“တရားဘာကြောင့် ထိုင်ရလဲ? “တရားထိုင်ရတဲ့ ရည်ရွယ်ချက်”

“တရားဘာကြောင့် ထိုင်ရလဲ? “တရားထိုင်ရတဲ့ ရည်ရွယ်ချက်”

“တရားထိုင်ရတဲ့ ရည်ရွယ်ချက်”

တရားဘာကြောင့် ထိုင်ရလဲ။

တရားထိုင်ရတဲ့ ရည်ရွယ်ချက် ကို ကမ္မဌာန်းဆရာ ဦးကေသာဦး ရဲ့တရားစခန်းတစ်ခုမှ ဟောပြောချက်များ ကိုးကားတင်ပြ၍ ကုသိုလ်ပြုပါသည်။

(ခန္ဓာ-၅ပါးတစ်ဦ:)

တရားအတွေ့အကြုံ မရှိရင် တရားထိုင်တဲ့ ကိစ္စကို ထူးဆန်းတယ်လို့လဲ ထင်တယ်။ လုပ်ကြံထားတယ်လို့လဲ ထင်တတ်တယ်။ တရားထိုင်စရာ မလိုဘူး၊ ဒါတွေဟာ အပိုပဲလို့လဲ ထင်တတ်တယ်။တရားရဲ့ ရည်ရွယ်ချက်သည် ဘဝတစ်ခု ခန္ဓာတစ်ခု ရလာရင် တစ်နေ့ သေရမှာဖြစ်တယ်။ သေရမယ့် ခန္ဓာကိုယ်ကြီး ရထားတာ ဖြစ်တဲ့အတွက် ဒါကို မေ့ထားလို့ မရဘူး။ လောကီအာရုံ ကာမဂုဏ်တွေနဲ့ အချိန်ကုန်လို့ မရဘူး။

အဲဒီလို အချိန်ကုန်ပြီး သေသွားရင် အပါယ်ကျလိမ့်မယ်။ သေခြင်းတရားဟာလည်း ကိုယ့်နားမှာ အမြဲကပ်နေတယ်။ အဲဒီအတွက်ကြောင့် တရားကျင့်တယ်ဆိုတာ ဘဝတစ်ခု ခန္ဓာတစ်ခုရဲ့နိဂုံးအဆုံး နောက်ဆုံးထွက်သက်ရဲ့ စာမေးပွဲဖြေခြင်းအတွက်ကြိုတင်လေ့ကျင့်ရခြင်း ဖြစ်တယ်။ နောက်ဆုံးထွက်သက် သေခြင်းမှာ လေ့ကျင့်ထားခြင်း မရှိရင် အားလုံးဟာ အပါယ်ကိုသေချာပေါက်ပြန်ရတယ်။နောက်ဆုံးထွက်သက်မှာ ဝိပဿနာ ဘာဝနာတရားမပါရင် အပါယ်ကိုပြန်ရပါတယ်။ ဒီနေရာမှာ မေးမြန်းစရာလဲ ရှိသလို၊ တွေးစရာ စဉ်းစားစရာလဲ ဖြစ်နေတတ်ပါတယ်။

ဘာဝနာတရားမှ မပါခဲ့ရင် ၊ကံတရားတွေနဲ့ နိဂုံးချုပ်လို့ သေသွားရင် ကံဒါန၊ ကံသီလတွေ နဲ့ သုဂတိဘုံတော့ ရောက်ပါတယ်၊ သို့သော်လည်း သူ့ရဲ့ နောက်ဆုံး ကတိက မမြဲဘူး။ကံနဲ့ ရောက်သွားတာ ဖြစ်တဲ့အတွက် ဉာဏ်မပါဘူး။ ဉာဏ်ဆိုတာ ဘာဝနာအလုပ်၊ အခုလို ဝိပဿနာ ဘာဝနာအလုပ်ပဲ၊ ခန္ဓာကိုယ်တွေ့ တရားပဲ။ အဲဒီခန္ဓာကိုယ့်တွေ့ ဘာဝနာတရားကို လေ့ကျင့်ထားခြင်း မရှိပဲနဲ့ ကံကုသိုလ်၊ ကံသီလတွေနဲ့ ဉာဏ်မပါပဲ ဘဝကို နိဂုံးချုပ်မယ်ဆိုရင်တော့ သုဂတိဘုံကို ရောက်ရှိစေတယ်။

