သမီးလေး VICTORIA အမှုကို သမ္မတကြီးကိုယ်တိုင် ကိုင်တွယ်ပြီ …

သမီးလေး VICTORIA အမှုကို သမ္မတကြီးကိုယ်တိုင် ကိုင်တွယ်ပြီ …

နေပြည်တော်ရှိ Wisdom Hill ကျောင်းတွင်တက်ရောက်နေသော ၃ နှစ်ဝန်းကျင်အရွယ် ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံရမှုနှင့်ပတ်သက်ပြီး သမ္မတကိုယ်တိုင် စိတ်ဝင်တစားကိုင်တွယ်နေကြောင်း လူ့အခွင့်အရေး ကော်မရှင်မှ အတွင်းရေးမှူး ဦးဘုန်းကြွယ်က ပြောသည်။

ဖြစ်စဉ်မှာ နေပြည်တော်ကောင်စီ၊ ဒက္ခိဏသီရိခရိုင်၊ ဇဗ္ဗူသီရိမြို့နယ် သပြေကုန်းရှိ Wisdom Hill ကျောင်းတွင် တတ်ရောက်နေသည့် ၃ နှစ်ခန့်အရွယ်ရှိ ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရသည်ဆိုကာ ပြီးခဲ့သော ၂၀၁၉ ခုနှစ်၊ မေလ ၁၇ ရက်တွင် သက်ဆိုင်ရာရဲစခန်း၌ အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်သည်

အဆိုပါအမှုနှင့်ပတ်သက်၍ ဇမ္မူသီရိမြို့မရဲစခန်း၌ ပုဒ်မ-၃၇၇ ဖြင့် အမှုဖွင့်ထားသော်လည်း ကျောင်းတွင် ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းမဟုတ်ဟု “Wisdom Hill” မှ တာဝန်ရှိသူများက မီဒီယာများထံ ရှင်းလင်းပြောဆိုခဲ့ပြီး အမှုကို ပြီးခဲ့သော ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃ ရက်က CID သို့လွှဲပြောင်းကာစစ်ဆေးနေကြောင်း သိရသည်။

“ ကျွန်တော်တို့လူ့အခွင့်အရေးကောင်မရှင်ကိုတိုင်ကြားမှုတော့မရှိသေးဘူးဆိုပေမဲ့ ကျွန်တော်တို့ဘက်ကလည်း လိုအပ်တဲ့နေရာဘက်ကနေဆောင်ရွက်ပေးမှုတွေရှိပါတယ်။ ပြီးတော့ ဒီဖြစ်စဉ်ကို သမ္မတကြီးကိုယ်တိုင် စိတ်ဝင်တစားနဲ့ ကိုင်တွယ်ဆောင်ရွက်နေတယ်။ ရဲတပ်ဖွဲ့ကလည်းအဆင့်မြင့်အဖွဲ့ ဖွဲ့စည်းပြီး စစ်ေးနေတယ်။

လူကယ်ပြန်ဝန်ကြီးဘက်ကလည်း ပံ့ပိုးမှုတွေရှိတယ်။ဘက်စုံဆောင်ရွက်နေတာဖြစ်ပါတယ်။ ပစ်မထားပါဘူး” ဟု လူ့အခွင့်အရေးကောင်မရှင်မှ အတွင်းရေးမှူး ဦးဘုန်းကြွယ်က ပြောသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးကလည်း အမှုမှန်ပေါ်ပေါက်ရန် ညွှန်ကြားထားကြောင်း ၎င်း၏ facebook စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

အဆိုပါအမှုမှန်ပေါ်ပေါက်ရေးအတွက် Facebook တွင်လည်း အနုပညာရှင်များအပါအဝင် ပြည်သူများမှ ဝိုင်းဝန်း တောင်းဆိုမှုများ ရှိနေသည်။

#AKonThi

Comments are closed.