စနေ သားသမီးတွေအတွက်ကတော့ ဒီနှစ် (၂၀၁၉) ခုနှစ်ဟာ ကံအကောင်းဆုံး နှစ်တစ်နှစ်

စနေ သားသမီးတွေအတွက်ကတော့ ဒီနှစ် (၂၀၁၉) ခုနှစ်ဟာ ကံအကောင်းဆုံး နှစ်တစ်နှစ်

စနေ သားသမီးတွေအတွက်ကတော့ ဒီနှစ် (၂၀၁၉) ခုနှစ်ဟာ ကံအကောင်းဆုံး နှစ်တစ်နှစ် ဖြစ်ပါတယ်။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အချစ်ရေး ဒီထက်ပိုကောင်းလာအောင် ယတြာ လေးပါ မျှဝေပေးလို“က်ပါတယ်နော် “

၂၀၁၉ ခုနှစ် အတွက် ကံကောင်းစေသော နေ့သားများတွင် စနေသားသမီးများလည်း အပါအဝင်ဖြစ်သည်။ယခု နှစ်တွင် စနေသားသမီးများသည် စီးပွားရေးနှင့်ပတ်သတ်ပြီးအောင်မြင်နိုင်သောအချိန်အခါ ဖြစ်သည်။မိမိအလုပ်အကိုင်မှ အကျိုးအမြတ်များထူခြားစွာရနိုင်သော နှစ်လဲဖြစ်သည်

ဤနှစ် သည် စနေသားသမီးများအတွက် နာမည်ဂုဏ်သတင်းကျော်စောခြင်းများ ၊ လုပ်ငန်းနှင့်ပတ်သတ်ပြီးအောင်မြင်ကျော်ဇောသောဂုဏ်သတင်းများဟိုးဟိုးကျော်နေတတ်သောအချိန်ကာလဖြစ်ပါသည်။ငွေကြေးရင်းနှီးမြှပ်နှံမှုတွေ လုပ်ကိုင်ပါ။ ကိုယ်ပိုင်လုပ်ငန်းတွေ တိုးချဲ့ပါ။ ဘာသာရေးလိုက်စားပါ။သီလသမာဓိတည်မြဲရန် အထူးလိုအပ်ပါသည်။

မည်သည့် လုပ်ငန်းကိုမဆို ဖြတ်လမ်းနည်း ၊ မသမာနည်းလမ်းများဖြင့် မကောင်သောလုပ်ရပ်များကိုတော့ လုပ်ကိုင်၍ မရပါ။လုပ်ကိုင်မိပါက နှစ်ရှည် ဒုက္ခရောက်တတ်သည်။

ကိုယ်ကျင့်သိက္ခာချိုးဖောက်ခြင်းမျိုးကိုတော့ ရှောင်ကျဉ်ပါ။

လုပ်ငန်းပြောင်းရွှေ့မည့်သူများ၊ နေရာထိုင်ခင်းပြောင်းရွှေ့မှု ပြုလုပ်မည့် သူများအဖို့ အလွန်ကောင်းမွန်သော နှစ်တနှစ် ဟုဆိုရပါမည်။ဓာတ်ဆီ ၊ဒီဇယ် လုပ်ငန်းလုပ်ကိုင်နေသူများ ၊ အထည်အလိပ်လုပ်ကိုင်နေသူများ ၊ ထီး ၊ဖိနပ် နာရီဆိုင် ၊ ထမင်းဆိုင်၊ အုတ်လုပ်ငန်း၊ အိမ်ဆောက်ပစ္စည်းဆိုင်

ဖွင့်ထားသူများအရောင်းအဝယ်ကောင်းမွန်သော နှစ်ဖြစ်ပါသည်။ဆိုင်ခန်းဖွင့်လှစ်မည့် သူများအတွက် တော့ မြောက်အရပ်ကိုမျက်နှာလှည့်ပြီးမဖွင့်ရန် အထူးသတိပြုပါ။

