Victoria နဲ့ ကလေးမိဘတွေကို လိုအပ်တာတွေ ကူညီချင်တယ်ဆိုတဲ့ ဟန်ထူးလွင်

Victoria နဲ့ ကလေးမိဘတွေကို လိုအပ်တာတွေ ကူညီချင်တယ်ဆိုတဲ့ ဟန်ထူးလွင်

လွန်ခဲ့တဲ့ တစ်လကျော်ကတည်းက ဖြစ်ပွားခဲ့တဲ့ နေပြည်တော် မူကြိုကျောင်းမှ သက်ငယ်မုဒိမ်းမှုနဲ့ ပက်သတ်ပြီး ပြည်သူတစ်ရပ်လုံးက ဂရုဏာဒေါသတွေ ဖြစ်နေခဲ့ကြတာပါ။ အခုဆိုရင် သမီးလေး Victoriaအတွက် တစ်နိုင်ငံလုံးက ပြည်သူတွေနဲ့ အနုပညာရှင်တွေက ဝန်းရံရပ်တည်ပေးနေကြတာပဲ ဖြစ်ပါတယ်။ တစ်လကျော်သွားတဲ့ထိ အမှုမှန် မပေါ်ပေါက်သေးတဲ့ ထိုအမှုအတွက် နိုင်ငံကျော်အဆိုတော် ဟန်ထူးလွင် (ကျားပေါက်)က အခုလိုပဲ ဖော်ထုတ်ပြောဆိုလာပါတယ်။

“အမြဲတမ်း issue တစ်ခုဆို ကျွန်တော်သိတာနောက်ကျတယ်။ ဒီနေ့မှ မိန်းမနဲ့သေချာစကားပြောဖို့အချိန်ရလို့ Victoria လေးအကြောင်းအခုမှ ဂဃနဏသိရပါတယ်။ အမှုမှန်ပေါ်ချင်ရင်လွယ်လွယ်လေးကို ကြားက မရမက လိုက်ဖျက်နေတယ်လို့ post တွေမှာတွေ့ရပါတယ်။”

“တစ်ဆက်ထည်း သက်ငယ်မုဒိမ်းမှုတွေ death penalty ပေးဖို့ကိုကန့်ကွက်တဲ့လူတွေအကြောင်းပါသိလိုက်ရတယ်။ ကြားရတာ အံ့သြရပါတယ်။ လူမမည်တွေကို rape လုပ်တာ မျောက်တွေမှာလည်းရှိပါတယ်။”

“ကျွန်တော် ကြားဖူးတာတော့ မျောက်တွေဟာသူတို့ထဲမှာအဲ့လိုဖြစ်ပြီဆိုရင် တရားခံမျောက်ကို လူစုပြီးသတ်ပစ်ကြရပါတယ်။ society ထဲမှာမထားကြပါဘူး။ ကျွန်တော်တို့က မျောက်မှမဟုတ်ပဲ ဆိုလာရင်တော့လဲမသိဘူးပေါ့လေ။”

“ကလေးအတွက်လုံခြုံရေးကိုလဲ စိတ်ပူမိပါတယ်။ သူ့အတွက် psychological support အများကြီးလိုပါတယ်။ (သူ့မိဘတွေအတွက်ရော) လိုအပ်တာတွေလည်းကူညီချင်ပါတယ်။ ဘယ်သူ့ဆက်သွယ်ရမှန်းမသိ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောထားပါတယ်။

အခုဆိုရင် တစ်နိုင်ငံလုံးက သမီးလေး Victoria အတွက် ဝန်းရံရပ်တည်နေပြီး အမှုမှန်ပေါ်ပေါက်ဖို့ တွန်းအားပေးနေကြပြီ ဖြစ်ပါတယ်။ သမီးလေးအတွက် တရားသဖြင့်သော အမှုမှန်အမြန်ဆုံး ပေါ်ပေါက်ပါစေလို့ မိုမိုလေးမှ ဆုတောင်းပေးလိုက်ပါတယ်။

Rowena
Source: Han Htue Lwin’s fb
Photo: Justice for Victoria

Comments are closed.