

ပြီးခဲ့တဲ့ တနင်္လာနေ့မှာ MIU မှာ စာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းဆောင်သူ ကိုကျော်ဇင်ဝင်းဟာ လုပ်ငန်းခွင်မှာ Lgbt တစ်ယောက်အနေနဲ့ ခွဲခြားဆက်ဆံခံရတာကို မခံစားနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။ ဒီကိစ္စနဲ့ စပ်လျဉ်းပြီး နိုင်ငံတစ်ဝှမ်းမှာရှိသူများက Lgbt (လိင်တူချစ်သူများ) ဟာလဲ လူထဲက လူသာဖြစ်ကြောင်း lgbt ဆိုတာ ရှေးယခင်ဘဝ ကတည်းက တည်ရှိခဲ့တာကြောင့် လက်ခံပေးသင့်ကြောင်း၊ လူမှန်ရင် လူ့အခွင့်အရေးတန်းတူရရှိဖို့ လူမှုကွန်ယက်မှာ ပြောဆိုလာကြပါတယ်။ ဒီကိစ္စကို မြန်မာမှာရှိတဲ့ နာမည်ကျော်ဆယ်လီများကလဲ ထောက်ခံအားပေးကြောင်း သက်သေပြတဲ့အနေနဲ့ ကိုယ်ပိုင် ဖေ့ဘွတ်ခ်အကောင့်များမှာ သက်တန့် အရောင်နောက်ခံထားရှိပြီး ပရိုဖိုင်ဓာတ်ပုံ ချိန်းပြခဲ့ကြပါတယ်။ LGBT ဘက်က အမြဲရပ်တည်အားပေးနေမယ်ဆိုတဲ့ အနုပညာရှင်တွေက ဘယ်သူတွေဖြစ်မလဲဆိုတာသိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

ပြည်သူချစ် အဆိုတော်ကြီးမတင်ဇာမော်မှ “Stop bullying, stop harassing,stop discriominating” လို့ရေးသားပြီး lgbt များနဲ့အတူ ရပ်တည်နေတယ်ဆိုတဲ့အကြောင်းကို ပုံနှင့်တကွ ဖော်ပြလာပါတယ်။

သရုပ်ဆောင် ခင်ဝင့်ဝါမှ rainbow color နဲ့ profile ချိန်းပြီး lgbt ကိုထောက်ခံအားပေးကြောင်း ပြသခဲ့ပါတယ်။

Beautybynaychi နေခြည်ဦးမှလဲ Lgbt ကိုထောက်ခံအားပေးကြောင်း profile ချိန်းပြီး သက်သေပြခဲ့ပါတယ်။

တေးသံရှင် ဂျူဝယ်မှလဲ lgbt တွေဘက်ကထောက်ခံအားပေးကြောင်း profile ချိန်းပြီး သက်သေပြခဲ့ပါတယ်။

ပြည်သူချစ်တဲ့ မင်းသမီး သင်ဇာဝင့်ကျော်မှလဲ lgbt ဘက်ကရပ်တည်ကြောင်း ပုံတင်ကာ သက်သေပြခဲ့ပါတယ်။

မေကလဲ အချစ်များနဲ့အတူ lgbt တွေဘက်က ရပ်တည်နေပါတယ်တဲ့။

သမီးလေးရဲ့မေမေ အေသင်ချိုဆွေမှလဲ lgbt တွေကို နားလည်ပေးနိုင်ကြောင်း သက်သေပြခဲ့ပါတယ်။

MRTV-4 ဇာတ်လမ်းတွဲသရုပ်ဆောင် ဆောင်းဝတ်ရည်မေကလဲ လူမှုကွန်ယက်မှတစ်ဆင့် lgbt တွေဘက်က ထောက်ခံကြောင်း အသိပေးလာပါတယ်။

MRTV-4 ဇာတ်လမ်းတွဲသရုပ်ဆောင် သွန်းသစ္စာဇော်မှလဲ profile ချိန်းပြီး လိင်တူချစ်သူတွေကိုထောက်ခံအားပေးကြောင်း ပြသခဲ့ပါတယ်။

Myanmar Idol Seson2 မှ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ချမ်းမြေ့မောင်ချိုကလဲ lgbt ကိုထောက်ခံအားပေးကြောင်း profile ချပြလာပါတယ်။

Miss Universe Myanmar 2019 ဆွေဇင်ထက်မှလဲ profile ချိန်းပြီး သက်သေပြခဲ့ပါတယ်။

(ပိုပိုလေး)

Comments are closed.