ဘောလုံးသမား စတာလင် လီဗာပူး ကနေ ထွက်ခဲ့ရတဲ့အကြောင်းရင်းများ

ဘောလုံးသမား စတာလင် လီဗာပူး ကနေ ထွက်ခဲ့ရတဲ့အကြောင်းရင်းများ

မန်စီးတီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ရာဟမ်စတာလင်ဟာ ပရီးမီးယားလိဂ်ဖလားကိုင်မြောက်ချင်တာကြောင့် လီဗာပူးအသင်းကနေ ထွက်ခွာခဲ့ရတာဖြစ်ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ လီဗာပူးအသင်းနဲ့အတူ ဆုဖလားအောင်မြင်မှု မရရှိခဲ့တဲ့ စတာလင်ဟာ မန်စီးတီးအသင်းမှာတော့ အောင်မြင်မှုတွေ ဆွတ်ခူးရရှိနေပြီ ဖြစ်ပါတယ်။

စတာလင်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်တုန်းက ပြောင်းရွှေ့ကြေး ပေါင်၄၉သန်းနဲ့ အီတီဟတ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒါဟာ အင်္ဂလန်ကစားသမားတစ်ယောက်အနေနဲ့ သမိုင်းကြောင်းတစ်လျှောက် တန်ဖိုးအကြီးဆုံး ကစားသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ စတာလင်ဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ၂နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပါပြီ။

အသက်၂၄နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ သွင်းဂိုး ၂၅ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၈ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ မန်စီးတီးအသင်းနဲ့အတူ ပြည်တွင်းဖလားတွေဖြစ်တဲ့ ပရီးမီးယားလိဂ် ၊ FAဖလား နဲ့ ခါရာဘောင်ဖလားတို့ကို ဆွတ်ခူးခဲ့တဲ့ စတာလင်ဟာ လီဗာပူးအသင်းကနေ ထွက်ခွာလာခဲ့ရတဲ့ အကြောင်းရင်းကို အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

” ကျွန်တော့်အသက် ၂၁နှစ်အရွယ်တုန်းက တကယ်လို့သာ လီဗာပူးမှာဆက်နေပြီး ပရီးမီးယားလိဂ်ဖလားမရရင် အသင်းပြောင်းမယ်ဆိုပြီး ပြောခဲ့ပါတယ်။ အဲ့ဒီ့အချိန်က ကျွန်တော့်ရဲ့ဆုံးဖြတ်ချက် မှန်ကန်ခဲ့တယ်လို့ ပြောရမှာဖြစ်ပြီး အခု မန်စီးတီးအသင်းမှာ ပရီးမီးယားလိဂ်ဖလား ကိုင်မြောက်နိုင်နေပါပြီ။ နောက်ပြီးတော့ လစာငွေပြဿနာပါ။ သူတို့က ကျွန်တော့်လို လူမည်းတစ်ယောက်ကို လစာငွေအများကြီးပေးချေဖို့ ဆန္ဒမရှိပါဘူး။ ” လို့ ပြောကြားသွားခဲ့ပါတယ်။

နည်းပြဂွာဒီယိုလာရဲ့ လက်အောက်မှာတော့ စတာလင်ဟာ သူ့ရဲ့ခြေစွမ်းအတောက်ပြောင်ဆုံး ကာလတွေကို ဖြတ်သန်းနေရတာ ဖြစ်ပြီး ပရီးမီးယားလိဂ်လူငယ်တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု နဲ့ FWA ဆု တို့ကို ရရှိခဲ့ပြီး ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးအသင်းမှာလည်း ပါဝင်နိုင်ခဲ့ပါတယ်။

REF : sportskeeda
HYA (momolay)

Comments are closed.