(၅၅)နှစ်ပိုကြီးတဲ့ အဖိုးနဲ့လက်ထပ်ရလို့ အရင်ကထက် ပိုပျော်နေတယ်ဆိုတဲ့ ကောင်မလေး

(၅၅)နှစ်ပိုကြီးတဲ့ အဖိုးနဲ့လက်ထပ်ရလို့ အရင်ကထက် ပိုပျော်နေတယ်ဆိုတဲ့ ကောင်မလေး

(၅၅)နှစ်ပိုကြီးတဲ့ အဖိုးနဲ့လက်ထပ်ရလို့ အရင်ကထက် ပိုပျော်နေတယ်ဆိုတဲ့ ကောင်မလေး

လက်ရှိအချိန်မှာ အသက်(၂၄)သာရှိသေးတဲ့ အမျိုးသမီးငယ်တစ်ယောက်ဟာ သူမရဲ့ အဖိုးအရွယ် အသက်(၅၅)နှစ်ပိုကြီးတဲ့ အမျိုးသားကြီးနဲ့ လက်ထပ်လိုက်ရလို့ သူမအနေနဲ့ အရင်ကထက် ပိုပျော်ရွှင်စရာကောင်းတဲ့ဘဝကို ပိုင်ဆိုင်ထားရတယ်လို့ သူမက ပြောပါတယ်။

သူမရဲ့နာမည်ကတော့ Alexis Tadlock ဖြစ်ပြီး အမေရိကန် Arkansas ပြည်နယ်သူတစ်ယောက်ပါ။ ခင်ပွန်းသည်အဖိုးအိုကတော့ အသက်(၇၉)နှစ်ဖြစ်ပြီး၊ နာမည်ကတော့ Charles ဖြစ်ပါတယ်။ နှစ်ဦးသား မြေအဖိုးလို့ လူတွေက ခဏခဏထင်ကြပေမယ့် သူမကတော့ ကိစ္စမရှိပါဘူးတဲ့။

တစ်ခါတလေမှာတော့ Alexis ကို Charles က ငှားထားတဲ့ သူနာပြုတစ်ယောက်လို့ ထင်ကြပါတယ်တဲ့။ အခုအခါမှာတော့ လင်မယားနှစ်ယောက်စလုံးဟာ အပေးအယူမျှတစွာနဲ့ အဆင်ပြေချောမွေ့နေကြတယ်လို့ Alexis က ပြောပါတယ်။ Charles မှာ ယခင်က အိမ်ထောင်ရှိခဲ့ပါတယ်။

သူ့အိမ်ထောင်ဘက်အမည်ကတော့ Kathy ဖြစ်ပြီး၊ Sheridan မြို့မှာ နေတာပါ။ Alexis နဲ့ Charles တို့ ပထမဆုံးစပြီးဆုံတာကတော့ အဲဒီမြို့က ဘုရားကျောင်းမှာဖြစ်ပြီး၊ ထိုစဉ်တုန်းက Kathy လည်း မဆုံးသေးပါဘူး။ သူတို့တစ်တွေဟာ Alexis ကို သမီးအရင်းလို ချစ်ကြပါတယ်။

(၂၀၁၇) စက်တင်ဘာမှာ အဖွား Kathy အဆုပ်ကင်ဆာနဲ့ဆုံးသွားပါတယ်။ ဒီမှာပဲ အရမ်းကို အထီးကျန်သွားတဲ့ Charles ဟာ Alexis ကို အဖော်အပေါင်းအသင်း၊ တိုင်ပင်ဖော်တိုင်ပင်ဖက်အဖြစ် မှတ်ယူခဲ့ပြီး၊ နှစ်ဦးသား ပိုပြီးရင်းနီးလာကြပါတယ်။ အဲဒီနောက် လက်ထပ်တဲ့အထိ ဖြစ်လာခဲ့တာပါ။

Alexis ဟာ ဈာပနာဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး၊ သူမကိုယ်တိုင်က ဝင်ငွေကောင်းတဲ့အလုပ်နဲ့ စီးပွားရေးကို ဦးဆောင်နေသူပါ။ သူတို့ဟာ လက်ထပ်ထားတာ (၂)လသာ ကြာသေးပေမယ့် နှစ်ယောက်သား မခွဲမခွာနဲ့ ပျော်စရာခရီးတွေ အတူသွား၊ ဟန်နီးမွန်းတွေ ခဏခဏ ထွက်လို့ မပြီးသေးဘူးလို့ ပြောပါတယ်။

Comments are closed.