ကမ္ဘောဇဘဏ် က တရား ဝင်ထုတ်ပြန်ကြေငြာလိုက်တဲ့ သတိပေးစာ

ကမ္ဘောဇဘဏ် က တရား ဝင်ထုတ်ပြန်ကြေငြာလိုက်တဲ့ သတိပေးစာ

အား လုံးစိုးရိမ်ခဲ့တဲ့အရာရောက်လာပါပြီ။ မြန်မာနိုင်ငံရှိဘဏ်အသုံးပြုသူတွေရဲ့ အကောင့်တွေဟာ Cracker နဲ့ Hacker တွေရဲ့ ပစ်မှတ်ဖြစ်လာပါပြီ မကြာမီရက်ပိုင်း နှင့်လပိုင်းလောက်က မြန်မာနိုင်ငံ ဘဏ်တစ်ချို့ရှိ

ဘဏ်အသုံးပြု သူအကောင့်များကို ဟက်ကာများမှ Phishing နှင့် တစ်ခြားသော နည်းလမ်းပေါင်းစုံနဲ့တိုက်ခိုက်လာကြပြီး ဘဏ်ထဲမှ ငွေကြေးများထုတ်ယူမှုများဖြစ်ပေါ်နေပါတယ်။

တိုက်ခိုက်သူဟာ ဘဏ်အသုံးပြုသူများဆီသို့ message ,facebook ,Mail ,Viber ,Whatsapp စသည်တို့မှတစ်ဆင့် link အတုများကို ဘဏ်ခေါင်းစဉ်များတပ်ပြီးပေးပို့ပါတယ် ဘဏ်အကောင့်သုံးစွဲသူမှ

ဘဏ်မှပို့သည်ထင်မှတ်ပြီး မိမိရဲ့ passwordနဲ့ဝင်ရောက်လိုက်တဲ့အခါ ဟက်ကာ မှမိမိရဲ့ passwordကိုသိရှိသွားခြင်းဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုကို ကာကွယ်ရန် မိမိစီသို့ပေးပို့လာသော link များအား စစ်ဆေးခြင်းမပြုပဲ ဝင်ရန် မသေချာပါက မိမိငွေအပ်နှံထားသောဘဏ်အား ဖုန်းဆက်အတည်ပြုပေးရန်

မိမိအားlinkပေးပို့သော အကောင့် သို့မဟုတ် ဖုန်းနံပါတ်များအား မှတ်ထားရန် မိမိလက်ကျန်ငွေကို စစ်ဆေးပေးနေရန်တို့ပဲ ဖြစ်ပါတယ်။တိုက်ခိုက်သူသည် ဘဏ်ကိုအဓိကထားတိုက်ခိုက်တာမဟုတ်ပဲ အသုံးပြုသူကိုသာ ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်လို့ အကယ်၍တိုက်ခိုက်ခံရသူသည်

ဘဏ်အကောင့်ထဲရှိငွေများ ခိုးယူခံရပါက တိုက်ခိုက်ခံရသူနှင့်သာဆိုင်ပြီးဘဏ်များနှင့် မဆိုင်သဖြင့် ဆုံးရှုံးငွေများပြန်ရဖို့ အခွင့်ရေးနည်းပါးလှပါတယ်။

ယခုကဲ့သို့တိုက်ခိုက်ခံရမှုဟာ တခြားဘဏ်တွေမှာ ဖြစ်ပေါ်နေတယ်လို့ လွန်ခဲ့သော လပိုင်းထဲက ဖော်ပြ ပေးခဲ့ပေမဲ့ ယုံကြည်တဲ့သူ နည်းပါးခဲ့ပါတယ်။ဒါ့ပြင်တိုက်ခိုက်မှုများလည်းရှိလာသ ဖြင့် ကျွန်တော်တို့ post ကိုပြန်လည်ရုတ်သိမ်းခဲ့ပါတယ်။

ယနေ့တော့ ကမ္ဘောဇဘဏ်မှ ယခုတိုက်ခိုက်မှုဟာ တကယ်ဖြစ်နေကြောင်း တရားဝင်ကြော်ငြာခဲ့သဖြင့် ကျွန်တော်တို့ ပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်။

KBZ ဘဏ်မှ ကြေညာထားချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Comments are closed.