အသက်သုံးနှစ်သမီးငယ်အား သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်မှု့ဖြစ်ပွား

အသက်သုံးနှစ်သမီးငယ်အား သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်မှု့ဖြစ်ပွား

မန္တလေးတိုင်းဒေသကြီးမိတ္တီလာမြို့နယ်ကြွယ်ကန်ကျေးရွာအုပ်စု တွင် အသက်(၃)နှစ်(၁)လရှိသမီးငယ်လေးအားတစ်ရွာတည်းနေ အသက်(၂၀)နှစ်ရှိအ မျိုးသားမှသားမယားအဖြစ်ပြုကျင့်ရန်ကြံစည်မှုဖြစ်ပွားခဲ့ကြောင်းစုံစမ်းသိရသည်။

ဇွန်(၂၄)ရက်နေ့ညနေ(၄)နာရီခန့်မိတ္တီလာမြို့နယ်ကြွယ်ကန်ကျေးရွာ အုပ်စုနေ မ×××××(၂၃)နှစ်တောင်သူလုပ်ကိုင်သူမှတစ်ရွာတည်းနေ ဦးထွန်းအောင်ယာကွက်၌အ လုပ်ဆင်းပြီးပြန်လာစဉ် သမီးဖြစ်သူ မ××××အသက် (၃)နှစ်(၁)လအားနေအိမ်တွင် မတွေ့ရှိသဖြင့်ကျေးရွာအတွင်းလိုက်လံစုံစမ်းရှာဖွေခဲ့ရာမတိုးတိုး၏ပြောပြချက်အရ သမီး မ××××× အား တစ်ရွာတည်းနေထွေးမောင်(ခ)ထွေးအောင်မှ ကျေးရွာတောင်ဘ က်အတိုင်းခေါ်ဆောင်သွားသည်ကိုတွေ့မြင်လိုက် ကြောင်းပြောပြသိရသဖြင့်

ကျေးရွာတောင်ဘက်သို့ ဆက်လက် သွားရောက်ရှာဖွေခဲ့ရာသမီးဖြစ်သူ မ××××× အား ဒေါ်ညို၏ ယာတဲ၌တွေ့ရှိသဖြင့်မေးမြန်းရာသမီးဖြစ်သူပြောပြချက် အရတစ်ရွာ တည်းနေ ထွေးမောင်(ခ)ထွေးအောင်မှရွာတောင်ဘက် (၁)မိုင်ခန့်ရှိ ရေချောင်းအနီးသို့ခေါ်ဆော င်သွားပြီးပါးစပ်ပိတ်ကာဘောင်းဘီချွတ်၍သားမယာအဖြစ်ပြုကျင့်ရန်ကြံစည်ခဲ့ကြောင်းပြောပြသိရကြောင်းသိရသည်။

ဖြစ်စဉ်အရသမီးဖြစ်သူ မ×××××အသက်(၃)နှစ် (၁)လအား သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်ခဲ့သူတစ်ရွာတည်းနေထွေးမောင် (ခ)ထွေးအောင်အား အရေးယူပေးရန်မိခင်ဖြစ်သူ မ××××၏ တိုင်တန်းချက်အရအလည်ရွာရဲကင်းစခန်း(ပ)၁၅/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ ဖြင့်အမှုဖွင့်အရေးယူပြီးပြစ်မှု ကျူးလွန်သူ ထွေးမောင်(ခ)ထွေး အောင်(၂၀)နှစ်ကျ ပမ်းလုပ်ကြွယ်ကန်ကျေးရွာမိတ္တီလာမြို့နယ်နေသူ အားဇွန်(၂၅)ရက်နေ့(၁၂း၃၀)အချိန်အမှုနှင့်ရှာဖွေဖမ်းဆီးပြီးအမှုစစ်ရဲအုပ် စောရွှေမောင်(စခန်းမှူး)မှစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Comments are closed.