မေမေအေသင်ကိုကြည့်ပြီး စိတ်ကုန်လာလို့ ရိပ်သာသွားတော့မယ်ဆိုတဲ့ Ivy လေး

မေမေအေသင်ကိုကြည့်ပြီး စိတ်ကုန်လာလို့ ရိပ်သာသွားတော့မယ်ဆိုတဲ့ Ivy လေး

အိုင်ဗီလေးရေ အရမ်းတွေကို ချစ်စရာကောင်းတဲ့ ပုံစံလေးနဲ့မြင်တွေ့ရလို့ ပရိသတ်တွေက စိတ်မခိုင်တော့တာ အမှန်ပဲနော်။ အေသင်ချိုဆွေကတော့ သမီးလေး အိုင်ဗီကို ထိန်းကျောင်းရင်းနဲ့ တနေ့ထက်တနေ့ မိခင်မေတ္တာတွေ ဆထက်တပိုးတိုးလာတာကို မြင်တွေ့ရမှာပါနော်။

Single Mom အဖြစ် ရပ်တည်နေပြီးတော့ သမီးလေးအတွက် မိခင်အဖြစ်ရော၊ ဖခင်အဖြစ်ပါ ရှိနေပေးတဲ့ အေသင်ချိုဆွေဟာ သတ္တိရှိတဲ့ မိခင်ကောင်းတစ်ဦးပါပဲနော်။

အိုင်ဗီလေးကို ပရိသတ်တွေက စတွေ့စဉ်ချိန်တည်းက သည်းသည်းလှုပ်ချစ်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ တနေ့တခြား ကြီးလာသလောက် သိတတ်လာတဲ့ အိုင်ဗီလေးရဲ့ ပုံစံမျိုးစုံနဲ့ အိုက်တင်တွေကိုလည်း ပရိသတ်ကြီးမြင်တွေ့ကြရမှာပါနော်။ မေမေအေသင်ရဲ့ အသည်းတစ်ခုလုံးဖြစ်နေတဲ့အပြင် မိသားစုတစ်ခုလုံးရဲ့ သည်းသည်းလှုပ်ချစ်ခံနေရတဲ့ အိုင်ဗီလေးကတော့ တကယ်ကို ကံကောင်းတဲ့ သမီးလေးပါပဲ။

ဒီနေ့မှာတော့ မေမေအေသင်အပြင် ပရိသတ်တွေကိုပါ အိုင်ဗီလေးက ပုံလေးတွေနဲ့ အသည်းယားစေခဲ့ပါတယ်။ မေမေအေသင်ကတော့ ” ဒီမှာလည်းကြည့်ကြဦး ရိပ်သာသွားတော့မယ်တဲ့မေမေကိုကြည့်ပီးစိတ်ကုန်လာပြီတဲ့

အိုင်ဗီလေးရေ ရိပ်သာမသွားပါနဲ့ဦးနော်။ ပရိသတ်ကြီးက ချစ်လို့မဝသေးပါဘူးတဲ့။

Photo – Athen Cho Swe

Comments are closed.