မှနမွာနိုငငွံမှာ မကှာခဏဖှဈပှားေ နတဲ့ သကငွယမွုဒိမွးမှုတှနေဲ့ပ တသွတပွှီး ပှောလာတဲ့ ဇဏခွီ

မှနမွာနိုငငွံမှာ မကှာခဏဖှဈပှားေ နတဲ့ သကငွယမွုဒိမွးမှုတှနေဲ့ပ တသွတပွှီး ပှောလာတဲ့ ဇဏခွီ

လတ်တလော လူမှုကွန်ယက်မှာ ပြန့်နှံ့နေတဲ့ သက်ငယ်မုဒိမ်းမှုကတော့ ရင်နင့်ဖွယ်ကောင်းလောက်အောင်ပဲ အခုအချိန်ထိ တရားခံကို ဖမ်းမမိသေးပါဘူး။ အဆိုပါအမှုကိုတော့ အနုပညာရှင်တွေ၊ နာမည်ကြီးလှုပ်ရှားသူတွေအားလုံးက တက်တက်ကြွကြွနဲ့ အင်တိုက်အားတိုက် ပါဝင်ကူညီနေကြတာလည်း တွေ့ရပါတယ်။ ဒီနေ့မှာတော့ သရုပ်ဆောင် ဇဏ်ခီက နေပြည်တော်က သမီးလေး Victoria နဲ့ပတ်သတ်ပြီး သူ့ရဲ့အမြင်ကို ထုတ်ပြောလာတာပါ။ အကျိုးအကြောင်းသင့်တဲ့ ဇဏ်ခီရဲ့အမြင်ကိုတော့ ပရိသတ်တွေအားလုံးကလည်း လက်ခံကြတာ တွေ့ရပါတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် သုံးနှစ်သမီးလေးကို အဓမ္မကျင့်သွားတဲ့ အမှုကိစ္စနဲ့ပတ်သတ်ပြီး သူ့ရဲ့အမြင်ကို ထုတ်ပြောလာတဲ့ ဇဏ်ခီရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဇဏ်ခီကတော့ “တကယ်တော့ သက်ငယ်မုဒိမ်းဆိုတာ ခေတ်အဆက်ဆက်ကရှိခဲ့ပါတယ်။ နိုင်ငံတိုင်း လူမျိုးတိုင်းမှာလည်းရှိတယ်။ (တော်တော်လဲ စက်ဆုတ်ရွံရှာဖို့ကောင်းပါတယ်။ သူ့ထက်ဆိုးတာကတော့ မုဒိမ်းကျင့်ပြီး လူပါသတ်သွားတာ နဲ့ ကလေးငယ်တွေကိုသတ်ပြီး အတွင်းကလီစာတွေထုတ်ရောင်းတာတွေပေါ့။) ကျုးလွန်တဲ့သူတွေကိုကြည့်မယ်ဆိုရင်လဲ ဟိုးအောက်ခြေလူတန်းစားကနေ စာရိတ္တအမြင့်ဆုံးလို့သတ်မှတ်ထားတဲ့ လောကုတ္တရာပုဂ္ဂိုလ်တွေအထိပါပါတယ်။
အခုခေတ်မှာ ပိုများကောင်းလဲများလာနိုင်သလို social media network တွေကြောင့်ပိုများသယောင်လဲဖြစ်နေနိုင်ပါတယ်။ အခုလက်တလော အုံကြွမှုတွေဖြစ်နေတာကတော့ ရှင်းပါတယ်။ ခေတ်အဆက်ဆက်က ကျနော်တို့နိုင်ငံမှာအမှုဖော်ထုတ်ရေးအင်မတန်အားနည်းခဲ့တယ်။ အားနည်းနေဆဲ။ တရားဥပဒေစိုးမိုးရေးလည်း အင်မတန်အားနည်းတယ်။

ဥပဒေအထက်မှာနေနေတဲ့သူတွေရှိနေမြဲ။ ဒါတွေအားလုံးကိုပြည်သူတွေကောင်းကောင်းသိကြတယ်။ ထိုထိုသောအကြောင်းများကြောင့် အခု online ပေါ်ပြန့်နှံ့သွားတဲ့အမှုအတွက် အမှုမပေါ်မှာကိုကြောက်တဲ့စိတ်နဲ့ အားလုံးဝိုင်းကြည့် ဝိုင်းရေးနေကြတာပါ။ Online ပေါ်ပြန့်မသွားတဲ့ တစ်ခြားအမှုတွေ၊ အမှုတောင်မဖြစ်လိုက်တဲ့အဖြစ်တွေ ဘယ်လောက်များများလိုက်မလဲဆိုတာ တွေးကြည့်လို့ရပါတယ်။ Rule of law မခိုင်တဲ့အတွက် လူတွေစိတ်မချနိုင်ဖြစ်နေကြပါတယ်။ တစ်နည်းအားဖြင့်လဲကောင်းပါတယ်။ ကိုင်တွယ်နေတဲ့သူတွေမပေါ့ရဲတော့ဘူးပေါ့။ ဒါပေမယ့် တစ်ခုရှိတာတော့ အမှုဟာစစ်ဆေးရေးကာလမှာပဲရှိနေသေးတဲ့အတွက် အစွတ်စွဲခံမိသားစုရဲ့ဂုဏ်သိက္ခာကိုထည့်တွက်ပြီး အမှုမှန်ပေါ်ပေါက်လာတဲ့အထိ သေချာပေါက်ကြီးတွေမပြောသေးပဲ သတိ ဝိရိယနဲ့ အားလုံးစောင့်ကြည့်ုသင့်ပါတယ်။ အမှုမှန်အမြန်ဆုံးပေါ်ပေါက်ပါစေ။ တရားဥပဒေလွှမ်းမိုးနိုင်ပါစေ။” ဆိုပြီး အချက်ကျကျနဲ့ ပြောထားတာပါ။

နေပြည်တော်က သုံးနှစ်သမီးလေး အဓမ္မအကျင့်ခံရတဲ့ အမှုကတော့ အခုဆို အနုပညာရှင်တွေ တော်တော်များများနဲ့ ပရိသတ်တွေက ဝန်းရံနေကြပြီမို့ အမြန်ဆုံး အမှုမှန်ပေါ်ပေါက်စေဖို့ မျှော်လင့်ပါတယ်။ မိုမိုလေးပရိသတ်တွေရော မြန်မာနိုင်ငံမှာ မကြာခဏဖြစ်ပွားနေတဲ့ သက်ငယ်မုဒိမ်းမှုတွေနဲ့ပတ်သတ်ပြီး ပြောလာတဲ့ ဇဏ်ခီရဲ့အမြင်ကို ဘယ်လိုထင်မိလဲဆိုတာ ပြောသွားခဲ့ပါဦးနော်။

Myint Myat
Source;Zenn Kyi’s Facebook

Comments are closed.