မိမိ၏ လုပ်ငန်းပိုင်းတွင် အမျိုးသမီးအကူအညီရတတ်သလိုအမျိုးသမီးကြောင့်လဲမိမိ၏လုပ်ငန်းများမိမိ၏နာမည်ဂုဏ်သတင်းများပျက်စီးတတ်ပါသည်။ အမျိုးသမီးနှင့်ပတ်သတ်ပြီးအဓိကနှင့် သာမညခွဲခြားတတ်ပါစေ။

မိမိအနေနှင့်လူမျိုးခြားဘာသာခြားအကျိုးပေးသောကာလဖြစ်သည်။

အောက်လက်ငယ်သားအကျိုးပေးသောကာလဖြစ်ပါသည်။မိသားစုကိစ္စလေးတော့ စိတ်ညစ်စရာပေါ်သည်။ မြေကိစ္စ၊ အမွေကိစ္စ နှင့်ပတ်သတ်ပြီးစကားပြောဆိုစရာလေးတွေ ကြုံနေရတတ်ပါတယ်။

ငွေဝင်စရာကိစ္စတွေကြုံသလိုငွေကြေးအကုန်ကြလေးတွေလဲများနေတတ်ပါသည်။ငွေကြေးချေးငှားခြင်းမျိုးတော့ ရှောင်ကျဉ်ပါ။ အကြီးအကဲနှင့်ပတ်သတ်ပြီးငွေကြေးကိစ္စများအကုန်အကြများတတ်သည်။

မိခင် ၊ အစ်ကို ၊အစ်မတို့နှင့် ပတ်သတ်ပြီးစိတ်ညစ်လေးတော့ရှိနေတတ်သည်။ မိသားစုချင်းအချင်းချင်းစကားပြောစရာလေးတွေကြုံရတတ်သည်။ပတ်ဝန်ကျင်နှင့်စကားနိုင်လုရတတ်သည်။ ရွှေဝင်ကိန်းရှိခဲ့သည်။ အပျိုလူပျိုများအချစ်ရေးနှင့်ပတ်သတ်ပြီးဆန်းပွင့် နေရတတ်ပါသည်။

မိမိအချစ်ရေးနှင့် ပတ်သတ်ပြီးမိမိစိတ်ကြိုက်ရွေးချယ်နေရတတ်သည်။ အိမ်ထောင်ပြုမည်ဟုရည်ရွယ်ထားသူများလဲအိမ်ထောင်ပြုဖြစ်ပါလိမ့်မည် ။အိမ်ထောင်ရှိသူများအနေနှင့် မိမိအိမ်ထောင်ရေးကိစ္စလေးတွေမှာတော့ လင်နဲ့မယားရှာနဲ့သွားဆိုသလိုအိမ်တွင်းပြဿနာလေးတွေရှိတတ်ပါသည်။

တယောက်ကိုတယောက် နားလည်မှုထားရန် လိုအပ်ပါသည်။ ငွေကြေးကိစ္စလေးတော့ အနည်းငယ်စိတ်ညစ်စရာ ကြုံနေရပါလိမ့်မည်။ဤနှစ်သည် လူမှုရေးအတိုက်အခံများသောအချိန်ဖြစ်သည်။ ဒါကြောင့် မိမိတို့အနေနှင့် စကားပြောဆင်ခြင်ပေးရမည်။ကျန်းမာရေးကိစ္စလေးတွေမှာတော့


ယတြာ။ ။ အုန်း(၁)ညွှန့် ၊ ပျဉ်းမ(၅)ညွှန့် ဘုရားလှူ လိုရာဆုတောင်းပါ။

အကျိုးပေးသောအရောင် ။ ။ အနီရောင်၊ အဝါရောင်

အကျိုးပေးသောဂဏန်း။ ။ ၁၊၅၊၇၊၃

Comments are closed.