သင်္ဘောသီးအစေ့များ၏ ထူးတဲ့အာနိသင်များ

သင်္ဘောသီးအစေ့များ၏ ထူးတဲ့အာနိသင်များ

(Zawgyi)

သင်္ဘောစေ့လေးတွေကနေ ဒီလိုကောင်ကျိုးတွေ ရနိုင်ပါတယ်။

သဘောင်္သီးကို အာဟာရဓာတ်တွေ ကြွယ်ဝပြီး အရသာရှိလွန်းတဲ့ အသီးတစ်ခုအဖြစ် လူတိုင်းက လက်ခံထားကြတာပါ။ ဒီအတိုင်းပဲ အသီးမှည့်ကို စားစား၊ အစိမ်းကို သုပ်စားစား၊ မျက်နှာအသားအရေအတွက် ပေါင်းတင်တင် အဘက်ဘက်က အသုံးဝင်တဲ့ အသီးတစ်ခုပါ။ ဒါပေမယ် တော်တော်များများက သဘောင်္သီး အသားကိုသာစားပြီး အစေ့ကို ပစ်လိုက်ကြတာများပါတယ်။ သူတို့ပစ်လိုက်တဲ့ အဲဒီ အစေ့လေးတွေဟာ ဆေးဘက်ဝင်ပြီး ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီးရှိပါတယ်။ ဘာတွေလဲဆိုတာ ကြည့်လိုက်ရအောင်။

( ၁) အင်ဇိုင်းတွေ အများကြီးပါပါတယ်။

သင်္ဘောသီး အစေ့မှာ ကိုယ်တွင်းက ကပ်ပါးကောင်တွေကို ဖယ်ရှားပေးတဲ့ proteolytic enzymes နဲ့ papain ဓာတ်တွေ အများကြီးပါတဲ့အတွက်ကြောင့် သန်ကောင်တွေကိုဖယ်ရှားပေးနိုင်တဲ့ အစွမ်းရှိပါတယ်။

( ၂ ) အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။

သင်္ဘောစေ့မှာ အစာခြေစနစ်အတွက်လိုအပ်တဲ့ အင်ဇိုင်းတွေ ပါတဲ့အပြင် အစာအိမ်တွင်း အစာခြေအက်ဆစ်ဓာတ်ကို ညီမျှအောင်ထိန်းထားပေးလို့ အစာအိမ်အချဉ်ပေါက်တာကို ကာကွယ်ပေးပါတယ်။

( ၃ ) ကိုယ်တွင်း အဆိပ်အတောက်ကို ဖယ်ရှားသန့်စင်ပေးပါတယ်။


( ၄ ) အသည်းရောဂါအတွက်လည်း သူက အထောက်ကူပေးပါသေးတယ်။

အသည်းခြောက်တဲ့ ပြဿနာ ပြန်ကောင်းအောင် ကိုယ်တွင်းစနစ် ကြိုးစားနေတဲ့အချိန်မှာ သဘောင်္သီးတို့ သင်္ဘောစေ့တို့ စားပေးရင် မြန်မြန်ပြန်ကောင်းသွားပါလိမ့်မယ်။ သဘောင်္သီးဖျော်ရည်ထဲ အစေ့ပါ ထည့်ကြိတ်တာဖြစ်ဖြစ်၊ ဒိန်ချဉ်ထဲ သဘောင်္စေ့လေး ထည့်စားတာဖြစ်ဖြစ် လုပ်သင့်ပါတယ်။

( ၅ ) ဘက်တီးရီးယားတွေကို သေစေနိုင်စွမ်းရှိပါတယ်။

ကိုယ်တွင်းမှာ ရှိနေတဲ့ မကောင်းတဲ့ ဘက်တီးရီးယားတွေကို ( အထူးသဖြင့် e.coli) လို ဘက်တီးရီးယားမျိုးကို သဘောင်္စေ့က အလွယ်လေးသတ်နိုင်မယ့်အပြင် အစာအဆိပ်သင့်တဲ့ အခါမျိုးမှာလည်း အဆိပ်အတောက်တွေကို ပြေစေနိုင်တဲ့ အစွမ်းရှိပါတယ်။

( ၆ ) မျိုးပွားနိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။

အာရှနိင်ငံတွေမှာ ကလေးလိုချင်ရင် သဘောင်္သီးစားပေးရတယ်ဆိုတဲ့ အဆိုတစ်ခုရှိပါတယ်။ သဘောင်္သီးက အမျိုးသားတွေရဲ့ သုက်ပိုးထုတ်နိုင်စွမ်းကို မြင့်တက်စေတဲ့အပြင် အမျိုးသမီးတွေရဲ့ သားဥကြွေခြင်းကိုလည်း အားပေးပါတယ်၊.

( ၇ ) ကျောက်ကပ်ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

ကျောက်ကပ်ပျက်စီးတာ၊ ကျောက်ကပ်အဆိပ်သင့်တာနဲ့ ကျောက်ကပ်ရောင်တာစတဲ့ ပြဿနာတွေ ဖြေရှင်းဖို့အတွက် သဘောင်္စေ့က ကူညီပေးဦးမှာပါ။

( ၈ )ကင်ဆာ ရောဂါတွေကနေလည်း ကာကွယ်ပေးပါတယ်။

အားလုံးသိတဲ့အတိုင်း သဘောင်္သီးဆိုတာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတဲ့အသီးတစ်ခုဆိုတော့ အစေ့ဖြစ်တဲ့ သဘောင်္စေ့က ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်မယ်ဆိုတာ လုံးဝကို အသေအချာပဲနော်။

( ၉ ) ဝက်ခြံပြဿနာကိုလည်း ဖြေရှင်းပေးနိုင်မှာပါ။

အခြားနည်းတွေလုပ်ကြည့်တာစုံနေပြီ။ ဝက်ခြံက ခုထိဒုက္ခပေးတုန်းဆိုတဲ့ သူတွေ သဘောင်္ရွက်နဲ့ သဘောင်္စေ့လေးကို ကြိတ်ချေ၊ ရေလေးနည်းနည်းရောပြီး မျက်နှာပေါ် သုတ်လိမ်းပေးပါ။ ခြောက်အောင်ထားပြီး ၁၀မိနစ်ကြာတဲ့အခါ ရေပြန်ဆေးချလိုက်ပါ။ ပြီးရင် ခြောက်အောင်သုတ်ပြီး သုံးနေကျ လိုရှင်းလေးပြန်လိမ်းထားလိုက်ပါ။ တစ်ပတ် တစ်ခါလောက် မှန်မှန်လုပ်ပေးရင် သင့်ဝက်ခြံ ပြဿနာ ကင်းရှင်းသွားမှာ အသေအချာပါ။

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Credit- Hello ဆရာ၀န္

Comments are closed.