ကေ လးမိဘမ်ား အိမ္မွာ ကေလး ရိွသူမ်ား သတိ ထားၾကပါ

ကေ လးမိဘမ်ား အိမ္မွာ ကေလး ရိွသူမ်ား သတိ ထားၾကပါ

ကျွန်ေ တာ့်သမီးလေး ပြီးခဲ့တဲ့ ကြာသာပတေး ညနေ ကျောင်း ကပြန်လာတော့ ” ဗိုက်နာတယ် ဗိုက်နာတယ်မေမေ “ဟု နာရီဝက်တခါ အော်အော်ငိုလေသည် ။

သြော် ငါ့သမီးလေး ဝမ်းမသွားတာ 3ရက်ရှိပြီ ဝမ်းချုပ်လို့ နေမှာဆိုပြီး သူ့အမေက ဒိန်ချဉ်နဲ့ စတော်ဘယ်ရီကျွေးလိုက်တော့ ခဏနေ အီးအီး ပါပြီးသော်လည်း သမီးက မကြာခဏဆိုသလို ဗိုက်နာတယ် ဗိုက်နာတယ် ဟု 4ခွန်း5ခွန်း အော်လိုက် ပြီးပျောက်သွားလိုက် နဲ့ ဆိုတော့ ကလေးက ဟန်လုပ်နေတာလား ဘာလား နဲ့ ပေါ့ပေါ့ဘဲတွေးမိတယ်လေ ။

ညဘက်လည်း ကောင်းကောင်းမအိပ်ဘဲ မကြာမကြာ အော်တော့ မဖြစ်ချေဘူးဆိုပြီး သောကြာနေ့ မနက်စောစော ပြနေကြ နာမည်ကြီး ဆေးရုံက နာမည်ကြီး အထူးကုဆရာဝန်မကြီးဆီသွားပြ ဖြစ်စဉ်ပြောပြတော့ ….သေချာနားထောင်ပြီး…

“အေး နင်တို့က ဝမ်းချုပ်လို့ ကလေးကို ဝမ်းသွားအောင် ဒိန်ချဉ်တိုက်တယ် အဲ့ဒါမှားတယ် ဝမ်းကိုက်တာ ဝမ်းမှန်တာ ဝမ်လျှော တာ 3ဆင့်ရှိတယ် အခုကလေးက ဝမ်းကိုက်ပိုးဝင်နေပြီ တစ်ချို့က ဝမ်းကိုက်သည်အထိ စောင့်ကြည့်တယ် စောင့်ကြည့်စရာမလိုဘူး ဝမ်းမကိုက်အောင်ကြိုတင်ကာကွယ်ထားရမယ် ” …ဆိုပြီး ပိုးသတ်ဆေးနဲ့ တခြား လိုအပ်တဲ့ ဆေးတွေ ပေါင်း4မျိုးပေးလိုက်တယ်။

ဆေးကောင်တာ မှာ ဆေးယူနေရင်း လင်မယား2ယောက် ဆရာမကြီးက ဝမ်းကိုက်ပုံအဆင့်ဆင့်ကို သေချာတော့ ရှင်းပြလိုက်တယ် ဒါပေမဲ့ ကလေးက ဒိန်ချဉ် မတိုက်ခင်ကတည်းက ဗိုက်နာတယ် အော်နေတာ မှားများ မှားနေလား …?ပြန်ဝင်ပြောရင် ကောင်းမလား….? နောက်ဆုံးတော့ သြော် သူက အတွေ့အကြုံ အများကြီးရှိပါတယ် သူလည်း သေချာရှင်းပြတာဘဲ ဟုတ်မှာပါ ဆိုပြီး ကလေးကို ဆေး ဂရုတစိုက်တိုက်ဖို့ အမျိုးသမီးကို ဈေးမလိုက်ခိုင်းဘဲ အိမ်မှာထားခဲ့တယ်လေ။

