အင်္ဂလိပ် အရေးပိုင်ကို ပါးရိုက်ခဲ့တဲ့ ရဲရဲတောက်သခင်မ ဒေါ်သိန်းတင်

အင်္ဂလိပ် အရေးပိုင်ကို ပါးရိုက်ခဲ့တဲ့ ရဲရဲတောက်သခင်မ ဒေါ်သိန်းတင်

မျက်နှာဖြူ အရေးပိုင်ကို ပါးရိုက်ခဲ့တဲ့ ရဲရဲတောက်သခင်မ ဒေါ်သိန်းတင် (ဒေါ်သိန်းတင်လမ်းနာမည် ပိုင်ရှင်)

မင်္ဂလာတောင်ညွန့်က ဒေါ်သိန်းတင်လမ်းဆိုတာ ကြားဘူးပေမယ့်… သူ့သမိုင်းကို ဒီနေ့မှ သိတာ မြန်မာနိုင်ငံမှာ နိုင်ငံရေးပုဒ်မနဲ့ ပထမဆုံး ထောင်ချခံရတဲ့{သခင်မကြီးဒေါ်သိန်းတင်} ၊

မျက်နှာဖြူအရေးပိုင်ကို ပါးရိုက်ခဲ့တဲ့သခင်မ၊ လက်ကိုင်တုတ် ဗမာလောက်ကောင် တရားသူကြီးကို လူလယ်ကောင် ပါးရိုက် ဆောင့်ကန်ခဲ့တဲ့ သခင်မ, ရန်ကုန်မြို့မှာ ဒါ်သိန်းတင်လမ်းလို့ အမည် ခေါ်တွင် ဂုဏ်ပြုခြင်းခံရတဲ့ , { သခင်မကြီး ဒေါ်သိန်းတင် } ဝိသုဒ္ဓာရုံဗာရာနသီတိုက်အမကြီး,ဆေးလိပ်ရုံ ပိုင်ရှင် နဝင်း-မသိန်းတင်, { သမိုင်းဝင် သခင်မကြီး ဒေါ်သိန်းတင် } { ဝဏ္ဏကျော်ထင်ဘွဲ့ရ ဒေါ်သိန်းတင် } {ပြည်သူ့လွှတ်တော်အမတ်ကြီးဒေါ်သိန်းတင်} { နိုင်ငံဂုဏ်ရည် ဒု- ဘွဲ့ရ ဒေါ်သိန်းတင် }

ပြည်မြို့၊ နဝင်းရပ်မှာ အဖ ဦးဖိုးဆိတ် အမိ-ဒေါ်ရွှေထယ်တို့မှ ၁၂၆၇ ခုနှစ် ကဆုန်လဆုတ် ၂ ရက် သောကြာနေ့ နံနက် ၅ နာရီအချိန်မှာ မွေးဖွားခဲ့တယ်, ၁၆ နှစ်သမီးအရွယ်မှာ နိုင်ငံရေးလောက တွင်းသို့ ခြေစုံပစ်ဝင်ရောက်လုပ်ကိုင်ခဲ့တယ် မိဘအမွေအနှစ်များ ကုန်ဆုံးတဲ့အပြင် အဝတ်အထည်တွေပါ ရောင်းချပြီး နိုင်ငံရေး ရဲဘော်ရဲဘက်တွေကို ထောက်ပံ့ခဲ့တယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဝံသာနု ကွန်ဖရင့်မှာ ရှမ်းပြည်နဲ့ မြန်မာပြည်မ မခွဲကြရန် အဆိုကို တင်သွင်းခဲ့တယ်။ ဘေးမဲ့ ဆရာတော်ကြီး ကြီးမှူးသော သံဃာ့သာမဂ္ဂီအဖွဲ့ကြီးနဲ့ဂျီစီဘီအေ အဖွဲ့ ကြီးတို့ ပူးတွဲကျင်းပတဲ့ ကွန်ဖရင့်မှာ “လူခွန်တော် မပေးဆောင်ရန်” သစ္စဝါဒီ အမျိုးသမီးအဖွဲ့အတွင်းရေးမှူးအဖြစ် မသိန်းတင်က အဆိုတင်သွင်းခဲ့တယ်။

