ခင်ပွန်းဖြစ်သူနဲ့ ရည်းစားဘဝဖြတ်သန်းမှုအကြောင်း ပြောပြလာတဲ့ လှနုထွန်း

ခင်ပွန်းဖြစ်သူနဲ့ ရည်းစားဘဝဖြတ်သန်းမှုအကြောင်း ပြောပြလာတဲ့ လှနုထွန်း

မန်မာအမျိုးသမီးထုကြီးကို အမြင်ကျယ်လာအောင် သူမသိတဲ့ ဗဟုသုတလေးတွေကို ဝေမျှရင်း အောင်မြင်မှုတွေရရှိလာတဲ့ National Director အလှမယ် လှနုထွန်းကတော့ သူမကိုယ်တိုင်လည်း ခင်ပွန်းသည်အပေါ် တာဝန်ကျေအောင် နေထိုင်နေသူတစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ လှနုထွန်းက အရမ်းချစ်ရတဲ့ ခင်ပွန်းဖြစ်သူနဲ့ မယူခင်က ရည်းစားဘဝဖြတ်သန်းမှုအကြောင်းလေးကို မိုမိုလေးသို့ ပြောပြလာတာ တွေ့ရပါတယ်။ ပွင့်ပွင့်လင်းလင်းရှိတဲ့ စိတ်ဓါတ်ပိုင်ရှင်လေး လှနုထွန်းကတော့ အမုန်းခံရရင်တောင် သူမပြောချင်တဲ့ အကြောင်းအရာကို သေသေချာချာပြောပြတတ်တဲ့သူတစ်ဦးပါပဲနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အိမ်ထောင်မပြုခင်ကတည်းက ခင်ပွန်းဖြစ်သူနဲ့ သူမရဲ့အချစ်ရေးအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်တဲ့ လှနုထွန်းရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

လှနုထွန်းကတော့ “လှနုတို့က ပွင့်ပွင့်လင်းလင်းပြောရရင် အိမ်ထောင်ကျတာက ၂၀၀၆ မှာ ဒါပေမယ့် စပြီးကြိုက်ကတည်းက အတူနေတာက ၂၀၀၂ မှာနေတာဖြစ်တဲ့အတွက်ကြောင့် ဒါက အင်္ဂလန်မှာက ဒီလိုပဲ Living Together နေတာ ဖြစ်တဲ့အတွက်ကြေင့် လှနုတို့ ဒီကျောင်းသားအချင်းချင်းမှာ လက်မထပ်ပဲ အတူနေတယ်ဆိုတာ ရှိတယ်ပေါ့နော် ဆိုတဲ့အခါကျတော့ လှနုတို့ အဲ့ဒီအချိန်မှာ ညှိတယ်ဆိုတာ မရှိဘူးပေါ့နော် သူ့ရဲ့ ကျောင်းဆောင်မှာ လှနုက ခိုးနေတဲ့အခါကျတော့ ကျောင်းအုပ်ရောက်လာပြီဆိုရင် လှနု ခွေးပြေး ဝက်ပြေး ပြေးရတယ် အဲအချိန်မှာ ညှိဖို့မပြောနဲ့ ကျောင်းအုပ်ဆရာကြီးမမိအောင် ပြေးနေရတဲ့အချိန်ဆိုတော့ ညှိချိန်မရလိုက်ဘူး” ဆိုပြီး ခင်ပွန်းနဲ့ ရည်းစားဘဝအမှတ်တရအကြောင်း ပြောခဲ့တာပါ။

National Director အလှမယ် လှနုထွန်းကတော့ အိမ်ထောင်ရေးနဲ့ ပတ်သတ်တာတွေရော တစ်ခြားသော ဗဟုသုတတွေကိုပါ ဝေမျှပေးလေ့ရှိတာကြောင့် ဝေဖန်သူတွေရှိသလို၊ အားပေးကြတဲ့သူတွေလည်း အများအပြား ပိုင်ဆိုင်ထားတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း လက်မထပ်ခင်ကတည်းက ခင်ပွန်းဖြစ်သူနဲ့ အတူနေဖြစ်ခဲ့တဲ့အကြောင်း ကြည်နူးစွာပြောပြလာတဲ့ လှနုထွန်းရဲ့စိတ်ထားလေးကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Momolay TV

Comments are closed.