ပြည့်သူ့အသံနားထောင်ပြီး သမီးလေးဗစ်တိုးရီးယားအမှုအတွက် သမ္မတရုံးမှထုတ်ပြန်လိုက်ပြီ

ပြည့်သူ့အသံနားထောင်ပြီး သမီးလေးဗစ်တိုးရီးယားအမှုအတွက် သမ္မတရုံးမှထုတ်ပြန်လိုက်ပြီ

Myanmar President Office နဲ့ Myanmar State Counsellor Office တို့ရဲ့ Message Box နဲ့ Comment များမှာ ပေးပို့လာတဲ့ တောင်းဆိုချက်များစွာကို ကောင်းစွာ လက်ခံရရှိပါတယ်။

ဒီဖြစ်စဉ် ဖြစ်ပွားတာကို စတင်သိရှိရကတည်းက နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကို “ဒီအမှု မပေါ် ပေါ်အောင် ဖော်ပါ” လို့ နှုတ်နဲ့ မှာကြားထားခဲ့တာ ဖြစ်ပါတယ်။

စဉ်ဆက်မပြတ်လည်း အမှုဖော်ထုတ်မှုရဲ့ တိုးတက်မှု အခြေအနေတွေကို မေးမြန်းပြီး အကြီးအကဲများထံ တင်ပြနေပါတယ်။ အမှု စစ်ဆေးဖော်ထုတ်မှု ကြန့်ကြာနေရခြင်းနဲ့ ပတ်သက်လို့လည်း အသေးစိတ်အထိ မေးမြန်းထားပြီး ဖြစ်ပါတယ်။

ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းကြောင်းကြောင့် ကြန့်ကြာနေရခြင်း ဖြစ်ပြီး အမှုမှန် ပေါ်ပေါက်ဖို့ အချိန် အနည်းငယ် ပေးနေရတာ ဖြစ်ကြောင်း သိရှိပါတယ်။

လတ်တလော စစ်ဆေးဖော်ထုတ်ဆဲကိစ္စ ဖြစ်တဲ့အတွက် အသေးစိတ်ကို လောလောဆယ် ထုတ်ဖော် ပြောကြားနိုင်ခြင်း မပြုနိုင်သေးတာကို နားလည်သဘောပေါက်ပေးကြစေချင်ပါတယ်။

အစိုးရ၊ ပုဂ္ဂလိက စာသင်ကျောင်းတွေမှာ ဒီလိုကိစ္စရပ်တွေ မဖြစ်ပေါ်အောင် ကြိုတင်ဆောင်ရွက်ရမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ဖြစ်ပွားလာခဲ့ရင် ထိုက်သင့်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ဖို့လည်း ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို မှာကြားထားပြီး ဖြစ်ပါတယ်။

အစိုးရပဲ ဖြစ်ဖြစ်၊ ပုဂ္ဂလိကပဲဖြစ်ဖြစ် စာသင်ကျောင်းပရဝုဏ်ဟာ ကလေးတွေအတွက် ဘေးကင်းလုံခြုံဖို့ ဦးစားပေးရမှာပါ။ ဒီအမှုကိစ္စနဲ့ ပတ်သက်လို့ ပြည်သူတွေရဲ့ ခံစားချက်၊ လိုလားချက်၊ တောင်းဆိုချက်တွေကို ကောင်းစွာ သိရှိနားလည်ပါကြောင်း၊ ပြည်သူများနှင့်

ထပ်တူစွာပင် အမြန်ဆုံးဖော်နိုင်ရေး လိုလားပါကြောင်း၊ အမှုမှန် မြန်မြန်ပေါ်ပေါက်ပြီး အရေးယူနိုင်ဖို့ အချိန်တစ်ခုပေးပြီး စောင့်ဆိုင်းနေတာ ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါတယ်။

ခရက်ဒစ်ရွှေအလင်း

Comments are closed.