လက်ပံတန်းမြို့နယ် ချမ်းသာကုန်း ကျေးရွာ ရွာရှိ ဘုရားစိန်ဖူးတော်များ ခိုးယူမှုဖြစ်ပွား

လက်ပံတန်းမြို့နယ် ချမ်းသာကုန်း ကျေးရွာ ရွာရှိ ဘုရားစိန်ဖူးတော်များ ခိုးယူမှုဖြစ်ပွား

လက်ပံတန်းမြို့နယ် ရန်ကုန်-ပြည်ကားလမ်းဘေး ချမ်းသာကုန်း ကျေးရွာ ရွာဦးကျောင်းအတွင်းတည်ထားကိုးကွယ်သော စေတီတော်နှင့် ကျေးနီရွာအနီးရှိ ကိုးနဝင်းကပ်ကျော်စေတီတော်တို့မှ စိန်ဖူးတော် များအား ၂၅.၆.၂၀၁၉ ရက်နေ့တစ်နေ့တည်းတွင် ခိုးယူဖြုတ်သွားမှုများဖြစ်ပေါ်ခဲ့ပါသည်။

ချမ်းသာကုန်းစေတီတော်မှ စိန်ဖူးတော်ကြီးတစ်လုံးသာရှိ၍ တစ်လုံးသာ ပျောက်ဆုံးခဲ့သော်လည်း ကျေးနီကတ်ကျော်စေတီမှ အရံစေတီတော် အားလုံးရှိစိန်ဖူးတော်များပါ ဖြုတ်ယူခံခဲ့ရကြောင်းတွေ့ရှိ ရပါသည်။ခိုးယူသွားသူဟု သံသယရှိသူမှာ အတူတူသာဖြစ်ပြီး မပျောက်ဆုံးခင် အချိန်ပိုင်း ထိုစေတီတော်များတွင်တွေ့ရှိခဲ့ကြောင်း အနားပတ်ဝန်းကျင် ရှိ လူများမှပြောကြားခဲ့ပါသည်။

သံသယရှိသူဟုယူဆသော သူမှာ လက်နှင့် လည်ပင်းတွင် ပုတီးများ ပတ်ထားခြင်း အင်္ကျီ ီအဝါ ဘောင်းဘီတို ဘေးစင်းကြားဝတ်ထား၍ အသားညိုညို ဆံပင်ရှည်ရှည် မျက်နှာသွယ်သွယ်နှင့် စိတ်မနှံ့သူ တစ်ဦးကဲ့သို့ သွားလာနေထိုင်လျက်ရှိကြောင်း သတင်းရရှိခဲ့ပါသည်။

ဖြုတ်သောသူခိုးမှာ အရူးအပေါဟန်ဆောင်၍ လက်နှစ်ဘက်တွင် အဖြူရောင်ပုတီးတစ်ကုံးစီ စွပ်လျက် လည်ပင်းတွင်လည်း တစ်ကုံး စွဲလျက် ဘောင်းဘီတိုဝတ်ခါ ဘုရားရင်ပြင်တော်ပေါ်တွင် တံမျက်စည်း လှည်း မြက်နုတ် ဘုရားသန့်ရှင်းရေး ကုသိုလ်ပြုလုပ်နေသယောင် အယောင်ဆောင်ကာ ဘုန်းကြီးနှင့် ဦးပဉ္ဇင်းအလစ်တွင်တက်ရောက်၍ ခိုးယူသွားခဲ့ကြောင်းသိရှိရပါသည်။

ထို့ကြောင့် ရန်ကုန်ပြည်ကားလမ်းဘေးတစ်လျှောက်ရှိ ဘုန်းတော်ကြီး ကျောင်းများ အပြင် မည့်သည့်ဒေသမဆို ဘုန်းတော်ကြီးကျောင်းများ အတွင်း အရူးသော်လည်းကောင်း လူစိမ်းသော်လည်းကောင်း ဝင်ရောက် လာပါကမျက်ခြည်မပြတ်စောင့်ကြည့်သင့်ပါကြောင်း သတိ ပေးနှိုးဆော်အပ်ပါသည်။

Comments are closed.