ပုသိမ်မြို့မှာ မူးယစ်ဆေးအမှုဖြင့် ဖမ်းဆီးခံနေရသူ ဖခင်ကို ရုံးထုတ်နေချိန်မှာ သားများက ရုပ်ရှင်ဆန်ဆန်ဝင်လု

ပုသိမ်မြို့မှာ မူးယစ်ဆေးအမှုဖြင့် ဖမ်းဆီးခံနေရသူ ဖခင်ကို ရုံးထုတ်နေချိန်မှာ သားများက ရုပ်ရှင်ဆန်ဆန်ဝင်လု

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ရှိ ခရိုင်တရားရုံးတွင် ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းက မူးယစ်ဆေးအမှုဖြင့် ဖမ်းဆီး စစ်ဆေးခံနေရသော ဖခင်ဖြစ်သူကို သား ၂ ဦးက ဝင်ရောက် လုယူမှုဖြစ်ပွားခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ပုသိမ်ခရိုင် တရားရုံးတွင် စစ်ဆေးပြီး ပုသိမ်ထောင်ကို ပြန်ပို့မည့် အသက် ၅၂ နှစ်ရှိ ဦးမြင့်ဦးကို တရားရုံး အချုပ်ခန်းတွင်းမှ ထိန်းသိမ်းခေါ်ဆောင်လာသည့် ရဲတပ်သားကို ကျင်စက်ဖြင့်တို့၍ လုယူခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က လုယူရန် ကြိုးစားသူ ၃ ဦးအား တရားရုံး နယ်နမိတ်အတွင်းမှာပင် ချက်ချင်းဖမ်းမိကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောသည်။

“ကျဉ်စက်နဲ့ တို့တာက ကိုဇော်ဆိုတဲ့ သူပါ၊ သူဆီက အနက်ရောင် POLICE တံဆိပ်ပါ ကျင်စက် ၂ ချောင်းကို သိမ်းဆည်းရမိတယ်။ သား ၂ ဦးက ကားနဲ့ တင်ပြေးဖို့ ရုံးဝမှာ စောင့်နေတာ လည်းဖမ်းမိတယ်၊ ကျင်စက်နဲ့ တို့ခံလို့ ရဲကလဲကျသွားတော့ တရားခံက ထွက်ပြေးဖို့ လုပ်ခဲ့တယ်”ဟု ၎င်းက ဆက်ပြောသည်။

ဦးမြင့်ဦးကို ဝင်ရောက်လုယူသည့် ၎င်း၏ သားများဖြစ်သူ အသက် ၃၂ နှစ်ရှိ ပုသိမ်မြို့မှ နေနိုင်ထွန်း ရန်ကုန်တိုင်း လှိုင်မြို့နယ်မှ အသက် ၂၀ နှစ်ရှိ ရာဇာဟိန်းထက်၊ ရဲကို ကျင်စက်ဖြင့် တို့၍ ကူညီသည့် မရမ်းကုန်းမြို့နယ်မှ အသက် ၄၇ နှစ်ရှိ ကိုဇော်နှင့် မူးယစ်ဖြင့် စစ်ဆေးခံနေရသူ ဦးမြင့်ဦးတို့ကို ပုသိမ်မြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၇ /၃၃၃/၂၂၅/ ၁၁၄ တို့နှင့် အမူဖွင့် အရေးယူလျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

R-12( ယခုဖော်ပြပါသတင်းကို The Voice Daily ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည် )

Unicode

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ရှိ ခရိုင်တရားရုံးတွင် ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းက မူးယစ်ဆေးအမှုဖြင့် ဖမ်းဆီး စစ်ဆေးခံနေရသော ဖခင်ဖြစ်သူကို သား ၂ ဦးက ၀င်ရောက် လုယူမှုဖြစ်ပွားခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ပုသိမ်ခရိုင် တရားရုံးတွင် စစ်ဆေးပြီး ပုသိမ်ထောင်ကို ပြန်ပို့မည့် အသက် ၅၂ နှစ်ရှိ ဦးမြင့်ဦးကို တရားရုံး အချုပ်ခန်းတွင်းမှ ထိန်းသိမ်းခေါ်ဆောင်လာသည့် ရဲတပ်သားကို ကျင်စက်ဖြင့်တို့၍ လုယူခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က လုယူရန် ကြိုးစားသူ ၃ ဦးအား တရားရုံး နယ်နမိတ်အတွင်းမှာပင် ချက်ချင်းဖမ်းမိကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောသည်။

“ကျဉ်စက်နဲ့ တို့တာက ကိုဇော်ဆိုတဲ့ သူပါ၊ သူဆီက အနက်ရောင် POLICE တံဆိပ်ပါ ကျင်စက် ၂ ချောင်းကို သိမ်းဆည်းရမိတယ်။ သား ၂ ဦးက ကားနဲ့ တင်ပြေးဖို့ ရုံးဝမှာ စောင့်နေတာ လည်းဖမ်းမိတယ်၊ ကျင်စက်နဲ့ တို့ခံလို့ ရဲကလဲကျသွားတော့ တရားခံက ထွက်ပြေးဖို့ လုပ်ခဲ့တယ်”ဟု ၄င်းက ဆက်ပြောသည်။

ဦးမြင့်ဦးကို ဝင်ရောက်လုယူသည့် ၄င်း၏ သားများဖြစ်သူ အသက် ၃၂ နှစ်ရှိ ပုသိမ်မြို့မှ နေနိုင်ထွန်း ရန်ကုန်တိုင်း လှိုင်မြို့နယ်မှ အသက် ၂၀ နှစ်ရှိ ရာဇာဟိန်းထက်၊ ရဲကို ကျင်စက်ဖြင့် တို့၍ ကူညီသည့် မရမ်းကုန်းမြို့နယ်မှ အသက် ၄၇ နှစ်ရှိ ကိုဇော်နှင့် မူးယစ်ဖြင့် စစ်ဆေးခံနေရသူ ဦးမြင့်ဦးတို့ကို ပုသိမ်မြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၇ /၃၃၃/၂၂၅/ ၁၁၄ တို့နှင့် အမူဖွင့် အရေးယူလျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

R-12( ယခုဖော်ပြပါသတင်းကို The Voice Daily ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည် )

Comments are closed.