သို့သော်လည်း သူ့ရဲ့ ဘဝနိဂုံး … ခန္ဓာရတဲ့ ဘဝ … လူပဲရရ၊ နတ်ပဲရရ၊ ဗြဟ္မာပဲရရ..ရတဲ့ဘဝမှာ နောက်ဆုံးတစ်ခါ ထွက်သက်ကျရင် ဘာဝနာဉာဏ် မပါတဲ့အတွက် လားရာဂတိသည် အပါယ်ကိုပဲ ပြန်ကျစေပါတယ်။ သူက တဒင်္ဂကံနဲ့တော့ သုဂတိဘုံကို ရောက်တယ်။ ဘာဝနာတရားဖြစ်တဲ့ ဝိပဿနာတရားကတော့ အပါယ်တံခါးကို လုံးဝပိတ်သွားတာ။

နောက်ဆုံးထွက်သက်မှာ ခန္ဓာရဲ့ ဖြစ်ခြင်းပျက်ခြင်း၊ နဲ့ဤသည်က ရုပ်၊ ဤသည်က နာမ်၊ ဤသည်က ပညတ်၊ ဤသည်က ပရမတ်ဆိုတဲ့ အဲဒီသဘောတရားတွေကို ကျင့်တဲ့ ပုဂ္ဂိုလ်များသာလျှင် သိပြီး ရှုပြီး နိဂုံးချုပ်သွားတာ ဖြစ်တဲ့အတွက် ဘဝကူးမှာ လောဘ၊ ဒေါသ၊ မောဟ၊ မာန ချုပ်ငြိမ်းကာ ဒုဂတိဘုံ အပါယ်တံခါးပိတ်ပြီး ပရမတ်သဘောတရားကို ဉာဏ်မြင်အသိ နဲ့ သေသွားတာဖြစ်တဲ့အတွက် လားရာဂတိသည် သုဂတိဘုံ လူ၊ နတ်၊ ဗြဟ္မာကို ရောက်ရှိစေပါတယ်။ ခံစားရစေတယ်။ဘာ့ကြောင့် လောကမှာ လူသားတိုင်း သေတတ်အောင် ဘာဝနာတရားတွေကို လေ့ကျင့်မသွားလဲဆိုတော့ မသိကြလို့ … မသိကြလို့ပါ။မသိကြတဲ့ အခါကျတော့ ကြိုတင် မလေ့ကျင့်ဘူး။

ဥပမာ..စာမေးပွဲ အောင်ချင်ရင် စာကိုကြိုကျက်ရတယ်။ အဲဒီလိုပါပဲ သေတတ်ချင်တယ်ဆိုရင် သေတတ်အောင် တရားကြိုတင်လေ့ကျင့်ထားရတယ်။ လေ့ကျင့်မှုမပါပဲနဲ့ ဘယ်နေရာမှ မအောင်မြင်ဘူး။ဒီ ဥပမာ တွေကိုသာ နားလည်မယ်ဆိုရင် လောကမှာ သေသွားတဲ့ ပုဂ္ဂိုလ်တို့ဟာ လောကီနေရေးကိုသာ ဦးစားပေးပြီး ရှာဖွေသွားကြတာ သေခါနီးလူဟာ သူရဲ့ နိဂုံးချုပ်သွားတာ မပြောပြနိုင်တာ ဖြစ်တဲ့အတွက် ကျန်ရစ်သူတို့ဟာ မေ့မေ့ပျောက်ပျောက်နဲ့ ရှေ့လူတွေလို ဒီအသိနဲ့ပဲ ဒီလိုသေဆိုတော့ သေတဲ့သူကသာ ပြန်ပြောတတ်မယ်ဆိုရင် ကျန်ရစ်သူတွေက ဒီလိုမနေရဲတော့ဘူး။

ဘာကြောင့်လဲဆိုတော့ သေတဲ့သူသည် နောက်ဆုံးထွက်သက်မှာ သူ့ဒုက္ခကို လူမသိဘူး။ သေသွားပြီးတဲ့နောက် ပြန်ပြောပြလို့ မရတဲ့အတွက် ကျန်ရစ်သူတွေကလဲ ဒီအတိုင်းပဲ နေကြတယ်။အဲဒီလိုပဲ ကံဒါန၊ ကံသီလတွေကိုပဲ အားကိုးနေကြတယ်။ လောကီကိုပဲ အဟုတ်ထင်ပြီး နင်လားငါလား၊ ကြိုးစားနေကြတယ်၊ သေဖို့အရေး အတွက်ကို မေ့ထားကြတယ်၊ သေဖို့ အတွက်ကို ကြိုတင် မပြင်ဆင်ထားကြပါဘူး။

