အခြေခံဂီတပညာတောင် မသိပဲ ဒိုင်လူကြီးလုပ်နေကြတယ်ဆိုပြီး ဆောင်းဦးလှိုင်ပြောပီ

အခြေခံဂီတပညာတောင် မသိပဲ ဒိုင်လူကြီးလုပ်နေကြတယ်ဆိုပြီး ဆောင်းဦးလှိုင်ပြောပီ

ကတ်ဆက်ခွေတွေ ခေတ်စားတဲ့အချိန်ကတည်းက ပရိသတ်တွေ အားပေးမှုကို အပြည့်အဝရရှိထားတဲ့ တေးရေးတေးဆို ဆောင်းဦးလှိုင်ကိုတော့ ပရိသတ်တွေ ရင်းရင်းနှီးနှီးကို သိထားကြမှာ အမှန်ပါပဲ။ ဂီတနဲ့ ပတ်သက်ရင် ကျကျနနကိုသိတဲ့ ဆောင်းဦးလှိုင်တယောက်ကတော့ သူရေးတဲ့သီချင်း သူဆိုတဲ့ သီချင်းတော်တော်များများကတော့ နာမည်ကြီးပြီး လူကြိုက်များနေတာကတော့ အမှန်ပါပဲ။

ဂီတနဲ့ပတ်သက်ရင် ဝါရင့်တဲ့အဆိုတော် တယောက်ဖြစ်တဲ့ ဆောင်းဦးလှိုင်ကတော့ ဒီဖက်ခေတ်မှာဖြစ်ပျက်နေတဲ့ ဂီတလောကနဲ့ ပတ်သက်ပြီး ဒဲ့ပြောလိုက်တာ ဖြစ်ပါတယ်။ ဆောင်းဦးလှိုင်ကတေ့ာ အဆိုပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီးလည်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဆောင်းဦးလှိုင်ကတော့သူ့ရဲ့ ဖေ့ဘုတ်အကောင့်မှာ “နိမ့်ကျပြိုဆင်းနေတာ ဂီတလောကတစ်ခုတည်းမဟုတ်ဖူးဗျ။ ရပ်ဝန်းအသီးသီးမှာပါဘဲ။ နိုင်ငံရေး၊ အုပ်ချုပ်ရေးတစ်ခုတည်း အဂတိတရားတွေ လွှမ်းမိုးနေတာမဟုတ်ပါဖူးဗျာ။ အဂတိတွေဟာ နေရာပေါင်းစုံမှာ အမြစ်တွယ်နေတာပါ။ ဂီတလောကမှာ အဂတိတွေဖုံးလွှမ်းနေတာ ကျင့်ဝတ်နဲ့မညီတာဟာ ကြောက်စရာကောင်း လောက်အောင်ပါဘဲ။ အခြေခံဂီတပညာ ( Basic Music Theory) တောင်မသိဘဲ ဒိုင်လူကြီးလုပ်နေကြတာ။ ကြာလှပြီဘဲဗျာ။

ဒါတွေကိုလက်ခံနေကြတဲ့ ခေါင်းရှောင်နေကြတဲ့ အသိုက်အဝန်းထဲက အဆီအနှစ်တွေ ထွက်လာဖို့ မျှော်လင့်နေကြရင် အချိန်ကုန်လူပန်းမှာပေါ့။ မှန်မှန်ကန်ကန်မလုပ်ကြဘဲနဲ့ ကောင်းကောင်းကန်းကန်း ဖြစ်လာစရာအကြောင်းသိပ်မရှိပါဖူးခင်ဗျာ မျိုးဆက်သစ်တွေ အခက်ကြုံနေရတဲ့ အဓိကတရားခံဟာ အမှန်တရားမထွန်းကားတာကြောင့်ပါ။ ဝိုင်းကူကြဖို့ တည့်မတ်ပေးဖို့အားလုံးမှာတာဝန်ရှိပါတယ်” ဆိုပြီးတော့ ရင်ဖွင့်သွားခဲ့တာ ဖြစ်ပါတယ်။ ဆောင်းဦးလှိုင်ပြောတဲ့တချို့သောအရာတွေကတော့ တကယ့်ကိုမှန်ကန်နေတဲ့ အဖြစ်အပျက်တွေ ဖြစ်ပြီး ပြောချင်လွန်းလို့ ပရိသတ်ကြီးလည်း လက်ခံလိုက်မယ်လို့ မျှော်လင့်ပါတယ်။

Comments are closed.