သင့်ကို ဘီလျံနာတစ်ယောက်ြ ဖစ်အောင် ကျင့်သုံးနိူင်မယ့် အမူအကျင့် (၄)မျိုး

သင့်ကို ဘီလျံနာတစ်ယောက်ြ ဖစ်အောင် ကျင့်သုံးနိူင်မယ့် အမူအကျင့် (၄)မျိုး

ပိုက်ဆံ တွေအများကြီးရှိဖို့၊ ချမ်းသာတဲ့လူတစ်ယောက်ဖြစ်ဖို့ဆိုတာ လွယ်တာတော့မဟုတ်ပါဘူး။ ဒါပေမယ့် တချို့သောနည်းလမ်းတွေကိုသုံးပြီး သင်ဟာလည်း ဘီလျံနာတစ်ယောက်ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ဘယ်လိုနည်းလမ်းတွေလဲဆိုတာကိုတော့ အခုပဲဖတ်ကြည့်လိုက်ပါနော်။

(၁) ကိုယ့်ကိုယ်ကို လုပ်ငန်းရှင်ပေါက်စလို့သဘောထားပါ

သင့်အနေနဲ့ ကိုယ့်ကိုယ်ကို အသေးစားလုပ်ငန်းရှင်တစ်ယောက်လို့ တွေးပါ။ ဒီလို သဘောထားတာက ကိုယ့်ကိုယ်ကိုတိုးတက်အောင်ဘယ်လိုလုပ်ရမလဲ၊ ကိုယ့်ရဲ့ဘယ်အရည်အသွေးက အသုံးဝင်မလဲ၊ အကျိုးအမြတ်ရှိမလဲဆိုတာကို တွေးတတ်လာပါလိမ့်မယ်။ ပြီးတော့ ဘယ်လိုအရာတွေအတွက် အချိန်ပေးရမလဲ၊ ရင်းနှီးမြှုပ်နှံရမလဲဆိုတာကောင်းကောင်းနားလည်လာပါလိမ့်မယ်။

(၂) ရင်းနှီးမြှုပ်နှံပါ

ပိုက်ဆံရလာရင် စုထားပြီး ပမာဏတစ်ခုရလာတဲ့အခါ တခြားတစ်ခုခုမှာရင်းနှီးမြှုပ်နှံဖို့စဉ်းစားပါ။ ဒါမှ ပိုက်ဆံကပိုပြီး တိုးပွားလာမှာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့အခါ လုပ်ငန်းအကြီးအသေးထက် အောင်မြင်နိုင်ချေဘယ်လောက်ရှိသလဲဆိုတာကို မှန်းဆတွက်ချက်ဖို့ ပိုအရေးကြီးပါတယ်။ အမြတ်များများရချင်စိတ်နဲ့ မရေရာတဲ့လုပ်ငန်းတွေအတွက် မရင်းနှီးမိဖို့လိုပါတယ်။

(၃) ကိုယ်မဆပ်နိုင်တဲ့ငွေပမာဏကိုမချေးပါနဲ့

အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ်၊ သုံးဖို့ပဲဖြစ်ဖြစ် ပိုက်ဆံလိုအပ်လာလို့ ချေးရတော့မယ်ဆိုရင် ကိုယ်ဆပ်နိုင်တဲ့ပမာဏကိုပဲ ချေးပါ။ ကိုယ့်ဝင်ငွေထက်များလွန်းတဲ့ ပမာဏကိုချေးလိုက်ရင် အဲ့ဒါက ဖိစီးမှုဖြစ်လာပြီး အကြွေးဆပ်နေရတာနဲ့ ပိုက်ဆံကိုတိုးလာအောင်လုပ်ဖို့မလွယ်တော့ပါဘူး။

(၄) ကိုယ်ရှာနိုင်တာထက် ပိုများအောင်ဘယ်တော့မှမသုံးပါနဲ့

ကိုယ့်ဝင်ငွေအတိုင်းအတာထက် များလွန်းတဲ့ပစ္စည်းတွေ၊ အသုံးအဆောင်တွေဝယ်တာ၊ ဈေးကြီးတဲ့စားသောက်ဆိုင်တွေ ခဏခဏသွားတာမျိုးကို တတ်နိုင်သလောက်ဆင်ခြင်ပါ။ အဲ့ဒါက မသိမသာလေးနဲ့ ကိုယ့်ပိုက်ဆံတွေကို အလေအလွင့်ဖြစ်စေတဲ့အကြောင်းရင်းတွေပါ။ အဲ့ဒါတွေအတွက်သုံးမယ့် ပိုက်ဆံတွေကို စုထားပြီးရင်းနှီးမြှုပ်နှံဖို့သုံးပါ။

Credit : Aunty may

Comments are closed.