၉ နှစ်အရွယ် ကလေးတစ်ဦးကို လိမ်လည်ခေါ်ဆောင်သွားပြန်တဲ့ သက်ငယ်မုဒိမ်းဖြစ်စဉ်

၉ နှစ်အရွယ် ကလေးတစ်ဦးကို လိမ်လည်ခေါ်ဆောင်သွားပြန်တဲ့ သက်ငယ်မုဒိမ်းဖြစ်စဉ်

၉ နှစ်အရွယ် ကလေးတစ်ဦးကို လိမ်လည်ခေါ်ဆောင်သွားပြန်တဲ့ သက်ငယ်မုဒိမ်းဖြစ်စဉ်

မနေ့က ဇူလိုင်လ ၁ ရက်နေ့မှာ အမရပူရ၊ ရွှေကြက်ယက်တိုက်နယ်၊ စံရွေးရပ်က အသက် ၉ နှစ်အရွယ် သမီးငယ်လေးတစ်ဦးကို အောင်အောင်ဆိုသူ အရွယ်ရောက်အမျိုးသားတစ်ဦးက အမေခေါ်ခိုင်းတယ်လို့ပြောဆိုပြီး ကျောင်းဆင်းချိန် နေ့လည် ၃ နာရီဝန်းကျင်ခန့်မှာ လိမ်လည်ခေါ်ဆောင်သွားခဲ့ရာက သမီးလေးဟာ တစ်ရက်တိတိပျောက်ဆုံးလို့ သွားခဲ့ရပါတယ်။

ဒီနေ့ ဇူလိုင်လ ၂ ရက်နေ့ မနက်မှာတော့ ကလေးကို လိမ်လည့်ခေါ်ဆောင်သွားတဲ့ အောင်အောင့်ကို ရှမ်းလေးကျွန်းထိပ်မှာ ရပ်ကွက်ကဖမ်းဆီးရမိခဲ့ပါတယ်။

လက်ရှိမှာတော့ သမီးငယ်လေးကိုတော့ ဘာတစ်ခွန်းမှမေးမြန်းလို့မရနိုင်သေးဘဲ သမီးငယ်လေးရဲ့အခြေအနေဟာ မေးမြန်းသမျှ ဘာတစ်ခုမှကို မပြောဆိုနိုင်သေးတဲ့ အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။

ဒီလို သက်ငယ်ကလေးတွေကို လိမ်လည်လှည့်ဖျားနေတဲ့ သတင်းတွေကို မကြာမခဏ ကြားသိနေရတာဟာ ကလေးငယ်လေးတွေ ထိန်းကျောင်းမွေးမြူထားရတဲ့ မိဘတွေအတွက် စိတ်အပူရဆုံး၊ အစိုးရိမ်ရဆုံးအခြေအနေ တစ်ခုဖြစ်လာခဲ့ပြီး ဒီပြသနာဟာ အမြန်ဆုံး နဲ့ အထိရောက်ဆုံး ဥပဒေနဲ့ထိန်းကွပ်သွားဖို့ လိုအပ်လာနေပြီဖြစ်ပါတယ်။

သက်ငယ်မုဒိန်းနဲ့ပတ်သက်ပြီး သေဒဏ်ပေးမယ့် ဥပဒေမူကြမ်းကိုလည်း နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထားပြီးဖြစ်သလို မိဘတွေအနေနဲ့လည်း မိမိတို့ကလေးငယ်လေးတွေကို အခုလိုကာလဆိုးတစ်ခုမှာ ရင်အုပ်မကွာ၊ မျက်စိအောက်ကအပျောက်မခံဘဲ ပိုပြီး သတိကြီးကြီးနဲ့ ထိန်းသိမ်းစောင့်ရှောက်နေဖို့ လိုအပ်ကြောင်းသတိပြုစေလိုပါတယ်။

ချစ်ပရိသတ်များလည်း မိမိရဲ့ ရင်သွေးငယ်များကို သတိထားစောင့်ကြည့်ပြီး စောင့်ရှောက်ကာကွယ်နိုင်ကြဖို့ အထူးသတိပေးလိုက်ပါရစေ။

Comments are closed.