အရွယ်မရောက်သေးတဲ့ ကလေးတွေ အတွက် ဝမ်းနည်းရတဲ့ မိဘများကိုခံစားပြီး ရိုက်ကူးထားတဲ့ Box No.88 ရုပ်ရှင်ဇာတ်ကား

အရွယ်မရောက်သေးတဲ့ ကလေးတွေ အတွက် ဝမ်းနည်းရတဲ့ မိဘများကိုခံစားပြီး ရိုက်ကူးထားတဲ့ Box No.88 ရုပ်ရှင်ဇာတ်ကား

ဒီနေ့ခေတ်မှာ နေ့စဉ်နဲ့အမျှ ကြားရတာတွေကတော့ အသက်မပြည့်သေးတဲ့ ကလေးငယ်များကို မတရား မုဒိမ်းကျင့်မှုတွေပါပဲ။ လက်ရှိမှာလည်း နေပြည်တော်က (၃)နှစ်အရွယ် မိန်းကလေးနဲ့ ရွှေပေါက္ကံက (၁နှစ်၈လ) အရွယ် ကလေးမလေးတို့ရဲ့ အမှုကလည်း လတ်တလော ပြည်သူတွေအကြားမှာ ဂယက်ထနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေအတွက် ယူကြုံးမရဖြစ်ကြရတဲ့ ဖခင်နှင့်မိခင်များအတွက် နေတိုးရဲ့ ဇာတ်ဝင်ခန်းတစ်ခန်းနဲ့ ကိုယ်စားပြုခံစားလိုက်ရပါတယ်။

ထိုဇာတ်ဝင်ခန်းကတော့ ဒါရိုက်တာ ဝင်းလွင်ထက် ရိုက်ကူးပြီး နေတိုး၊ ထွန်းထွန်း၊ အိန္ဒြာကျော်ဇင်၊ သားညီ၊ ကာရာဗီ၊ ဂျင်းနီ၊ရွှေရင်အေး၊နှင်းသွေးယုအောင်တို့ သရုပ်ဆောင်ထားတဲ့ Box No.88 ရုပ်ရှင်ဇာတ်ကားကြီးမှ ဇာတ်ဝင်ခန်းတစ်ခန်း ဖြစ်ပါတယ်။

“Box No (88)” ရုပ်ရှင်ကားကြီးမှ နေတိုးရဲ့ သရုပ်ဆောင်ချက်

Box No (88) ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပညာပေးဇာတ်ကားမျိူးဖြစ်ပြီး ယခုနှစ် (၂၀၁၉) မတ်လမှာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီဇာတ်ဝင်ခန်းလေး တစ်ခန်းနဲ့တင် သားသမီးအတွက် ပူဆွေးနေရတဲ့ မိဘတွေရဲ့ ခံစားချက်ကို သိမြင်နိုင်ပါတယ်။ မြန်မာနိုင်ငံနှင့် ကမ္ဘာပေါ်ရှိအရွယ်မရောက်သေးတဲ့ ကလေးငယ်များအားလုံး သာယာပျော်ရွှင်သော ဘဝခရီးလမ်းဖြင့် ဖြတ်သန်းကြီးပြင်းနိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Photo:7th Sense Creation

Comments are closed.