စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်တွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် ၂၄ ဆူ ပျောက်ဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်တွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် ၂၄ ဆူ ပျောက်ဆုံး

စ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ အနိမ့်မြို့ဟောင်း၊ သုံးပန်လှကျေးရွာအနီး သမ္ဘူလဘုရားဝင်းအတွင်းရှိ ဘုရားအမှတ် အန-၁၁၀၊ အန-၁၁၁ တို့မှ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် ၂၄ ဆူ ဇွန်လ ၂၃ ရက်နေ့က ပျောက်ဆုံးခဲ့ပါတယ်။

အလိုတော်ပြည့်ဘုရားမှ ဉာဏ်တော် ၂ ပေခွဲလောက်ရှိ စကျင်ကျောက်နဲ့ထွင်းထုတားတဲ့ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားဆင်းတုတော် ၃ ဆူ၊ နှစ်ကျိပ်ရှစ်ဆူ အေးမြချမ်းသာ ဘုရားလှိုဏ်ဂူအတွင်း ၁ ပေခွဲလောက်ရှိ စကျင်ကျောက်ထွင်း ဗုဒ္ဓရုပ်ပွားဆင်းတုတော် ၂၁ ဆူတို့ ပျောက်ဆုံးခဲ့တာပါ။

ဘယ်နေ့ဘယ်ရက်က စတင်ပျောက်ဆုံးတယ်ဆိုတာ တိတိကျကျမသိရသေးပါဘူး။

ဒီဘုရားတွေက ဘုန်းကြီးတွေထိန်းတာ။ လွန်ခဲ့တဲ့ ၂ ရက်၊ ၃ ရက်လောက်က ၃ ဆူပျောက်တယ်ပြောတယ်။ အခုများများပါသွားတာကတော့ မနေ့ညလောက်က ပါတာဖြစ်မယ်။ စုစုပေါင်း ၂၄ ဆူပျောက်တာပါ။” လို့ သုံးပန်လှကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် မြို့နယ်တာဝန်ရှိသူတွေက ဘုရား ပျောက်ဆုံးရာကို သွားရောက်ကာ ကြည့်ရှုစစ်ဆေးတာတွေ ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘုရားဆင်းတုတော်တွေ ခိုးယူခံရတာနဲ့ပတ်သက်ပြီး သုံးပန်လှအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ ချောင်းဦးမြို့မစခန်းမှာ (ပ)၂၀၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဘုရားဆင်းတုတွေက ၁ ပေခွဲလောက် ၁ ဆူကို ကျပ် ၅ သောင်း၊ ၂ ပေခွဲလောက် ၁ ဆူကို ကျပ် ၄ သိန်း စုစုပေါင်း ကျပ် ၂၂ သိန်း ၅ သောင်းတန်ဖိုးရှိတယ်လို့ သိရပါတယ်။

Comments are closed.