မြင်ရသူတွေ ကြွေဆင်းသွားစေမ ယ့် ဖွေးဖွေးရဲ့ပွဲတက်ပုံရိပ်တွေ

မြင်ရသူတွေ ကြွေဆင်းသွားစေမ ယ့် ဖွေးဖွေးရဲ့ပွဲတက်ပုံရိပ်တွေ

အနုပညာအပေါ်ထားရှိတဲ့ စိတ်ကြောင့် ချစ်ကြတဲ့ပရိသတ်တွေနဲ့ အောင်မြင်မှုတွေ ပိုပိုပြီး များလာသူလေးဖြစ်တဲ့ ဖွေးစိန်လေးကတော့ အပြစ်ကင်းစင်တဲ့ အလှတရားကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။ မနေ့ကတော့ ဖွေးစိန်လေးက ချစ်ရတဲ့ အနုပညာရှင် မောင်နှမတွေနဲ့အတူ ရွှေနန်းတော် ၂၅ နှစ်ပြည့် ငွေရတုပွဲကို ပျော်ပျော်ပါးပါး တက်ရောက်ခဲ့တာ တွေ့ရပါတယ်။ ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေကြားမှာ လှချင်တိုင်းလှနေတဲ့ ဖွေးစိန်လေးရဲ့ပုံရိပ်တွေကတော့ အရမ်းကိုချစ်ဖို့ကောင်းနေတာပါနော်။

ရွှေနန်းတော် ၂၅နှစ်ပြည့် ငွေရတုပွဲကို ဖွေးဖွေးအပြင် တစ်ခြားသော ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေကလည်း တက်ရောက်ခဲ့ကြပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို ချစ်ဖို့ကောင်းနေတဲ့ ဖွေးစိန်လေးရဲ့ ပွဲတက်ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဖွေးဖွေးကတော့ “Morning my Darlings … 🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟မနေ့က 29th June, 2019 ရွှေနန်းတော် ၂၅နှစ်ပြည့် ငွေရတုမှ နောက်ထပ်ရတုအဆက်ဆက်တိုင် တည်တံ့အောင်မြင်ပြီး အခုထက်ပိုပြီး လှူနိုင်တန်းနိုင်ကြပါစေ… မြင်ရတာ စိတ်ချမ်းသာကြည်နူးမိပါတယ် .. 🤩🥰Happy 25th anniversary celebrations for Dr.Aung Kyaw Win + Dr. Thet Thet Khine 💗💗Congratulations to the successor “Golden Palace Gold&Jewelry” new Generation ” Thet Yadanar Kyaw Win@ Grace” ❤” ဆိုပြီး သူမရဲ့အလှပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ တင်ထားတာပါ။

ချစ်စရာကောင်းတဲ့ မိန်းမပျိုလေးတွေ…။

မြင့်မြတ်နဲ့ ဖွေးစိန်လေးနဲ့က တစ်တွဲ…။

ချစ်စရာကောင်းတဲ့ ညီအမနှစ်ယောက်.. .။

ဖွေးဖွေးကတော့ လတ်တလောမှာ ရုပ်ရှင်ဇာတ်ကားတွေ ပြန်ရိုက်ကူးဖို့ လက်ခံထားတာရှိတယ်လို့ သိရပါတယ်။ သရုပ်ဆောင်ပိုင်းမှာ သဘာဝကျပီပြင်လွန်းတဲ့ဖွေးကတော့ ဇာတ်ရုပ်နဲ့လိုက်ဖက်ညီစွာ အမြဲကြိုတင်ပြင်ဆင်ပြီးမှ သရုပ်ဆောင်လေ့ရှိတာပဲဖြစ်ပါတယ်။ဖွေးစိန်လေးကိုချစ်ကြတဲ့ မိုမိုလေးချစ်ပရိသတ်တွေလည်း သူမရဲ့အလှနဲ့အပြုံးလေးတွေကိုမြင်လိုက်ရလို့ ပျော်နေကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်နော်။

Myint Myat
Source;Phway Phway’s Facebook
Photo: Ko Nay Min Tun (Amazing Grace)
PHOTO: Li John Photography

Comments are closed.