သက်ငယ်မုဒိမ်းကျူးလွန်သူကို ထောင်ဒဏ်တစ်သက်ချမည့် ဥပဒေကြမ်း သမ္မတ လက်မှတ်ရေးထိုးအတည်ပြု

သက်ငယ်မုဒိမ်းကျူးလွန်သူကို ထောင်ဒဏ်တစ်သက်ချမည့် ဥပဒေကြမ်း သမ္မတ လက်မှတ်ရေးထိုးအတည်ပြု

သက်ငယ်မုဒိမ်းကျူးလွန် သူများကို ထောင်ဒဏ်တစ်သက် (ထောင်ထဲတွင် သေသည်အထိ နေရမည်)အထိ ချမှတ်နိုင်မည့် ရာဇသတ်ကြီးအား ပြင်ဆင်သည့် ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်း ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်း မြင့်က လက်မှတ်ရေးထိုးအတည် ပြုသည်။

မတ်လ ၂၆ ရက် နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် နိုင်ငံတော် သမ္မတက ‘ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေ ခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေး ထိုးသည်’ဟုဆိုကာ ယင်းဥပဒေ ကြမ်းကို အတည်ပြုပြဋ္ဌာန်း ကြောင်း ဖော်ပြထားသည်။

ဥပဒေကြမ်း အတည်ပြု ပြဋ္ဌာန်းပြီးဖြစ်၍ အသက် (၁၂) နှစ်အောက်နှင့် မသန်စွမ်းအမျိုး သမီးများအပေါ် မုဒိမ်းမှုကျူးလွန် သူများ အနည်းဆုံး ထောင်ဒဏ် နှစ် ၂၀ မှ ထောင်ဒဏ်တစ်သက် ကျခံရတော့မည်ဖြစ်သည်။မုဒိမ်းပြုကျင့်စဉ် ပြုကျင့်ခံရ သူ အသက်သေဆုံးပါက အဆိုပါ ကျူးလွန်သူကို မုဒိမ်းမှုဖြင့် အရေးယူမည့်အပြင် ထောင်ဒဏ်ခုနစ် နှစ်အထိ ကျခံရနိုင်သည့် လူသတ်မှုဖြင့်လည်း ငြိစွန်းနေသဖြင့် သေဒဏ်ချမှတ်ခံရနိုင်ကြောင်း ဥပဒေကြမ်းတင်သွင်းသူ အမျိုး သားလွှတ်တော်အမတ် ဦးအောင် သိန်းက ပြောသည်။

အသက် (၁၂)နှစ်အထက် မိန်းကလေးများကို မုဒိမ်းမှုကျူး လွန်လျှင်လည်း မူလရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆ ပါအတိုင်း ထောင်ဒဏ် နှစ် ၂၀ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ကျခံရမည်ဖြစ်သည်။ပုဒ်မ ၃၇၆ တွင် ပြဋ္ဌာန်းထား သည့် မုဒိမ်းမှုအတွက် ပြစ်ဒဏ်မှာ ငယ်ရွယ်သည့်ကလေးငယ်များ နှင့် မသန်စွမ်းသူများအပေါ် မုဒိမ်း မှုကျူးလွန်သူများအတွက် လုံ လောက်မှုမရှိ၍ ပြစ်ဒဏ်တိုးမြှင့် ထားသည့် ဥပဒေကြမ်းကို လွှတ် တော်သို့ တင်သွင်းခဲ့ခြင်းဖြစ် သည်။

‘‘မူလပြစ်ဒဏ်က လုံလောက်မှုမရှိဘဲ ဟန့်တားမှုလည်း မဖြစ် နိုင်တဲ့အတွက် နောက်မပြုနိုင် အောင် စံပြုလောက်တဲ့ ဥပဒေ ပြဋ္ဌာန်းဖို့ လိုတယ်ဆိုပြီး လုပ် လိုက်တာ’’ဟု ဦးအောင်သိန်းက ပြောသည်။

ထိုဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်က မတ်လ ၄ ရက်တွင် အတည်ပြုပြီး အမျိုးသားလွှတ် တော်ကလည်း မတ်လ ၁၄ ရက် တွင် ယင်းအတိုင်း ထပ်မံအတည် ပြုခဲ့သည်။ ထိုသို့ လွှတ်တော်နှစ် ရပ် တညီတညွတ်တည်း အတည် ပြုထားသည့် ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက မတ်လ ၂၆ ရက် တွင် ယခုကဲ့သို့ လက်မှတ်ရေးထိုး ထုတ်ပြန်ခြင်းဖြစ်သည်။

ယင်းဥပဒေအပေါ် အမျိုး သမီးနှင့် ကလေးသူငယ်အရေး လှုပ်ရှားသူများကလည်း ကြိုဆို သည်။ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ တွင် ပုဒ်မခွဲ (၃)အဖြစ် ဖြည့် စွက်ထားပြီး ယင်းပုဒ်မခွဲတွင် ‘မည်သူမဆို မသန်စွမ်းသူမိန်းမ ကို ဖြစ်စေ၊ အသက် (၁၂)နှစ် အောက် မိန်းကလေးကိုဖြစ်စေ မုဒိမ်းမှုကျူးလွန်လျှင် ထောင်ဒဏ် နှစ် ၂၀ ဖြစ်စေ၊ ထောင်ဒဏ်တစ် သက်ဖြစ်စေ ချမှတ်ခြင်းခံရမည်’ ဟု ဖြည့်စွက်ပြင်ဆင်ခဲ့သည်။

ထိုရာဇသတ်ကြီးပြင်ဆင် သည့် ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက ၂၀၁၈ ဩဂုတ် အတွင်းက အမျိုးသားလွှတ်တော် သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။ပြီးခဲ့သည့် ၂၀၁၆ မှ ၂၀၁၈ ဧပြီအထိ သက်ငယ်မုဒိမ်းမှု ၁,၉၂၈ မှုဖြစ်ပွားခဲ့ကြောင်း ပြည် ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက် များတွင် ဖော်ပြထားသည်။

၂၀၁၆ တွင် ၆၇၁ မှု ဖြစ်ပွားခဲ့ပြီး ၂၀၁၇ တွင် ၈၉၇ မှု ဖြစ်ပွားခဲ့ သဖြင့် တစ်နှစ်ထက်တစ်နှစ် ပမာ ဏတိုးလာသည်ကို တွေ့ရသည်။

Credit to 7Day

Comments are closed.