ကိုယ်တိုင် မိတ်ကပ် Brand လေးထုတ်ရင် အားပေးကြမှာလား ပရိတ်သတ်ကြီး ဆိုတဲ့ ဇေရဲထက်

ကိုယ်တိုင် မိတ်ကပ် Brand လေးထုတ်ရင် အားပေးကြမှာလား ပရိတ်သတ်ကြီး ဆိုတဲ့ ဇေရဲထက်

ပရိသတ်အားပေးမှုအခိုင်အမာ ရရှိထားတဲ့ မင်းသားချောလေး ဇေရဲထက်ကတော့ ယခုနောက်ပိုင်းမှာ ပိုပြီးလည်း အောင်မြင်လာသလို ပရိသတ်အားပေးမှုလည်း ပိုပြီးတော့ ရလာတဲ့ မင်းသားတယောက်ဖြစ်ပါတယ်။ သိပ်မကြာသေးခင်ကလည်း ဇေရဲထက်တယောက်ကတော့ သူ့ရဲ့ လုပ်အားခလေးနဲ့ အနှစ်နှစ် အလလ စုထားတဲ့ ငွေလေးနဲ့ အရမ်းမိုက်တဲ့ အိမ်တလုံးကို မိသားစုလေးတွေ နေဖို့ ဝယ်ထားတာ ဖြစ်ပါတယ်။ ဒီကိစ္စကိုလည်း ပရိသတ်တွေတော်တော်များများက လေးစား အားကျနေကြတာ ဖြစ်ပါတယ်။

အနုပညာအလုပ်တွင် သာမကပဲ စီးပွားရေးဖက်မှာပါ လုပ်ကိုင်ချင်နေတဲ့ မင်းသားဇေရဲထက် တယောက်ကတော့ လက်ရှိမှာတော့ Skin Care ကောင်းကောင်းလေး သုံးချင်သူများအတွက် ကိုယ်ပိုင် Brand လေးထုတ်ဖို့ စဉ်းစားနေတယ်လို့ ပြောကြားခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း အသားအရေ အရမ်းလှတဲ့သူတယောက်ဖြစ်ပြီး မိန်းကလေးလိုမျိုး နုဖက်နေတဲ့ အသားအရေကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေကလည်း သူ့ကို ဘာလိုမျိုး အသားအရေကို ထိန်းသိမ်းလည်း ဆိုတာကို စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

ဒီလိုမေးခွန်းတွေများတာကြောင့်လည်း ဇေရဲထက်တယောက်ကတော့ သူ့ရဲ့ ဖေ့ဘုတ်အကောင့်မှာ “Skin careကောင်းကောင်းသုံးချင်သူများအတွက် ကိုယ်ပိုင်brandလေး ထုတ်ရင်အားပေးမှာလား။ Side effect လုံးဝမရှိပဲ မျက်နာပေါပြစ်မျိုးမှည့်မထင်တဲ့ ကြည်လင်လှစေမည့် creamများ ယောင်္ကျားလေးသုံးမိတ်ကပ် ပစ္စည်းကိုလည်း ထုတ်ချင်ပါတယ်” ဆိုပြီးတော့ တင်ထားတာ ဖြစ်ပါတယ်။

မင်းသားဇေရဲထက်ကတော့ ကိုယ်တိုင် Brand လေးကိုတော့ ယောကျာ်းလေးသုံး Skin Care တွေ မိတ်ကပ်တွေကို ထုတ်ဖို့ စဉ်းစားထားတာလည်း ဖြစ်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးလည်း မင်းသားဇေရဲထက် တယောက် စိုင်းစိုင်းလိုမျိုး ကိုယ်ပိုင် Brand ထုတ်မယ်ဆိုရင် အားပေးကြဦးမှာလား။ ဇေရဲထက်ကတော့ သူ့အသားအရေ လှပနေသလိုမျိုး တခြားသော ယောကျာ်းလေးတွေကိုလည်း လှပနေစေဖို့ ရည်ရွယ်ပြီးမှ ထုတ်ဖို့ စဉ်းစားနေတာလည်း ဖြစ်ပါတယ်။

Comments are closed.