လည်ပင်းကြီးရောဂါကို ကာကွယ်ပေးနိုင်ပြီး သွိုင်းရွိုက်လုပ်ဆောင်မှုတွေကို အားကောင်းစေတဲ့ နေကြာစေ့

နေကြာစေ့လေးတွေက သေးပေမယ့် အာဟာရဓာတ်တွေအများကြီးပါဝင်နေပါတယ်။ ဗီတာမင် E ၊ ဗီတာမင် B6 ၊ ဗီတာမင် B1 ၊ ဗီတာမင် B3 ၊ မဂ္ဂနီဆီယမ်၊ Selenium ၊ Phosphorus၊ မဂ္ဂနီဆီယမ်၊ ကော့ပါးနဲ့ ဖောလစ်ဓာတ်တို့ ကြွယ်ဝစွာပါဝင်နေပါတယ်။

Fatty အက်ဆစ်ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်တာကြောင့် နှလုံးကိုလည်း အားကောင်းစေပါတယ်။ အဲ့ဒီအပြင် သွိုင်းရွိုက်ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း အားကောင်းစေပါတယ်။

သွိုင်းရွိုက်လုပ်ဆောင်ချက်တွေကို မြှင့်တင်ပေး-

နေကြာစေ့မှာ သွိုင်းရွိုက်ရဲ့လုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးနိုင်တဲ့ ဓာတ်တွေပါဝင်ပါတယ်။ လည်ပင်းကြီးရောဂါတွေထဲမှာ အဖြစ်များတာက Hypothyroidism နဲ့ Hyperthyroidism တို့ဖြစ်ပြီး Selenium ဓာတ်မလုံလောက်မှုကြောင့်ဖြစ်တာများပါတယ်။ နေကြာစေ့မှာ Selenium ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် လည်ပင်းကြီးရောဂါ ဖြစ်ပွားမှုတွေကို ကာကွယ်ပေးနိုင်ပြီး ဇီဝကမ္မဖြစ်စဉ်ကိုလည်း ထိန်းညှိပေးပါတယ်။

နှလုံးရောဂါဖြစ်ပွားနိုင်ချေကို လျော့ချပေး-

ဗီတာမင် E ကြွယ်ဝစွာပါဝင်တာကြောင့် နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ၊ လေဖြတ်တာတွေကိုလည်း ကာကွယ်ပေးပါတယ်။ မကောင်းတဲ့ ကိုလက်စထရောကိုလည်းလျော့ကျစေပြီး နှလုံးရောဂါ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးပါတယ်။

ကင်ဆာရောဂါကိုလည်း ကာကွယ်ပေး-

နေကြာစေ့မှာ Antioxidants၊ ဗီတာမင်ဓာတ်တွေနဲ့ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် ကင်ဆာဖြစ်ပွားမှုကို ဖြစ်စေတဲ့ Oxidative Stress ကို လျော့နည်းစေပါတယ်။

အရိုးပွမှုကိုလည်း တိုက်ဖျက်ပေးနိုင်-

မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် အရိုးပွမှု ဖြစ်ပွားမှုကိုလည်း လျော့ချပေးနိုင်ပါတယ်။ အဲ့ဒီအပြင် မဂ္ဂနီဆီယမ်ဓာတ်က ခေါင်းကိုက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ စိတ်ဖိစီးမှု၊ စိတ်လှုပ်ရှားမှု စတာတွေကိုလည်း လျော့ပါးသက်သာစေပါတယ်။

Credit-MyFood Myanmar

(Unicode)

Comments are closed.