ဈေးကပြန် ညနေလောက်ထိလည်း ကလေးက သိပ်မသက်သာ ညဘက် အိပ်ယာဝင်တော့လည်း တအီအီနဲ့ ဆိုတော့ တခြားဆရာနဲ့ သွားပြဖို့ ပြောတော့ ဆရာမကြီးက ပိုးသတ်ဆေးပေးထားတာ တခြားဆရာက ဆေးပြောင်းပေးရင် ပိုးသတ်ဆေး 4ခွက်လောက်က ဝင်နေပြီ မပြောင်းချင်ဘူး အဲ့ဒီတော့ အဲ့ဆေးရုံဘဲ ဖုန်းဆက်ပြီးတော့ ဆရာမကြီးကို on call ခေါ်ပေးလို့ရမလားဆိုတော့ မရပါဘူး အရေးကြီးရင် ရန်ကင်းကလေးဆေးရုံ ဖြစ်ဖြစ် ဟယ်ပင်ဖြစ်ဖြစ်သွားပါဆိုတော့ အမှန်အတိုင်းပြောရရင် မသွားချင်တာနဲ့ ကဲ နောက်နေ့မနက်စောစော ဆရာမကြီးဆီဘဲ သွားကြတာပေါ့ကွာ ဆိုပေမဲ့ ကလေးရော ကိုယ်ရော တစ်ညလုံး မအိပ်ရပါ။

တကယ်တော့ ကျွန်တော်လည်း သောကြာနေ့ကတည်းက ဖျားချင်ချင် စနေနေ့ကြတော့ လုံးဝကိုမလှုပ်နိုင်။ဒါနဲ့ ကလေးဆေးခန်းကို အမျိုးသမီးဘဲလွှတ်လိုက်တော့ စနေနေ့ မို့ ဆရာမကြီး ဆေးခန်းမထိုင်ပါတဲ့ ဒါဆိုလည်း ရန်ကင်းကလေးဆေးရုံဘဲ သွားလိုက်ကွာဆိုပြီး ရန်ကင်းကလေး ဆေးရုံရောက်တော့ ဆေးတစ်လုံးတိုက်ပြီး တစ်နာရီလောက်စောင့်ကြည့်မယ် မသက်သာရင်ပြန်လာ ဆိုပြီးတော့ အိမ်ပြန်လာတယ်။ လေ သို့မဟုတ် သံကောင်ကြောင့်ဖြစ်မှာပါတဲ့။

ဒါပေမဲ့ ကလေးက မသက်သာ မကြာမကြာအော်နေရဆဲ ။စိတ်ထဲမှာ သဘောမကျတော့ဘူး ဒါနဲ့ ကိုယ့်ဘာသာ ဓာတ်မှန်လေး ultrasound လေးရိုက်ပြီး အဖြေရှာရင် မကောင်းဘူးလား ၊ဆိုပြီး အထွေထွေ မိသားစု ဆရာဝန်ဆီ လက်မှတ်တောင်းဖို့ သွားရင်း ကလေးပြပြီး စမ်းသပ်ကြည့်တော့ သူလည်း ဘာမှမတွေ့ဘူး ဗိုက်က normal ဘဲ ဟဲ့ ဆေးစာအုပ်မှာ ရေးထားတာက ဝမ်းကိုက်တာလည်း ဖြစ်နိင်တယ် Emotion လို့လည်းပါတယ် ဆိုတော့

“နင့်ကလေးက ဝမ်းကိုက်တာတော့ မဟုတ်လောက်ဘူး အကြီးတွေက အငယ်ကလေး ရောက်လာရင် အဲ့လိုဖြစ်တတ်တယ် သူတို့ကို ပိုဂရုစိုက်အောင် ကဲပြတာမျိုးလေ..စိတ်မပူနဲ့ Ultrasound သွားရိုက်လည်း ဘာမှတွေ့မှာ မဟုတ်ဘူးရယ် “ဆိုတော့လည်း ဆရာဝန်စကား နားထောင်ပြီး မရိုက်ဘဲနဲ့ ပြန်လာပြီး ကလေးကိုဘဲ ပိုဂရုစိုက်ပြရတော့တာပေါ့။

