လူရိုင်းဝတ်စုံနဲ့ ဂေါ် နေတဲ့ ကျော်ကျော်နန္ဒ

လူရိုင်းဝတ်စုံနဲ့ ဂေါ် နေတဲ့ ကျော်ကျော်နန္ဒ

ကျော်ကျော်နန္ဒဟာ အနုပညာလောကထဲမှာ အောင်မြင်မှုရလာတာမကြာသေးဘူးဆိုပေမယ့်လည်းပဲ အနုပညာသက်တမ်းကတော့ ကြာရှည်ခဲ့ပြီလို့ဆိုရမှာပါ။ ကျော်ကျော်နန္ဒက အနုပညာလောကထဲကသူတော်တော်များများနဲ့သိသလို လုပ်ဖော်ကိုင်ဖက်တွေရဲ့ ချစ်ခင်လေးစားခြင်းကိုခံရသူဖြစ်ကြောင်းလည်းသိရပါတယ်။ အခုအချိန်မှာ အဆိုတော်သရုပ်ဆောင်တစ်ဦးဖြစ်နေပြီဖြစ်တဲ့ ကျော်ကျော်နန္ဒက ပရိသတ်တွေရဲ့အားပေးမှုအများအပြားကိုလည်းရရှိထားသူပါ။

ကျော်ကျော်နန္ဒဟာ လက်ရှိမှာ အနုပညာအလုပ်တွေကိုဇယ်ဆက်သလိုလုပ်နေပြီး ပရိသတ်တွေနဲ့ ထိတွေ့ရတဲ့ ပွဲတက်တွေလည်း အများအပြားတက်ရောက်နေသလို သီချင်းအသစ်တွေလည်းလုပ်နေပြီး ပရိသတ်ကိုချပြဖို့အဆင်သင့်ဖြစ်နေပြီလို့သိရပါတယ်။ အခုလည်း ကျော်ကျော်နန္ဒက သီချင်းအသစ်လေးအတွက် cover ရိုက်နေတဲ့ video အတိုလေးကို သူ့ရဲ့လူမှုကွန်ုယက်မှာတင်ပေးလိုက်ပြန်ပါပြီ။ အဲဒီသီချင်းလေးရဲ့ နာမည်ကတော့ “ဟစ်ကြွေးမယ့် နေ့သစ်”လို့ အမည်ရပါတယ်။

သီချင်းက မြူးမြုူးလေးဖြစ်ပုံရပြီး ကျော်ကျော်နန္ဒက video ထဲမှာ ပရိသတ်တွေမထင်မှတ်ထားအောင်လုပ်ပြတတ်တဲ့ သူ့စတိုင်အတိုင်းပဲ တောတွင်းသားဝတ်စုံလိုလိုလူရိုင်းဝတ်စုံလိုလိုဟာမျိုးတွေနဲ့ ကကွက်ဆန်းတွေကပြလိုက်ပါတယ်။ မျက်နှာမှာလည်း မိတ်ကပ်ကိုတစ်ခြမ်းစီခြယ်သထားတာမို့ နိုင်ငံတကာက music video တွေလိုပဲ အရမ်းကြမ်းတဲ့ video တစ်ခုဖြစ်လာတော့မယ်လို့ ပရိသတ်တော်တော်များများက ခန့်မှန်းထားကြပါတယ်။ ကျော်ကျော်နန္ဒရဲ့ video လေးဟာ ခဏတွင်းချင်းမှာတင် ကြည့်ရှု့သူ ရှစ်သောင်းကျော်သွားခဲ့ပြီး ပြန်လည်မျှဝေသူတွေလည်း နှစ်ထောင်နီးပါးရှိခဲ့ပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက်ကျော်ကျော်နန္ဒရဲ့ ဟစ်ကြွေးမယ့်နေ့သီချင်းသစ်လေးရဲ့ cover ရိုက်နေတဲ့ video လေးကိုဖော်ပြပေးလိုက်ပါတယ်။

E.T.Sပရိသတ်ကြီးရော ကျော်ကျော်နန္ဒကို ချစ်ကြလား။ကျော်ကျော်နန္ဒရဲ့ သီချင်းအသစ်ထွက်လာရင်ရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Comments are closed.