အင်္ဂလိပ်အစိုးရရဲ့ဖိအားကြောင့် မြန်မာ နိုင်ငံရေးခေါင်းဆောင်တွေ ဝံသာနုအသင်းက နုတ်ထွက်ခဲ့ကြတယ်။ မနုတ်ထွက် တဲ့သူတွေ ကို အင်္ဂလိပ်အစိုးရက ထောင်တနှစ်စီ ချတယ်။ သခင်မကြီး ဒေါ်သိန်းတင်ကျတော့ ထောင် တနှစ်ခွဲအထိ ချခဲ့တယ်။ ပြည်ခရိုင် ဝက်ထီးကန်နယ် တရားသူကြီး ဦးစီက စပါးလာရောင်းရင်း စပါးဒိုင်မှာ နိုင်ငံရေးဘုန်းကြီးများ၊ အမျိုးသားအမျိုး သမီးများအားကြိမ်းမောင်းပြောဆိုတဲ့ အတွက် အဲ့ဒီတရားသူကြီးကို ဒေါ်သိန်းတင်၊ ဒေါ်စောရင်၊ ဒေါ်ယုခင်၊ ဒေါ်စောခင်တို့ကဝိုင်းဝန်းရိုက်နှက်ခဲ့ကြ တယ်။ ဆူပူစေမှုနဲ့ ထောင်ဒစ် တနှစ်နဲ့ လေးလစီ အချခံခဲ့ရတယ်။

၁၂၉၀ မှာ ဒေါ်သိန်းတင်ဟာ သခင်ညီ (ပြည်)၊ သခင်ထွန်းအုပ်(ပုတီးကုန်း)၊ သခင်ဗတင်(ဆင်မြီးဆွဲ)၊ သခင်ထွန်းခင် (ခေါ်) ဗိုလ်မှူးမြင့်ဆွေ(ဆင်မြီးဆွဲ)တို့နဲ့ အတူပုဒ်မ(၁၂၄) အကြည်ညိုပျက်စေမှုနဲ့ ထောင်ချတာ ခံရပြန်တယ်။ ရေနံမြေသပိတ်ကြီးမှာ သခင် သခင်မတွေ နဲ့အတူ ရေနံမြေသပိတ်ကြီးကိုကြိုဆိုကျွေး မွေးပြီး ရွှေတိဂုံခြေရင်းသို့ အရောက် တပ်ဦးမှ လိုက်ပါချီတက်ခဲ့တယ်။

မဟတ္တမ ဂန္ဒီကြီး ဗမာပြည်လာရောက်စဉ်မှာ နယ်ချဲ့ဆန့်ကျင်ရေး ရဲရဲတောက် ဗမာအမျိုးသမီး မသိန်းတင်ကို ဂုဏ်ပြု ပန်းကုံး ချီးမြှင့်ပေးခဲ့တယ်။ နေရူးနဲ့ သမီးဖြစ်သူ အင်ဒယာဂန္ဒီတို့ ဗမာပြည်လာရောက်စဉ် ဒေါ်သိန်းတင်အား ကရာချီ ဖဲပွင့် ပန်းရောင် ပန်းကုံးတကုံးစီ စွပ်ပေးပြီး ဂုဏ်ပြုခဲ့ကြတယ်။

ပြည်ညီလာခံမှာ အင်္ဂလိပ်အစိုးရက ပေးတဲ့ရာထူးများ လက်မခံရန် အဆို တင်သွင်းခဲ့တယ်။ ချစ်သူ သခင်သင်ကို လွတ်လပ်ရေးရမှ လက်ထပ်မယ်လို့ ဆိုခဲ့တဲ့အတိုင်း ဂျပန်ခေတ်တိုင်းပြည်လွတ်လပ်ရေး ကြေညာချိန်မှ လက်ထပ်ခဲ့တယ်, နိုင်ငံဂုဏ်ရည်ဘွဲ့အတွက် ချီးမြှင့်ငွေ (၁၅၀၀၀) ကျပ်အားလုံးကို မဟာဝီဇယ စေတီတော်ကြီးအတွက် လှူခဲ့တယ်။

လစဉ်ရရှိငွေ ၃၀၀ ကျပ်ထဲမှ ၁၅၀ ကျပ်ကို သခင်မကြီး ဒေါ်စောရင်အားလည်းကောင်း, ကျန် ၁၅၀ ကျပ်ကို သခင်မကြီးဒေါ်ခင်ခင်သို့ လည်းကောင်း လစဉ်ခွဲပေးခဲ့တယ်, ၁၃၄၅ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ အသက်(၇၈) နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

Nan Mon Khan (လေးစားမှုဖြင့် ခရက်ဒစ်)

Comments are closed.