ယောက်ျားလေးတွေ သိထားသင့်တဲ့ အချက်တွေပြောပြလာတဲ့ လှနုထွန်း

ယောက်ျားလေးတွေ သိထားသင့်တဲ့ အချက်တွေပြောပြလာတဲ့ လှနုထွန်း

ခင်ပွန်းဖြစ်သူရဲ့ အချစ်ခံရတဲ့ အကြောင်းတွေကို အမြဲလိုလိုဖော်ပြလေ့ရှိပြီး ပရိသတ်ကြီးရဲ့ အားပေးဝန်းရံမှု တွေကို ခံခဲ့ရသလို ပြစ်တင်ဝေဖန်မှုတွေလဲ ရှိခဲ့ပါတယ်။သူမ တင်တဲ့ စာသားတိုင်းကို မျှဝေကြ ပြောဆိုကြတဲ့ သူမက လူမှုကွန်ယက်စာမျက်နှာတွေမှာ ဆယ်လီဖြစ်လာခဲ့ပါတယ်။ အမှန်ကတော့ သူမက ယခုမှ နာမည်ကြီး လာတာမဟုတ်ပါဘူး ၂၀၁၄ ခုနှစ်ထဲက National Director လှနုထွန်းအဖြစ်နဲ့အလှမယ် တစ်ယောက်ရဲ့ ပြဿနာ ကြောင့် ပရိသတ်တချို့က သူမကိုသိခဲ့ကြပြီး ဖြစ်ပါတယ်။

သူမက ထက်မြတ်တဲ့ မိန်းမတစ်ယောက်ဖြစ်သလို စာတွေကဗျာတွေနဲ့ မှတ်သားစရာတွေကို သူမရဲ့ လူမှု့ကွန်ယက် စာမျက်နှာတွေကနေ ဖော်ပြလေ့ရှိပါတယ်။ ယနေ့မနက် ရေးသားလာတဲ့ မှတ်သားစရာလေးကတော့ အမျိုးသား ထုကြီး အတွက် တကယ့်ကို အသုံးဝင်နိုင်မှာပါ။ သူမ ရေးသားထားတာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

မိန်းမတွေ အတူမအိပ်ချင်တဲ့ ယောင်္ကျား

  • ၁) ရေမချိုး သွားမတိုက်ခေါင်းမလျှော် ဟိုကုတ်ဒီကုတ်လုပ်နေတာ
  • ၂) မနမ်းမပွတ်မဖက် မိန်းမ ဖီးလာအောင် မလုပ်ဘဲ တန်းပြီအတူနေဖို့ကြိုးစားတာ
  • ၃) မိန်းမကို အပေါ်နေမလား အောက်နေမလား ဘေးနေမလား spooning လုပ်စေချင်လား မမေးဘဲ ကိုယ်ကြိုက်တဲ့ အနေအထားကိုပဲ အတ္တကြီးစွာ ကိုယ်အတွက်ပဲလုပ်တာ
  • ၄) ဖုန်းတွေ မက်ဆေ့တွေလာရင် သူမအပေါ် စိတ်ဝင်စားမှုလျော့ပြီး ဘယ်သူလဲ ထကြည့်တာ ကိုင်တာ
  • ၅) ကိုယ် ဘယ်လို နေချင်လဲ အရင်မတိုင်ပင်ဘဲ ခွင့်မတောင်းဘဲ သူမ ကောင်းနေတုန်း ပုံစံပြောင်းတာ ဗိုက်နဲ့တက်ဖိထားတာ
  • ၆) သူမနာမည်ကိုမရွတ်ဘဲ တခြားလူ နာမည် မှားခေါ်မိတာ
  • ၇) သူမရဲ့ ရင်ဘတ် သူ အသားအရည် သူ့လက်မောင်းပေါင် စတဲ့ ကိုယ်လုံးနဲ့ပတ်သက်ပြီး အားငယ်သွားအောင်မှတ်ချက်ချမိတာ
  • ၈) သူမ မကြိုက်တဲ့ ရေမွှေးနံ့ဆွတ်တာ
  • ၉) မျက်လုံးခြင်းမဆုံဘဲ အတူနေတဲ့အခါ ပွေ့ဖက်တဲ့အခါ သူမ အစားတခြားတယောက်ကို မှန်းချစ်နေတယ်လို့ခံစားမိစေတာ
  • ၁၀) အိပ်ပြီးတာနဲ့ကိစ္စပြီးတာနဲ့ ထသွားတာ အိပ်ပျော်သွားတာ အမှန်တော့ မိန်းမတွေက အင်္ကျီ ပြန်မဝတ်ခင် သူတို့ကို ဖက်ထားစေချင်သေးတာ………ဒီလို ဒီလို ချစ်တဲ့ လှနု ဆိုကာရေးသားထားပြီး ဒီစာကိုတော့ သူမ စာတွေဖတ်ပြီး ပြန်လည်ပြောပြရေးသားခြင်း ဖြစ်တယ်လို့လဲ သူ့စာလေးနဲ့ နောက်ဆုံးမှာ ဖော်ပြထားပါသေးတယ်။ အမျိုးသားထုကြီးရေ အချင်းချင်း တီးတိုးမျှဝေသွားဖို့ မမေ့ပါနဲ့။

Source – hla nu tun’s fb

Comments are closed.