ဘီနင်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သက်ထားသူဇာ ကမ္ဘာ့အဆင့် ၁၀၀ အတွင်း ဝင်ခွင့်ရဖို့ရှိနေ

အိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ခွင့်ရရှိဖို့အတွက် အနည်းဆုံးကမ္ဘာ့အဆင့် ၁၀၀ အတွင်း ရပ်တည်နိုင်ရန် လုပ်အပ်ပါတယ်။

အိုလံပစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့အတွက် ပြင်ဆင်နေတဲ့ သက်ထားသူဇာဟာ ဘီနင်နိုင်ငံမှာကျင်းပခဲ့တဲ့ International Series ပြိုင်ပွဲတွင် နိုင်ပွဲထပ်မံရရှိခဲ့အတွက် ၁၀လအတွင်း ပဉ္စမမြောက် ချန်ပီယံဆုရယူနိုင်သူ ဖြစ်လာခဲ့ပါပြီ။

ချန်ပီယံဆုအတွက် အဆင့် ၅ ဆင့် ကစားခဲ့ရပြီး ပထမအဆင့်ပွဲစဉ်နဲ့ ဒုတိယအဆင့်ပွဲစဉ်များတွင် အိမ်ရှင်ဘီနင် နိုင်ငံနဲ့ရင်ဆိုင်ခဲ့ပြီး ဘီနင်နိုင်ငံသူတစ်ဦးက ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့တဲ့အတွက် နောက်တစ်ဆင့်တက်ရောက် နိုင်ခဲ့တာဖြစ်ပြီး ကွာတားဖိုင်နယ်အဆင့်မှာ နိုင်ဂျီးရီးယားကို ၂၁-၁၂၊ ၂၁-၁၉ နဲ့အတူ နှစ်ပွဲပြတ် အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်အဆင့်တွင်မူ အီဂျစ်ကို အနိုင်ရရှိခဲ့တဲ့ သက်ထားသူဇာဟာ ဗိုလ်လုပွဲအဆင့်တွင် ပီရူးနိုင်ငံကခက်ခဲ တဲ့ပြိုင်ဘက်နဲ့ရင်ဆိုင်ခဲ့ရကာ ချန်ပီယံဆုအတွက် ၃ပွဲအထိကစားခဲ့ရကာ ပထမပွဲငယ်တွင် ၁၇-၂၁နဲ့ ရှုံးနိမ့်ခဲ့ပြီး ဒုတိယပွဲငယ်မှာ ၂၁-၁၈၊ တတိယပွဲငယ်မှာ ၂၁-၁၄ နဲ့ပြန်ပြီးအနိုင်ခဲ့တဲ့အတွက် အခုလိုချန်ပီယံဆုရရှိခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်အောက်တိုဘာလကတည်းက ရလဒ်ကောင်းတွေရရှိနေတဲ့ သက်ထားသူဇာအနေနဲ့ ၁၀လ တာအချိန်ကာလအတွင်း ချန်ပီယံဆု ၅ကြိမ်၊ ဒုတိယ ၁ကြိမ်ရရှိထားတဲ့အတွက် အိုလံပစ်ပြိုင်ပွဲဝင်ရောက်ယှဉ် ပြိုင်ခွင့်ရရှိဖို့ အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

ဘီနင် International Series ပြိုင်ပွဲပြီးဆုံးတဲ့နောက် သက်ထားသူဟာ နောက်ထပ် International Series ပြိုင် ပွဲဝင်ပြိုင်ဖို့အတွက် ယနေ့မှာတင် ဘီနင်နိုင်ငံမှ အိုင်ဗရီကို့စ်နိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီဖြစ်တယ်လို့လည်း သိရပါတယ်။

Credit: Duwun

Unicode Version

Comments are closed.