Food Box နဲ့ပတ်သက်ပြီး ပေါ်ပင်လုပ်သူတွေကို ဝုန်းလိုက်တဲ့ ပိုပို

Food Box နဲ့ပတ်သက်ပြီး ပေါ်ပင်လုပ်သူတွေကို ဝုန်းလိုက်တဲ့ ပိုပို

အခုတလော အွန်လိုင်းစာမျက်နှာတွေထက်မှာ လူပြောများပြီး စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ကိစ္စနှစ်ခုရှိပါတယ် ။ တစ်ခုကတော့ တစ်ကျော့်နှစ်ကျော့ တေးကိုသီ ကိစ္စဖြစ်ပြီး နောက်တစ်ခုကတော့ Food Box ကိစ္စပဲဖြစ်ပါတယ်။ အခု 8Days မီဒီယာနဲ့အင်တာဗျူးမှာတော့ အဆိုတော်ပိုပိုက Food Box တွေကိစ္စနဲ့ပတ်သက်ပြီးသူရဲ့ အမြင်ကိုပြောပြသွားပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Food Box တွေနဲ့ပတ်သက်ပြီးတော့ ပိုပို က “Food Box က ကောင်းပါတယ်။ အလှူအတန်းက အဆင်မပြေတဲ့သူတွေလည်း စားရတယ်ဆိုတော့ ကောင်းပါတယ်။ ပိုပိုကတော့အားပေးပါတယ်။ ပေါ်ပင်လုပ်တဲ့သူကတော့ ပေါ်ပင်လုပ်မှာပဲလေ တကယ်ကိုစိတ်ထဲမှာရှိလို့ လှူတဲ့သူကလည်း သူ့ဟာသူ လှူမှာပေါ့ ။ ဥပမာကွာ ပေါ်ပင်လုပ်ပြီးတော့ လှူတာမျိုးဆိုလည်း ဘယ်လိုပဲပေါ်ပင်လုပ်လုပ် စိတ်ထဲက စေတနာလေးလဲပါလို့ သူက ပေါ်ပင်လုပ်မှာပေါ့နော်။ ဒီဟာက သူ့ဟာသူ ပေါ်ပင်လုပ်တယ် ဆိုရင်တောင် သူလှူတဲ့မုန့်တွေက သူများစားရတယ်လေ ။ အဲ့ဒါကတော့ လူတိုင်းလူတိုင်း ကတော့ ကိုယ်ကြိုက်တဲ့ပုံစံနဲ့လှူကြတာပေါ့နော် ။တချို့ကြတော့လည်း လူတွေကိုမလှူဘဲနဲ့ ခွေးလေးတွေကိုလှူတာတွေရှိတယ် ။တချို့လူတွေကြတော့လည်း ခွေးလေးတွေကို မလှူဘဲနဲ့ လူတွေကိုလှူဒါရှိတယ် ။စတုဒိသာ ပဲ လှူလှူ Food Boxပဲလှူလှူဘယ်လိုပဲလှူလှူ အလှူတွေဟာ စေတနာ သုံးတန်နဲ့ ညီရင်တော့ မွန်မြတ်တဲ့အလှူတွေချည်းပါပဲ ။”ဆိုပြီးပြောပြသွားပါတယ်။

နောက်ပြီး ဓာတ်ပုံတွေရိုက်တင်ကြတဲ့အပေါ်မှာလည်း “ ပိုပိုကတော့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ မလုပ်သင့်ဘူးထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လှူထားတာပဲလေ ။ ဆိုလိုတာက ဒီလူက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သူ့ဟာသူ ဘယ်လောက်ပဲယူယူ Food Box မှာအားလုံးယူခွင့်ရှိတယ် ဆိုတဲ့အတွက်ကြောင့် သူ့ဟာသူ ယူတာလေနော် ။ဆိုတော့ အဲ့လိုမျိုးစောင့်ပြီးရိုက်တာတော့ ပိုပိုအားမပေးပါဘူး ။ မကောင်းပါဘူး ပြီးတော့ အဓိကက အလှူရှင်တွေရဲ့ စေတနာက လှူဖို့ပဲလေ သူများစားဖို့ပဲ ပြီးတော့မုန့်ဆိုတဲ့ ဟာကကျတော့ ဘယ်သူမှတော့ ယူပြီးတော့ အသားလွတ်ကြီးလွှင့်ပစ်မယ်လို့တော့ မထင်ပါဘူး ။ အဆင်မပြေလို့ ဥပမာပေါ့နော် နေ့ဖို့ညစာ ယူတာလည်းဖြစ်နိုင်သလို သူတို့အိမ်က ကလေးတွေက မိသားစု များလို့ယူတာလည်းဖြစ်နိုင်တယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

Comments are closed.