ဆောင်းဟေကို ရဲ့ရုပ်ပုံတွေကို အိမ်ကနေဖယ်ရှားလိုက်ပြီဖြစ်တဲ့ ဆောင်းဂျွန်ကီ ရဲ့ဖခင်

Song Joong Ki နဲ့ Song Hye Kyo တို့ ကွာရှင်းတော့မယ်ဆိုတဲ့အသင်းတွေက အင်တာနက်အသုံးပြုသူတွေကြားမှာ တော်တော်လေး ရေပန်းစားနေပြီး ဒီဖြစ်ရပ်အပေါ် သူ့အမြင်၊ ကိုယ့်အမြင် ငြင်းခုံမှုတွေလည်း ရှိနေပါတယ်။ အခုအခါမှာ Song Joong Kiရဲ့ ဖခင်လုပ်ရပ်တစ်ခုက ပရိသတ်တွေကြား ပြောစရာကိစ္စတစ်ခုဖြစ်ခဲ့ပြန်ပါတယ်။ Song Joong ရဲ့ဖခင်ဟာ အိမ်ရှေ့မှာထားထားတဲ့ Song Hye Kyo ရဲ့ရုပ်ပုံတွေကို ဖယ်ရှားပစ်ခဲ့တာပဲ ဖြစ်ပါတယ်။

Song Joong Ki ရဲ့ဖင်ဟာ အဲဒီအိမ်ကို ပြုပြင်ထိန်းသိမ်းထားပြီး Song Joong Ki ပြတိုက်အဖြစ် တည်ဆောက်ထားတာဖြစ်ပါတယ်။ ပရိသတ်အများအပြားဟာ အဲဒီအိမ်ရှေ့ကို မကြာခဏလာရောက်ကြည့်ရှုလေ့ရှိပါတယ်။

အဲဒီအိမ်ရှေ့မှာ Song Joong Ki နဲ့ Song Hye Kyo တို့ရဲ့ နှစ်ယောက်သားရုပ်ပုံတွေကို ထားရှိထားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကွားရှင်းတော့မယ်လို့ သတင်းတွေထွက်ပေါ်အပြီးမှာတော့ ဖခင်ဖြစ်သူဟာ Song Hye Kyo ရဲ့ရုပ်ပုံတွေကို ချက်ချင်း ဖယ်ရှားပစ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အင်တာနက်အသုံးပြုသူတွေက Song Joong Ki ရဲ့ဖခင်ဖြစ်သူကို ဝေဖန်လျက်ရှိနေပြီး အတိတ်ကဖြစ်ရပ်တွေကိုပါပြန်လည်တူးဆွလျက်ရှိနေပါတယ်။

Song Joong Ki ဟာ ဇွန်လ (၂၇) နေ့မှာ Song Hye Kyo ရဲ့ကွာရှင်းတော့မှာဖြစ်တဲ့အကြောင်း ထုတ်ပြန်သွားခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ဇူလိုင်လအစောပိုင်းမှာ အပြီးသတ်ကွာရှင်းနိုင်လိမ့်မယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

Ref koreabooCredit – Oz11(မိုမိုလေး)

Unicode

Ref koreaboo

Credit – Oz11(မိုမိုလေး)

Comments are closed.