အခုကျတော့ ကံပေါ်လာပြီ အဖေအမေ အဘိုးအဘွား၊ညီအစ်ကိုမောင်နှမ ပတ်ဝန်းကျင်မှာ အတူတကွ နေထိုင်ရသော်လည်း တစ်ယောက်နဲ့တစ်ယောက် ကံတရားတွေ မတူကြဘူး။အတိတ်က ဖြည့်စည်းခဲ့တဲ့ ဘာဝနာတရားတွေ မတူကြဘူး။ မတူကြတဲ့အတွက်လည်း ထူးခြားစွာ ကျင့်နေကြရတယ်။ အခု ဝိပဿနာ ဘာဝနာတရားဆိုတာ ခန္ဓာထဲက အမှန်ရှိတဲ့ သဘောတရားကို ကိုယ်တိုင်ထိုင်ပြီး ကြည့်တဲ့အခါကျတော့ သဘာဝသဘောတရားတွေကို ဉာဏ်မှာမြင်သွားကြပါတယ်။

သဘာဝ သဘောတရားက ငါမဟုတ်ပါလား၊ သူ့ဖာသူဖြစ်တယ်၊ သူဖာသူ ပျက်တယ်၊ သူ့ဖာသူ ပူတယ်၊ သူ့ဖာသူ အေးတယ်၊ သူ့ဖာသူ ကိုက်တယ်၊သူ့ဖာသူ ထုံတယ် မျိုးစုံသော ခန္ဓာထဲက ဖော်ပြသမျှအရာတို့သည် ငါမဟုတ်ဘူးပါလားဆိုတာကို တရားထိုင်ပြီး စောင့်ကြည့်တယ်။ တရားထိုင်ပြီး လေ့ကျင့်တာ။သူ့သဘာဝကို သိအောင် ကြိုးစားတာ။ သူ့သဘာဝ သိတဲ့အခါကျတော့ လှုပ်စရာလဲ မလိုတော့ဘူး။ ထ သွားစရာလဲ မလိုတော့ဘူး အမှန်သဘာဝတွေကို တရားကျင့်တဲ့ပေါ်က သမာဓိအားနဲ့ သည်းခံလို့ ဉာဏ်မြင်သွားရင် အဲဒီပုဂ္ဂိုလ်ဟာ အပါယ်တံခါး ပိတ်သွားပြီ။

အဲဒါကြောင့် အကျဉ်းချုပ်အနေနဲ့ မှတ်ထားရမှာက ဘာကြောင့်ထိုင်ရလဲဆိုရင် နောက်ဆုံးထွက်သက်ရဲ့ သေခြင်းစာမေးပွဲကို ကြိုတင်ပြီးတော့ သေတတ်အောင် အသေသင်တန်းတတ်တာပါ..ဘဲ။ကြိုတင်တရားထိုင်ပြီး နောက်ဆုံးထွက်သက်ရဲ့ စာမေးပွဲကို ဖြေနိုင်အောင် စာကြိုကျက်တာပါ…ဘဲ။

အဲဒါကြောင့် ဝိပဿနာတရားကို အားထုတ်မယ်ဆိုရင် ကိုယ်တိုင် ရှာဖွေထားတဲ့ ကိုယ်ယုံကြည်တဲ့ ဆရာကောင်းနဲ့တွေ့လို့ ပြောတဲ့အတိုင်းကို ဆုံးမတဲ့အတိုင်း သေချာနားထောင်ပြီး လေ့ကျင့်မယ်ဆိုရင် ဒီဘဝ ဒီခန္ဓာနဲ့ အပါယ်တံခါးပိတ်ကာ နောက်ဆုံး သုဂတိဘုံကို ရောက်ရှိမှာ အသေခြာပါဘဲ။နိဗ္ဗာန်ကို မျက်မှောက်ပြုမှာ အသေချာပါဘဲ။သာဓု၊သာဓု၊သာဓု။မူရင်းရေးသားသူအား လေးစားစွာဖြင့်ခွက်ဒစ်ပေးပါသည်။

Comments are closed.