သားငယ်ရဲ့ သွေးကင်ဆာရောဂါကု သဖို့ အတွက် ဝက်ဝံရုပ်ဝတ်စုံဝတ်ပြီး ငွေရှာနေတဲ့ ဖခင်

သားငယ်ရဲ့ သွေးကင်ဆာရောဂါကု သဖို့ အတွက် ဝက်ဝံရုပ်ဝတ်စုံဝတ်ပြီး ငွေရှာနေတဲ့ ဖခင်

တရုပ်နိုင်ငံက စက်ပြင်ဆရာတစ်ဦး ဖြစ်ခဲ့ဖူးသူ ဖန်းကိုင် ဆိုတဲ့ အမျိုးသားဟာ သူ့ရဲ့တစ်နှစ်အရွယ် သားငယ် သွေးကင်ဆာရောဂါခံစားနေရတဲ့ အတွက် ဆေးကုသစရိတ်ကို မြို့လယ်ကောင်မှာ ဝက်ဝံရုပ်ဝတ်စုံ ဝတ်ဆင်ပြီး စုဆောင်းရှာဖွေနေတာကို ဝမ်းနည်းဖွယ်မြင်တွေ့ရပါတယ်။

အသက် ၂၅ နှစ်အရွယ် ဖန်းကိုင်ဟာ သားငယ်ရဲ့ ကြီးမားလှတဲ့ ဆေးကုသစရိတ်ဟာ သူ့ရဲ့ဆွေမျိုးတွေ မတတ်နိုင်တာကို သိတဲ့အတွက် ဒုက္ခမပေးတော့ပဲ တစ်ယောက်ထဲ ကြိုးစားရှာဖွေနေတာဖြစ်ပါတယ်။ လူစည်ကားရာနေရာတွေမှာ ဝက်ဝံရုပ်ဝတ်စုံကို ဝတ်ဆင်ကာ လာရောက်ဖက်ချင်သူတွေဆီက တစ်ခါဖက်ရင် တရုပ်ငွေ ၁၀ ယွမ်နဲ့ အဖက်ခံပြီး ပိုက်ဆံစုနေတာဖြစ်ပါတယ်။

ယခင်က စက်ပြင်ဆရာအလုပ်ကို လုပ်ကိုင်ခဲ့ပေမယ့် သားငယ်ကို ပြုစုပေးဖို့ အချိန်လိုတာကြောင့် သူ့ရဲ့ အမြဲတမ်းအလုပ်ကနေ ထွက်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်ထဲက သွေးကင်ဆာ ဖြစ်နေတဲ့ သားငယ်အတွက် တရုပ်ယွမ်ငွေ ၃၇၀,၀၀၀ (မြန်မာငွေ သိန်း ၇၀၀ ကျော်) ကုန်ကျခဲ့တဲ့အတွက် မိသားစုတွေ အကျပ်အတည်း ဖြစ်ခဲ့ရပါတယ်။

သူများဆီက ငွေချေးပေမယ့်လည်း မလုံလောက်တာကြောင့် နောက်ဆုံးမှာ ဝက်ဝံဝတ်စုံဝတ်ပြီး သားအတွက် လမ်းမပေါ်မှာ ပိုက်ဆံရှာဖို့ စဉ်းစားမိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ထင်သလောက်အလုပ်မဖြစ်ခဲ့ပဲ ပထမ သုံးရက်မှာ ယွမ် ၁၀၀ သာ ရရှိခဲ့ပါတယ်။

ဒါပေမယ့် ဖခင်မေတ္တာရဲ့အစွမ်းကြောင့် သူ့ရဲ့အကြောင်းဟာ အွန်လိုင်းပေါ် ပျံ့နှံ့သွားခဲ့ပြီးနောက် လူတွေက စုပေါင်းပြီး ဝိုင်းဝန်းလှူဒါန်ကြတဲ့အခါမှာတော့ နောက်ဆုံမှာ အလှူငွေ ၁၈၀,၀၀၀ ယွမ် ရရှိခဲပါတယ်။

သားငယ်အတွက် ဆေးကုသစရိတ် လုံလောက်ပြီး အမြန်ဆုံးပြန်လည် ကျမ်းမာလာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Comments are closed.