မွေးပြီးချင်း,အိပ်ထဲထည့်ပြီး စွန့်ပစ်ခံခဲ့ရတဲ့ကလေးကို၊ အချိန်မီကယ်တင်နိုင်ခဲ့တဲ့ ရဲတပ်ဖွဲ့

မွေးပြီးချင်း,အိပ်ထဲထည့်ပြီး စွန့်ပစ်ခံခဲ့ရတဲ့ကလေးကို၊ အချိန်မီကယ်တင်နိုင်ခဲ့တဲ့ ရဲတပ်ဖွဲ့

ချက်ကြိုးတန်းလန်းနဲ့ မွေးကင်းစကလေးငယ်တစ်ယောက်ဟာ အိတ်ထဲမှာအထည့်ခံရပြီး၊ တောစပ်တစ်ခုအတွင်းမှာ စွန့်ပစ်ခံခဲ့ရပါတယ်။ ကံကောင်းလွန်းတဲ့ ကလေးငယ်ကို ရဲတပ်ဖွဲ့က အချိန်မီကယ်တင်နိုင်ခဲ့ပြီး၊ မိခင်အရင်းကို ရာဇဝတ်မှုအရ အရေးယူဖို့ ရှာဖွေနေပါတယ်။

ဒီအဖြစ်အပျက်ဟာ အမေရိကန် ဂျော်ဂျီယာက သစ်တောစပ်ဧရိယာ၊ Forsyth County Sheriff’s Office ရဲ့ အပိုင်နယ်မြေအတွင်းမှာ ဖြစ်ပွားခဲ့တာပါ။ ရဲတပ်ဖွဲ့ဝင်ရဲ့ Body cam ကလည်း ရဲတွေ ကလေးကို ကယ်ဆယ်နေတဲ့ အဖြစ်အပျက်ကို မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။

ကလေးရဲ့ခန္ဓာကိုယ်မှာ သွေးစသွေးနလေးတွေက ခြောက်တောင် မခြောက်သေးတဲ့အတွက်၊ မိခင်အရင်းဖြစ်သူဟာ မွေးမွေးပြီးချင်း ရည်ရွယ်ချက်ရှိရှိ စွန့်ပစ်ခဲ့တာမို့၊ အနီအနားဝန်းကျင်မှာနေထိုင်သူပဲ ဖြစ်နိုင်တယ်လို့ ကောက်ချက်ချရပါတယ်။ ဒါမှမဟုတ်ရင် သူမလည်း ဝေးဝေး ပြေးနိုင်မှာ မဟုတ်လောက်သေးပါဘူး။

ရဲသားကြီးက အိတ်ကို ဂရုတစိုက်ဖွင့်ရင်း ” တောင်းပန်ပါတယ် ကလေးရယ် .. တောင်းပန်ပါတယ် … ကြည့်စမ်းပါဦး … မင်းက အဖိုးတန်ရတနာလေးပဲ “လို့ ပြောလိုက်တာကို ရှင်းရှင်းလင်းလင်း ကြားရပါတယ်။ ဒီအဖြစ်ပျက်ဟာ ဇွန်လ (၆)ရက်နေ့မှာ ဖြစ်ခဲ့တာပါ။

ကလေးရဲ့ငိုသံဟာ မာမာထောင်ထောင်ရှိတဲ့အတွက် ကလေးကတော့ အတော်လေး ကျန်းမာပုံရှိပါတယ်။ မိန်းကလေးပါ။ ရဲတွေကတော့ ကလေးမလေးကို အင်ဒိယ (အိန္ဒိယ)ဆိုပြီး နာမည်ပေးလိုက်ပါတယ်။ ရဲတပ်ဖွဲ့က ကလေးမလေးကို Georgia Department of Family and Children Services ဆီပို့ပေးထားပါတယ်။

Comments are closed.