မူကြိုကလေးငယ်အမှုတရားခံ ကျောင်းတာဝန်ရှိသူ၏ သားနှစ်ဦး မဟုတ်ဟု စီအိုင်ဒီ တာဝန်ရှိသူပြော

မူကြိုကလေးငယ်အမှုတရားခံ ကျောင်းတာဝန်ရှိသူ၏ သားနှစ်ဦး မဟုတ်ဟု စီအိုင်ဒီ တာဝန်ရှိသူပြော

 နေပြည်တော်  သပြေကုန်းရှိ Wisdom Hill မူကြို  ကျောင်းမှ သုံးနှစ်အရွယ်ကလေး ငယ်တစ်ဦး (ဗစ်တိုးရီးယား) မဖွယ်မရာ  ပြုကျင့်ခံရသည့်အမှု နှင့်ပတ်သက်၍ ဖေ့စ်ဘွတ်ခ်၌ စွပ်စွဲပြောဆိုခံနေရသည့် အဆိုပါ  ကျောင်းကြီးကြပ်ရေးမှူး၏ သား  နှစ်ဦးကို စစ်ဆေးရာတွင် ကလေး ငယ်ထံမှရရှိသည့် DNA (မျိုး ရိုးဗီဇ)နှင့် တူညီခြင်းမရှိဟု မှုခင်း ရဲတပ်ဖွဲ့(CID) အရာရှိတစ်ဦးက  အတည်ပြုသည်။

သံသယရှိခံရသည့် ၎င်းတို့ ကို ဇွန်လ ၁၄ ရက်ကတည်းက DNA စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း အဆိုပါရဲအရာရှိက 7Day  Daily သတင်းစာအားပြောသည်။

‘‘စစ်လည်းစစ်တယ်။ မျက် မြင်အနေအထားအရလည်း ပေါ် ပေါက်ချက်မရှိဘူး။ နောက်တစ် ချက်က ကျန်တဲ့ဇီဝဗေဒပြန်ကြား ချက်ကလည်း တူညီမှုမရှိဘူး၊ တူ ညီမှုမရှိလို့မဖမ်းတာလေကွာ’’ဟု  ရဲအရာရှိကဆိုသည်။

အဆိုပါအမှုအတွက် မူကြို ကျောင်း ဝင်လမ်း၊ထွက်လမ်းများ အရ ဝင်နိုင်၊ ထွက်နိုင်သူများ၊ ပြဿနာဖြစ်နိုင်သူများအပါအ ဝင် ကျူးလွန်နိုင်သူမှန်သမျှကို သက်သေခံအဖြစ် ရယူထား ကြောင်း ၎င်းကရှင်းပြသည်။

‘‘မေးတော့လည်းသူတို့  ဖြေ ချင်မှ ဖြေမှာပဲလေ။ မဖြေသော် လည်း ငါတို့သက်သေခံတွေ ရယူ တာပဲလေ။ တိုက်ဆိုင်စစ်ဆေးတဲ့ သူတွေများတယ်’’ဟု အဆိုပါCID ရဲအရာရှိက ဆိုသည်။

တရားခံပေါ်ပေါက်ရန် ရဲ တပ်ဖွဲ့အနေဖြင့် ကြိုးစားနေပြီး အမှုသည်နက်နဲနေသဖြင့် ပြော သလောက် လွယ်ကူမှုမရှိကြောင်း ၎င်းက ဆက်လက်ပြောသော် လည်း အသေးစိတ်ကိုမူ မသိရ သေးပေ။

ယင်းအမှုတွင် ပထမဆုံး စွပ်စွဲခံရသည့် သံသယတရားခံ ဖြစ်သူ ကျောင်းကြီးကြပ်ရေးမှူး၏  ယာဉ်မောင်းကို မေလ ၃၀ရက် တွင်  ရဲတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်း ပြီးနောက် တစ်လခန့်အကြာ ဇွန် လ ၂၄ ရက်တွင် ဖော်ထုတ်ရမိခြင်း မရှိ၍ ပြန်လွှတ်ပေးခဲ့သည်။

ဗစ်တိုးရီးယားဟု အမည် သတ်မှတ်ကာ အများ၏ ကရုဏာ သက်မှုခံနေရသည့် ကလေးငယ် ၏ ဖခင်က   ‘‘မိဘတွေအနေနဲ့က တော့ အမှုမှန်ကို မြန်မြန်ပေါ် ပေါက်စေချင်တာပေါ့ဗျ’’ဟု 7Day  Daily သတင်းစာအားပြော သည်။

ယင်းအမှုစစ်ဆေးတွေ့ရှိ ချက်များကို မကြာမီရက်ပိုင်းအ တွင်း  သတင်းထုတ်ပေးနိုင်ဖွယ်ရှိ ကြောင်း ရဲအရာရှိက ပြောသည်။ အဆိုပါ အမှုသည် မေလ ၁၆ ရက်ကတည်းက စတင်ပေါ် ပေါက်ခဲ့ပြီး ယမန်နေ့ညနေအထိ ရဲတပ်ဖွဲ့က  ဖော်ထုတ်ရမိကြောင်း  သတင်းထုတ်ပြန်ချက်တစ်စုံတစ် ရာ ပြုလုပ်ခြင်းမရှိပေ။

Comments are closed.