ဒါပေမဲ့ ကလေးက မသက်သာ ပိုပိုဆိုးလာသလိုဘဲ ညလည်း အိပ်ရင်း နာရီဝက်လောက်နေ ထထငိုလိုက်နဲ့ အိပ်ရေးတွေပျက် ၊ ကျွန်တော်ကိုယ်တိုင်ကလည်း တနေကုန် အဖျားမကျလို့ ကတုန်ကယင်တွေဖြစ်နေချိန်ပေါ့။

တနင်္ဂနွေမနက်ကျ အမျိုးသမီးကို ပြနေကျ ဆရာမကြီးရှိရာ စောစော သွား “ဆရာမကြီး ကလေးက မသက်သာလို့ Ultrasound လေး ဘာလေးရိုက်ဖို့လိုမလား ပြောတော့ ရိုက်ချင်ရိုက်ကြည့်လေတဲ့ တစ်ချို့ ကလေးအမေတွေက ကျွန်မတို့က ရိုက်ခိုင်းရင်တောင် မလိုအပ်ဘဲ ရိုက်ခိုင်းတယ် ထင်ပြီး မရိုက်ချင်ကြဘူး ရိုက်ကြည့်တာ ကောင်းပါတယ်”ဆိုတော့

နောက်ထပ် ကလေးအထူးကုဆေးရုံ တစ်ခုသွား Ultrasound ရိုက်လိုက်တော့ ကလေးက အူ အကြီးထဲကို အူအသေးစွပ်သွားတာ အူကျွံတယ်ခေါ်တာပေါ့ဗျာ ထူးတော့ထူးဆန်းတယ် ဒါမျိုးက 6လ 1နှစ်အရွယ်တွေအဖြစ်များတယ် 3နှစ်ခွဲ အရွယ်က ဖြစ်ခဲတယ်တဲ့ ။

အဲ့ဒါ စအိုထဲကနေ ဆေးရည်ထဲ့ပီး အူကို ပွလာအောင်လုပ်ရမယ် အူက ပွလာရင် ပြန်ကျွတ်ချင်လည်းကျွတ်မယ် 50=50ဘဲ မကျွတ်ရင် ဗိုက်ခွဲပြီး စွပ်နေတဲ့အူကို ဖြတ်တောက်ပြန်ဆက်လုပ်ရမယ် ဆိုပြီး ကလေးကို စအိုထဲ ဆေးထည့် ဖို့ အင်္ကျီ အဝတ်အစားတွေလဲပေးကြတယ်တဲ့”။ အဲ့ဒီမှာ အမျိုးသမီးက ဟာ မဖြစ်သေးဘူး ဒါဆို အမျိုးသားနဲ့ တိုင်ပင်ရဦးမယ်ဆိုပြီး နေမကောင်းဖြစ်နေတဲ့ ကျွန်တေိာ့ဆီဖုန်းဆက်လာတော့….

ဟာ ခွဲရ စိတ်ရမယ်ဆိုရင်တော့ ဒီမှာမလုပ်ဘူး ဘန်ကောက်သွားမယ် စအိုကနေ ဆေးသွင်းတာဘဲ လုပ်မယ် ဆိုရင်ရော ဆိုတော့ “အဲ့ဒါဆို မခွဲဘဲနဲ့ ခွဲစိတ်ဆရာဝန်ခေါ်ရမှာ အားနာတယ်တဲ့ ဆေးရည်ကလည်း ဝမ်းထဲကနေ ဝင်တာနဲ့ ဗိုက်ကြီးဖောင်းလာပြီး ကလေးကနေနိင်မှာမဟုတ်ဘူး”..

