

လစဉ် လဆန်း (၁)ရက်မှ (၅)ရက်အတွင်း လျှပ်စစ်ဝန်ထမ်းများက အိမ်တိုင်ရာရောက်မီတာလာဖတ်မည်ဖြစ်ပြီး ဓာတ် အားသုံးစွဲသူများကိုယ်တိုင် ဝန်ထမ်းများနှင့်မျက်မြင်ဖတ်ရှုမှတ်တမ်းတင်၍ မှန်ကန်ကြောင်းလက်မှတ်ရေးထိုးပေး စေ လိုကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)မှ ဇွန်လ ၂၉ရက်နေ့တွင် အသိပေး ထုတ်ပြန် ထားသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နေအိမ်သုံးနှင့် စီးပွားရေးလုပ်ငန်းသုံး (စက်မှုလုပ်ငန်းများသုံး) ဓာတ်အားခ နှုန်းထားများကို လာမည့် ဇူလိုင် ၁ ရက်မှ စ တင်ပြီး တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ဇွန်လ ၂၅ရက်နေ့တွင် နိုင် ငံပိုင် သတင်းစာမှ တဆင့် ထုတ်ပြန်ခဲ့သည်။ လျှပ်စစ်ဓါတ်အားနှုန်းထားများ ပြင်ဆင်သတ်မှတ်အရ နေအိမ်သုံး၊ အိမ် သုံးပါဝါ၊ တလုံးတခဲတည်း(အိမ်သုံး)နှင့် စီပွား ရေး လုပ်ငန်း မပါသည့် ဘာသာ/သာသနာ အဆောက်အအုံစသည့် ၄ မျိုးအတွက် ဓာတ်အားခနှုန်းထားများကို ၁ ယူနစ်ကနေ ၃၀ အထိ ၃၅ ကျပ်၊ ၃၁ ယူနစ်ကနေ ၅၀ အထိ ၅၀ ကျပ်၊ ၅၁ ယူနစ် ကနေ ၇၅ အထိ ၇၀ ကျပ်၊

၇၆ ယူနစ်ကနေ ၁၀၀ အထိ ၆၀ ကျပ်၊ ၁၀၁ ယူနစ်ကနေ ၁၅၀ အထိ ၁၁၀ ကျပ်၊ ၁၅၁ ယူနစ်ကနေ ၂၀၀ အထိ ၁၂၀ ကျပ်နှင့်၂၀၁ ယူနစ်အထက်ကို ၁၂၅ ကျပ်ကောက်ခံ မည်ဖြစ်ပြီး အိမ်သုံးမ ဟုတ် သည့် စက်မှုလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ၊ အစိုးရဌာနဆိုင်ရာအဖွဲ့ အ စည်းများ၊ NGO၊ နိုင်ငံခြားသံရုံး၊ နိုင်ငံတကာအဖွဲ့အစည်းများ စသည့် အမျိုးအစားများကို ၁ ယူနစ်မှ ယူနစ် ၅၀၀ အထိ ၁၂၅ ကျပ် စတင် ကောက်ခံမည် ဖြစ်ပြီး သုံးစွဲသည့် ယူနစ် အလိုက် အဆင့်ဆင့်တိုးမြှင့် ကောက်ခံမည်ဖြစ်ပြီး ယူနစ် ၁ သိန်းကျော်ရင်လျှင် ၁၈၀ ကျပ် အမြင့်ဆုံး ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လျှပ်စစ်ဓာတ်အားသုံးစွဲသူများ၏ ဇွန်လကုန်အထိ သုံးစွဲသော ဓာတ်အားခများကို ဇူလိုင်လ ၁ရက်မှ ၅ ရက်အတွင်း ဖတ်ရှူ၍ ယခင်နှုန်းထားဟောင်းဖြင့် တွက်ချက် ကောက်ခံမည် ဖြစ်ပြီး ယင်းနောက်ပိုင်း ဇူလိုင် လ အ တွက်သုံးစွဲမှုများကို ဩဂုတ်လ ၁ရက်မှ ၅ရက် အတွင်းဖတ်ရှု၍ ပြင်ဆင်ထားသော နှုန်းထားအသစ်ဖြင့် တွက်ချက် တောင်းခံသွားမည် ဖြစ်ကြောင်း YESC က အသိပေး ထုတ်ပြန်ထားသည်။

ယင်းသို့ တွက်ချက်တောင်းခံရာတွင် မှန်ကန်မှုရှိစေရေး၊ ဓာတ်အားသုံးစွဲ သူများ၏ နေအိမ်တွင် တပ်ဆင်ထားသော မီတာ အားလုံး ကို YESC(ရုံးချုပ်)မှ ကြီးကြပ်ပြီး ခရိုင်လျှပ်စစ်မန်နေဂျာရုံးနှင့် မြိုနယ်လျှပ် စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများ ကိုယ်တိုင် လစဉ်မီတာဖတ်ရက်ဖြစ်သော (လဆန်း၁ရက်မှ ၅ရက်အတွင်း)အိမ်တိုင်ရာရောက် ဖတ်ရှုစစ်ဆေး သွားမည် ဖြစ်၍ အဆိုပါ မီတာဖတ်ရက်အတွင်း လာရောက် ဖတ်ရှု.စစ်ဆေးသောမီတာများ၏ မီတာပြဂဏန်းများကို ဓာတ်အား သုံးစွဲသူများကိုယ်တိုင်ဝန်ထမ်းများနှင့်မျက်မြင်ဖတ်ရှု.မှတ်တမ်းတင်၍ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးပေးစေ လိုကြောင်း YESC က အသိပေးထားသည်။

ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ဓာတ်တိုင်ပေါ်တွင် မီတာတပ်ဆင်ပြီး (HHU) မီတာဖတ်သည့် ကိရိယာဖြင့် ဖတ်ရှ ၍ ကွန်ပျူတာစနစ်ဖြင့် ဆောင်ရွက်နေသော မီတာများ၏ မီတာဖတ်ရက်ကာလအတွင်း ဖတ်ရှုချက်များကို ဓာတ်အားသုံးစွဲ သူများ သိရှိနိုင်ရန် မီတာဖတ်ပြီး နောက်ရက်တနေ့တွင် မီတာဖတ်သည့် နယ်မြေရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးထံသို့ ပေးပို့ အပ်နှံထားဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့သို့ မီတာဖတ်စာရေးများကို တာဝန်ပေးအပ်ထား သော်လည်း အကြောင်းကြောင်းကြောင့် လာရောက်ဖတ်ရှုခြင်း မပြုပါ က သက်ဆိုင်ရာ မြို.နယ်လျှပ်စစ်မန်နေဂျာရုံးများနှင့် YESC Call Center သို့ အကြောင်းကြား စေလို ကြောင်း နှင့် မီတာ ဖတ်ရက်အတွင်း လျှပ်စစ်ဌာနမှ မီတာ လာရောက် ဖတ်ရှုခြင်း၊ မီတာဖတ်ချက် အတည်ပြု မှတ်တမ်း တင်ခြင်းကို ပူးပေါင်း ဆောင်ရွက်ပေးပါရန် YESC မေတ္တာရပ်ခံထားသည်။

Comments are closed.