ရန်ကုန်မိုးပျံလမ်းစီမံကိန်းအတွက် တင်ဒါအောင်မြင်သည့်ကုမ္ပဏီကို အောက်တိုဘာတွင် အပြီးရွေးမည်

ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းအတွက် တင်ဒါအောင်မြင်သည့်ကုမ္ပဏီကို ယခုနှစ်အောက်တိုဘာလတွင် အပြီးသတ် ရွေးချယ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ပြောကြားသည်။

“ဒုတိယအကြိမ် ဩဂုတ်မှာ ပြန်ဆွေးနွေးသွားမယ်။ စက်တင်ဘာကျရင် ယှဉ်ပြိုင်ရမယ့် သဘောတူညီချက်စာချုပ် ထုတ်ပြန်ပေးရမယ်။ အဲဒါထုတ်ပြန်ပြီး အပြီးသတ်ကို အောက်တိုဘာလထဲ ရွေးချယ်သွားမယ်”ဟု ၎င်းကပြောဆိုသည်။

ရန်ကုန်မိုးပျံလမ်းစီမံကိန်း အပိုင်း (၁) အတွက် မြန်မာ အပါအဝင် ခုနစ်နိုင်ငံမှ ဆန်ခါတင်လျှောက်လွှာ ၁၂ စောင်ရရှိခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဆန်ခါတင်ရွေးချယ် ထားသည့်ကုမ္ပဏီ ၁၀ ခုထဲမှ ပြင်သစ်ကုမ္ပဏီ VINCI Highways ကုမ္ပဏီ သည် လာရောက်ခြင်းမရှိဘဲ Request For Proposal (RFP) မတင်တော့ကြောင်း အတည်ပြုမှသာ ယှဉ်ပြိုင်ခြင်းမရှိတော့ဟု ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ဦးကြည်ဇော်မြင့်က ဆက်လက်ပြောကြားသည်။

စီမံကိန်းကို ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်သည့်စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး မိုးပျံလမ်းစီမံကိန်းအရှည် ၄၇ ဒသမ ၅ ကီလိုမီတာရှိမည်ဖြစ်ပြီး အပိုင်း (၁) အဖြစ် အရှေ့ဘက်အခြမ်း လေးလမ်းသွား လမ်းမကြီး ၁၉ ကီလိုမီတာ၊ အရှေ့နှင့်အနောက် ချိတ်ဆက်ထားသော လေးလမ်းသွား ခြောက်ကီလိုမီတာ၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ဆက်သွယ်ထားသော နှစ်လမ်းသွား ၂ ဒသမ ၅ ကီလိုမီတာ အရှည်ရှိမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

စီမံကိန်းလုပ်ငန်းကို လာမည့် ၂၀၂၀ ဇူလိုင်တွင် စတင်တည်ဆောက်ရန် စီစဉ်ထားပြီး ၂၀၂၃ ခုနှစ်အတွင်း ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

( ယခုဖော်ပြပါသတင်းကို The Voice Daily ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည် )

Unicode

Comments are closed.