ဆိုတော့ ကျွန်တော်လည်း အပြင်းဖျားနေတဲ့ ကြားက သမီးဆိုတဲ့ အသိတစ်ခုတည်းနဲ့ အခုဘဲ မီရာ လေယဉ်နဲ့ ဘန်ကောက်သွားမယ် ဆိုပြီး သိန်3း00လောက် ဒေါ်လာလဲခိုင်း လိုရင် ထပ်လွှဲခိုင်းဖို့ ဟွန်တီတွေချိတ် ချီးမယ့်ငှါးမယ့်သူတွေ ကြိုရှာနဲ့ သမီးဇောပေါ့ဗျာ။

အဲ့ဒီအချိန်မှာ ခွဲစိတ်ကုသရမယ်ဆို ငွေတွေ အများကြီးကုန်လောက်တယ် ဆိုတာနှမျောဖို့ထက် ကျန်းမာရေးကို မနက်ဖြန်ရွှေ့လို့မရဘူး နောက်ကျမှ နောင်တတွေရနေရမယ် ကျန်တာ နောက်မှဖြေရှင်းလို့ရတယ် ဆိုပြီး ဆေးရုံမရောက်မချင်း လင်မယား2ယောက် အားတွေတင်းရင်း သမီးမျက်နှာကြည့်လိုက် ငါ့သမီးလေးရယ်…ဆိုပြီး မချိတွေးတွေးလိုက်နဲ့ အဲ့နေ့ည 10နာရီကျော်ကျော်လောက် Bumrungrad ဆေးရုံအရောက်သွားကြတယ်လေ။

ဆေးရုံရောက်တော့ ကလေးဗိုက်သေးသေးလေးကို Ultrasound 12နေရာလောက်ရိုက်ပြီးတော့ “ဟုတ်တယ် ကလေးက အူကျွံနေတာ အဲ့ဒါ စအိုကနေ ဆေးအမှုံ့လေးထည့်ပြီး လေမှုတ် လိုက်ရုံဘဲ ဘာမှမပူနဲ့ 80%လောက်အောင်မြင်တယ် အများဆုံးကြာလှ တစ်နာရီဘဲရယ် ထုံဆေးလည်းမပေးဘူး မေ့ဆေးပေးစရာလည်း မလိုဘူးရယ် စိတိချ အကယ်၍ တခုခုဖြစ်ခဲ့မယ်ဆိုလည်း ခွဲစိတ်ဆရာဝန်ကြီးလည်း stand by ထားထားတယ်” တဲ့။စိတ်ပူရတာ တစ်ဝက်လောက်ကိုသက်သာသွားတယ်ဗျာ။

ဒါနဲ့ ခွဲခန်းထဲ ကျွန်တော်ရောဝင်လို့ရလားဆိုတော့ ရတယ်ဆိုတာနဲ့ သမီးဇောတစ်ခုတည်းနဲ့ ဝင်သွားလိုက်တာ ဟိုကျ ကလေးက စအိုထဲပိုက်ထဲ့လိုက်ချိန် ကြောက်လန့်တကြားငိုတော့ သူ့ကို မငိုဖို့ ချော့ရင်း ကိုယ့်မှာ ငါ့သမီးလေးရယ်….ဆိုပြီး ငိုလိုက်ရသေးတာ။

စအိုထဲပိုက်ရောက်တာနဲ့ pressureတိုင်းတဲ့ ဘောလုံးလိုဟာလေးနဲ့ 2ချက်လောက်ညစ်ပြီး X ray နဲ့ တစ်ခါတည်းရိုက် အခြေအနေကြည့် ရလောက်ပြီဆိုတာနဲ့ပြန်ဖြုတ် Ultrasound ကို စောနက နေရာတွေအတိုင်း ပြန်ရိုက်ပြီးတော့ အားလုံးOKပါတယ် စိတ်ချလိုက်ပါတော့တဲ့ ။ စုစုပေါင်း 15မိနစ်လောက်ဘဲကြာတယ်ရယ်။ အဲ့ဒါပြီးကတည်းက သမီးလေးက ဗိုက်နာတယ် တစ်ခါမှ မပြောတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေနိင်တာကြည့်ပြီး ကိုယ့်ဘာသာကို ဒေါသထွက်မိတယ် ။

