဝ ပိုင်ဆိုင်ထားပြီး ကံကောင်းတဲ့ အမျိုးသမီးလေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း စမိုင်းလ်တို့ ဇနီးမောင်နှံကိုကြည့်ပြီး အားကျနေကြပြီ ထင်ပါတယ်။ စမိုင်းလ်တို့ ဇနီးမောင်နှံလည်း နောက်နှစ်ပေါင်းများစွာတိုင် အခုထက်ပိုချစ်၊ ပို Romantic ဆန်ဆန်နဲ့ သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Pyae Maung’s fb

Comments are closed.