တရုတ်ကုမ္မဏီတွေက သူတို့ထုတ်ကုန်တွေကို Made in Cambodia လို့လိမ်ညာပြီ အမေရိကန်ကိုတင်ပို့နေ

ကမ္ဘောဒီးယားနိုင်ငံမှာရှိတဲ့ တရုတ်စီးပွားရေးဇုံတစ်ခုဟာ တရုတ်ပြည်မှာထုတ်လုပ်တဲ့ ပစ္စည်းတွေကို ကမ္ဘောဒီးယားမှာ ထုတ်လုပ်တဲ့ ပစ္စည်းတွေအဖြစ် လိမ်ညာပြီး အမေရိကန်ပြည်ထောင်စုကို ပို့နေကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် သင့်တော်သလို စုံစမ်းအရေးယူပါလို့ အမေရိကန်အစိုးရက ကမ္ဘောဒီးယား အစိုးရကို သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

၂ဝ၁၇ ခုနှစ်နောက်ပိုင်းမှာ အဲဒီ သီဟာနု အထူစီးပွားရေးဇုံမှာရှိတဲ့ ကုမ္ပဏီတွေဟာ တရုတ်ပြည်ထုတ် ပစ္စည်းတွေကို အမေရိကန်ပြည်ထောင်စုက ချမှတ်မယ့် အခွန်ငွေတွေ ရှောင်လွဲနိုင်ရေးအတွက် အခုလို လိမ်ညာပြီး တင်ပို့မှုတွေရှိခဲ့တယ်လို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ပြောပါတယ်။

ဗီယက်နမ်အကောက်ခွန်ဌာနကလည်း ဒီလအတွင်းမှာပဲ အလားတူ တရုတ်ပြည်ထုတ် ပစ္စည်းတွေကို အမေရိကန်အစိုးရက ချမှတ်ထားတဲ့ အခွန်ငွေရှောင်လွဲနိုင်ရေးအတွက် ဗီယက်နမ်မှာ ထုတ်လုပ်သည် ဆိုတဲ့စာတန်းတွေကပ်ပြီး တဆင့်တင်ပို့မှုတွေကို ရှာဖွေဖော်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အခုလို အခွန်ငွေရှောင်လွှဲဖို့ ကြိုးစားမှုတွေအတွက် ဗီယက်နမ်ပို့ကုန်တွေအပေါ် အခွန်ငွေ ကောက်ခံရလိမ့်မယ်လို့ သမ္မတ ထရမ့်က သတိပေးခဲ့ပြီးနောက်မှာ ဗီယက်နမ် နိုင်ငံခြားရေးဌာန အရာရှိတစ်ဦးက သူတို့ နိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ၂ နိုင်ငံလုံး အကျိုးရှိအောင် မျှတစွာကုန်သွယ်လိုပါတယ်လို့် သောကြာနေ့ မနေ့က ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ဗီယက်နမ်နိုင်ငံအတွက် အကြီးဆုံးပြည်ပ ပို့ကုန်ဈေးကွက်ဖြစ်ပြီး ပြန်လည်သွင်းကုန်နည်းပါးတဲ့အတွက် ၂ နိုင်ငံ နှစ်စဉ် ကုန်သွယ်ရေးမှာ ဗီယက်နမ်ဘက်က အမြဲတမ်းပိုငွေပြနေပါတယ်။ ဗီယက်နမ်အစိုးရ ပြောခွင့်ရသူက အမေရိကန် ထုတ်ကုန်တွေကို ပိုမိုဝယ်ယူခြင်းအားဖြင့် မိမိတို့အနေနဲ့ မျှမျှတတဖြစ်အောင် ကြိုးစားနေပါတယ်လို့ ပြောပါတယ်။

Source_RFA

Unicode

ကမ္ဘောဒီးယားနိုင်ငံမှာရှိတဲ့ တရုတ်စီးပွားရေးဇုံတစ်ခုဟာ တရုတ်ပြည်မှာထုတ်လုပ်တဲ့ ပစ္စည်းတွေကို ကမ္ဘောဒီးယားမှာ ထုတ်လုပ်တဲ့ ပစ္စည်းတွေအဖြစ် လိမ်ညာပြီး အမေရိကန်ပြည်ထောင်စုကို ပို့နေကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် သင့်တော်သလို စုံစမ်းအရေးယူပါလို့ အမေရိကန်အစိုးရက ကမ္ဘောဒီးယား အစိုးရကို သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

၂ဝ၁၇ ခုနှစ်နောက်ပိုင်းမှာ အဲဒီ သီဟာနု အထူစီးပွားရေးဇုံမှာရှိတဲ့ ကုမ္ပဏီတွေဟာ တရုတ်ပြည်ထုတ် ပစ္စည်းတွေကို အမေရိကန်ပြည်ထောင်စုက ချမှတ်မယ့် အခွန်ငွေတွေ ရှောင်လွဲနိုင်ရေးအတွက် အခုလို လိမ်ညာပြီး တင်ပို့မှုတွေရှိခဲ့တယ်လို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ပြောပါတယ်။

ဗီယက်နမ်အကောက်ခွန်ဌာနကလည်း ဒီလအတွင်းမှာပဲ အလားတူ တရုတ်ပြည်ထုတ် ပစ္စည်းတွေကို အမေရိကန်အစိုးရက ချမှတ်ထားတဲ့ အခွန်ငွေရှောင်လွဲနိုင်ရေးအတွက် ဗီယက်နမ်မှာ ထုတ်လုပ်သည် ဆိုတဲ့စာတန်းတွေကပ်ပြီး တဆင့်တင်ပို့မှုတွေကို ရှာဖွေဖော်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အခုလို အခွန်ငွေရှောင်လွှဲဖို့ ကြိုးစားမှုတွေအတွက် ဗီယက်နမ်ပို့ကုန်တွေအပေါ် အခွန်ငွေ ကောက်ခံရလိမ့်မယ်လို့ သမ္မတ ထရမ့်က သတိပေးခဲ့ပြီးနောက်မှာ ဗီယက်နမ် နိုင်ငံခြားရေးဌာန အရာရှိတစ်ဦးက သူတို့ နိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ၂ နိုင်ငံလုံး အကျိုးရှိအောင် မျှတစွာကုန်သွယ်လိုပါတယ်လို့် သောကြာနေ့ မနေ့က ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ဗီယက်နမ်နိုင်ငံအတွက် အကြီးဆုံးပြည်ပ ပို့ကုန်စျေးကွက်ဖြစ်ပြီး ပြန်လည်သွင်းကုန်နည်းပါးတဲ့အတွက် ၂ နိုင်ငံ နှစ်စဉ် ကုန်သွယ်ရေးမှာ ဗီယက်နမ်ဘက်က အမြဲတမ်းပိုငွေပြနေပါတယ်။ ဗီယက်နမ်အစိုးရ ပြောခွင့်ရသူက အမေရိကန် ထုတ်ကုန်တွေကို ပိုမိုဝယ်ယူခြင်းအားဖြင့် မိမိတို့အနေနဲ့ မျှမျှတတဖြစ်အောင် ကြိုးစားနေပါတယ်လို့ ပြောပါတယ်။

Source_RFA

Comments are closed.