မြန်မာ့မီးရထားတွင် Air Con ရထားသစ်မျာ းပြေးဆွဲတော့မည်

မြန်မာ့မီးရထားတွင် Air Con ရထားသစ်မျာ းပြေးဆွဲတော့မည်

ရန်ကုန် မြို့ပတ်နှင့် ရန်ကုန်-မန္တလေးခရီးစဉ်များတွင် Air-conတွဲဆိုင်းသစ်များ အစားထိုးပြေးဆွဲမည်ဖြစ်သောကြောင့် လက်မှတ်ခဈေးနှုန်းများ တိုးမြှင့် ကောက်ခံနိုင်ဖွယ်ရှိကြောင်း မြန်မာ့မီးရထားတာဝန်ရှိသူထံမှ သိရသည်။

အခုလက်ရှိရထားတွေမှ ာair con မပါပါဘူး။ နောင်ပြေးဆွဲမယ့်ရထားတွေမှာ air con တွေပါလာရင်တော့ air con service အတွက် ကောက်ရမယ့်သဘောရှိတယ်။ အဲဒီအခါကျရင်တော့ လက်မှတ်ခဈေးနှုန်းတွေ တိုးမြှင့်ကောက် ခံသွားမှာပါ။ ဘယ်အချိန်ကောက်မယ်ဆိုတာကတော့ ပြောလို့မရသေးပါဘူး။ လက်တွေ့ပြေးဆွဲတဲ့အခါကျရင် ဆွေးနွေးညှိုနှိုင်းပြီးမှ ှကောက်မှာပါ”ဟု မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ (သွားလာပို့ဆောင်ရေး) ဦးကျော်ကျော်မျိုးကပြောသည်။

ရန်ကုန် မန္တလေး မီးရထားလမ်းပိုင်းအဆင့်မြှင့်တင်မှုကို ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ၂ ဒသမ ၄ဘီလီယံ အကူအညီဖြင့် လုပ်ဆောင်နေခြင်းဖြစ်ရာ မိုင်အရှည် ၁၆၆ မိုင်ရှိသည့်ရန်ကုန် တောင်ငူမီးရထားလမ်းပိုင်းအား အဆင့် ၁ အပိုင်းထားရှိပြီး ၂၀၁၈ ခုနစ်အောက်တိုဘာလမှ စတင်၍ လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့နဲ့ယှဉ်ပြိုင်နေတဲ့အဖွဲ့အစည်းတွေရဲ့service ကိုလည်းကြည့်ရဦးမယ် သူတို့ရဲ့အရည်အသွေးနဲ့ဝန်ဆောင်မှုကိုလည်းကြည့်ရမယ်” ဟု ဦးကျော်ကျော်မျိုးကပြောသည်။

ယင်းရထားသံလမ်းစီမံကိန်း ပြီးစီးပါက ရထားသံလမ်းအသစ်နှင့် လအေးပေးစက်များ တပ်ဆင်ထားသော အဆင့်မြင့် တွဲဆိုင်းများဖြင့် ရန်ကုန် ပဲခုူးခရီးစဉ်ကို တစ်နာရီအကြာမောင်းနှင်ပြီး ပဲခုူးမန္တလေးခရီးစဉ်ကို ၇ နာရီကြာသာ မောင်းနှင်ရမည်ဖြစ်ကြောင်း သိရသည်။

Comments are closed.