ကလေးတွေချည်း ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံရဲ့ အကြောင်းကို ဒဲ့ပြော လိုက်တဲ့ တေးရေး ရွှေဂျော်ဂျော်

ကလေးတွေချည်း ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံရဲ့ အကြောင်းကို ဒဲ့ပြော လိုက်တဲ့ တေးရေး ရွှေဂျော်ဂျော်

တစ်နေ့တစ်ခြား နားနဲ့မဆံ့အောင် ကြားနေရတဲ့ သက်ငယ်မုဒိန်းမှုတွေက လတ်တလော မြန်မာနိုင်ငံရဲ့ ပြည်သူလူထုတွေကြားမှာ ရင်နင့်အောင် မြင်တွေ့နေရတာပါ ။ အဆိုပါအကြောင်းအရာနဲ့ ပတ်သတ်ပြီးတော့ အနုပညာရှင်တွေများစွာကလည်း အမှုမှန်ပေါ်ပေါက်ဖို့ ကြိုးစားပြီး လှုံ့ဆော်ပေးနေကြတာ တွေ့ရပါတယ်။ လတ်တလောမှာလည်း တေးရေး ရွှေဂျော်ဂျော်က ကလေးတွေချည်း ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံရဲ့ အကြောင်းကို ဒဲ့ပြောလာတာ တွေ့ရပါတယ်။ တကယ့်ကို ထိထိမိမိနဲ့ ထောက်ပြသွားတဲ့ တေးရေး ရွှေဂျော်ဂျော်ရဲ့စကားတွေကတော့ တကယ့်ကို ရင်ထဲထိသွားစေပါတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ကလေးတွေချည်း ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံရဲ့ အကြောင်းကို ဒဲ့ပြောလိုက်တဲ့ တေးရေး ရွှေဂျော်ဂျော်ရဲ့စာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

တေးရေး ရွှေဂျော်ဂျော်ကတော့ “ယဉ်ကျေးမှု ထွန်းကားပြီး / ထွန်းကားဆဲ ကမ္ဘာ့နိုင်ငံကြီး ငယ် များမှာ -ယောက်ျားတွေဟာလူကြီးလူကောင်းဆန် တဲ့ စိတ်ထားမွေးကြရရင်း အမျိုးသမီး များ နဲ့ ကလေးများ အတွက် အရာရာမှာ ကြင်နာညှာတာစွာ ဦးစားပေး နေရာပေး တတ်တာ ကို -Ladies first Babies first လို့ မြန်မာတွေ ပြောပြောနေတာ ကြားဖူးပါတယ် ။ ဒါပေမယ့် လက်တွေ့ မြန်မာနိုင်ငံ မှာ Ladies f _ _ k Babies f _ _ k ဆိုသလို ဖြစ်နေတယ် ။ဒါမှမဟုတ် F_ _ k Ladies F_ _ k Babies ဖြစ်နေပြီ ပြောရမလား ? ကြားရတဲ့ သတင်းတွေ မကောင်းဘူး ။ကလေးလေး တွေချည်း ပိုဒုက္ခရောက်နေတာ ။

တမင် သတင်းဆိုးတွေ ရည်ရွယ်လုပ်နေသလား?တောင် ထင်ရတယ် ။သမီးလေးတွေ အနိုင်ကျင့်ခံရ အစော်ကားခံရသလိုဆရာတွေနဲ့အတူ ရှိလျက် ကျောင်းသားငယ်လေးတွေကို ပွဲခင်းထဲ ဒါးနဲ့ဝင် ခုတ်ကြတာရှိသေးတယ် ။အရူးတွေ လူလိမ်တွေ လူယုတ်မာတွေ ကခွေးရူး အန္တရာယ်ထက် ဆိုးနတာပေါ့ ။H1N1 ထက် ပိုကြာမယ့် ပြဿနာတွေ ။ပညာမတတ်လို့ တို့ တရားဥပဒေမစိုးမိုး လို့ တို့ ပြောနေကြရတယ် ။ ပညာ က ချက်ချင်း တတ်သွား/ကောင်းသွားမှာ မဟုတ်ဘူး ။တရားဥပဒေ စိုးမိုးမှ ရမှာ ။ ချက်ချင်းစိုးမိုးရမှာ ။

အခု တရားဥပဒေ စိုးမိုးအောင် သတိပေး Postတွေ Share ကြတာ မှန်ပါ ကောင်းပါတယ် ။ ပြည်သူ က ဒါလောက်ဘဲ လုပ်နိုင်မယ် ။တကယ် တာဝန်ရှိသူတွေ လက်ရှောင်မနေဘို့တော့လိုတယ် ။ပြောဖူးတဲ့ စကား ထပ်ပြောချင်တယ် ။လူယုတ်မာ လူရမ်းကားတွေကို ဘာမှ အရေးမယူအပြစ်မပေး မထိမ်းသိမ်း မဖမ်းဆီးဘဲ နေတာ ဟာ လူကောင်းတွေ ကို သေဒဏ်ပေးလိုက်တာပါဘဲ ။ShweggHlp” ဆိုပြီး တရားခံတွေကို အမြန်ဆုံးဖမ်းမိဖို့ အကူအညီတောင်းထားတာပါ။

မိုမိုလေးပရိသတ်တွေကရော သက်ငယ်မုဒိန်းမှုကျူးလွန်သူတွေကို ဖမ်းဆီးအပြစ်ပေးဖို့ ပြတ်ပြတ်သားသား ပြောလာတဲ့ တေးရေးရွှေဂျော်ဂျော်ရဲ့အကြောင်းကို အချင်းချင်း ဝေမျှသွားလိုက်ကြပါဦးနော်။

Myint Myat
Source:Shwe Gyaw Gyaw’s Facebook

Comments are closed.