“မြန်မာပြည်မှာ ဆရာဝန်ကြည့်ခ တောင် 1သောင်း2ထောင် ပေးနေရချိန် Ultrasound လေးရိုက်တာ 1သောင်း8ထောင်ဘဲကုန်တာ ဘာလို့ တစ်ခါတည်းမရိုက်ခိုင်းရလဲ ။ ဆရာဝန် မရိုက်ခိုင်းလည်း ကိုယ့်ဘာသာ ဘာလို့ မရိုက်မိလဲ(Ultrasound ရိုက်တာ ဘေးထွက်ဆိုးကျိုးမရှိဆိုတာ အခုမှသိတာလဲပါပါတယ်)။ အခုဆို ကလေးမှာ 4ရက်လောက် အအိပ်ပျက် အစားပျက်နဲ့ နာနေရှာတာ ။သနားလိုက်တာ သမီးရယ်။

ဒီ အူကျွံတဲ့ ကိစ္စက ကြာလာရင် အတွင်းထဲက အူက ပုတ်လာရင် ဗိုက်ခွဲ ဖြတ်ထုတ်ရမှာလေ ၊ ပေါ့သေးသေးမှမဟုတ်တာ။

ပိုးသတ်ဆေးနဲ့ အားဆေး တစ်လုံးသွင်းပြီး နောက်နေ့ ညနေ 6နာရီကျတော့ ဆေးရုံကဆင်းလို့ရပြီတဲ့လေ။ ကဲ ဘာတွေ တွေးပြီး ဘယ်လိုရွေးချယ်ကြမလဲ…?

ဆေးရုံမှာ စုစုပေါင်း ကုန်ကျစရိတ် ဘတ်ငွေ 38550ဆိုတော့ မြန်မာငွေ 15သိန်း ဝန်းကျင်ဘဲ ကုန်ပါတယ် လေယဉ်ခ ဘာညာပေါင်းမှ သိန်3း0မကုန်ဘူးရယ်။

ကလေးမိဘတွေအနေနဲ့ သိစေချင်တာလေး တစ်ခုဘဲရှိပါတယ်ခင်ဗျာ။ တစ်ခုခုဆို သူများစကားတစ်ခွန်းတည်းနဲ့ လမ်းမဆုံး ကြပါနဲ့ ။ ကိုယ့်ဘက်က လုပ်သင့်တာလုပ်စရာ ရှိတာတွေ အကုန်လုပ်ပါ။ ပြီးရင် နိင်ငံခြား ဆေးသွားကု ရတာကို ကြောက်နေတာတို့ ကုန်ကျစရိတ် အများကြီး ကျမှာဘဲတို့သိပ်မတွေးပါနဲ့။ တစ်ခါတစ်ခါ ကိုယ်ထင်ထားသလို ပေါက်ဆိန်နဲ့ မပေါက်ရဘဲ အပ်ကလေးနဲ့ ထွင်းလိုက်သလိုဘဲ ပြီးသွားတဲ့ ကိစ္စတွေ အများကြီးရှိတတ်ပါတယ်ခင်ဗျာ။

အခု ကျွန်တော့်ဖြစ်စဉ်ကိုဘဲ ကြည့်ပါခင်ဗျာ။. မှတ်ချက်။ ။ဒီစာသည် သမီးကို အရမ်းချစ်သော ဖခင်စိတ်ဖြင့် တစ်ခြားကလေးတွေ ကိုယ့်လို အဖြစ်မျိုး ကြုံမှာစိုး သဖြင့် ရေးခြင်းသာဖြစ်ပါတယ်။မည်သူ တစ်ဦး တစ်ယောက်ကိုမျှ ထိခိုက်လိုခြင်း အလျှင်း မရှိပါ။တစ်ခြား ဆန္ဒလည်း လုံးဝမရှိပါ။

Credit: Tuu Naing

Comments are closed.