ကျောင်းမုန့်ဈေးတန်းများမှာ စားသုံးရန်မသင့်သည့် အစားအသောက် ၂၀ ကျော် FDA ထုတ်ပြန်

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် အစားအသောက်များကို ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများမှ ဝယ်ယူစစ်ဆေးခဲ့ရာ အစားအသောက် အမျိုး ၂၀ ကျော်သည် စားသုံးရန်မသင့်သည့် အစားအသောက်များဖြစ်ကြောင်း FDA က ထုတ်ပြန်သည်။

အဆိုပါ စားသုံးရန်မသင့်သည့် အစားအသောက်များမှာ ရှမ်းကြီးတံဆိပ် ပဲကြီးလှော်၊ ကောင်းကောင်းတံဆိပ် ငရုတ်သီးခွဲကြမ်းမှုန့်နှင့် အရောင်တင်မှုန့်၊ နိုင်တံဆိပ် ငရုတ်ဆီ၊ နိုင်အမှတ်တံဆိပ် ငရုတ်သီးအရောင်တင်မှုန့်၊ ထောဘီတံဆိပ် ဇီးထုပ်၊ တီဆွေတံဆိပ် မြိတ်ငါးပိထောင်း၊ နတ်သမီးတံဆိပ် ခေါက်ဆွဲ၊ ဝင်းစတားတံဆိပ် ငရုတ်ဆီဆော့၊ ASA တံဆိပ် ဂျယ်လီအစိမ်းနှင့် အဝါ၊ တိုးတက်အောင်တံဆိပ် ဇီးထန်းလျက်၊ ဆဲဗင်းစတားတံဆိပ် ငရုတ်ဆီ (အညို)၊ ထွန်းမိသားစုတံဆိပ် ဂျင်းချဉ်၊ Kywe Cho တံဆိပ် Myanmar Ginger Energy Drink၊ ဒေါ်နွဲ့တံဆိပ် အရောင်တင်မှုန့်၊ သရဖူတံဆိပ် အရောင်တင်မှုန့်၊ မင်းမင်းတံဆိပ် ငရုတ်သီးအနုမှုန့်၊ သင်းတံဆိပ် ငရုတ်သီးမှုန့်၊ ရွှေမင်းသားတံဆိပ် ဇီးလုံး၊ DDK တံဆိပ် ငရုတ်သီးအစိမ်းမှုန့်တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအစားအသောက်များသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ စားသုံးရန်မသင့်ဟု စစ်ဆေးတွေ့ရှိပြီး အမှတ်တံဆိပ်ပါသည့် နမူနာစာရင်းများဖြစ်ကြောင်း၊ ယခုအစားအသောက်များကို နောက်ထပ်ကြေညာချက် ထုတ်ပြန်သည်အထိ စားသုံးခြင်းမပြုရန် FDA က သတိပေးကြေညာထားသည်။

( ယခုဖော်ပြပါသတင်းကို The Voice Daily ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည် )

Unicode

Comments are closed.