၇ရက်သားသမီးများအတွက် ထီပေါက် ကံပွင့် ကျင့်စဉ်

၇ရက်သားသမီးများအတွက် ထီပေါက် ကံပွင့် ကျင့်စဉ်

၇ရက်သားသမီးများအတွက် ထီပေါက် ကံပွင့် ကျင့်စဉ်

  • ( ၁ ) ဘုရားရှိခိုးပါ ။
  • ( ၂ ) သီလခံယူ ဆောက်တည်ပါ ။
  • ( ၃ ) နတ်ပင့်ပါ ။(သမန္တာနှင့် ပင့်ပါ )

သမန္တာ မရက – ဤသို့ ပင့်ပါ။ (နတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့—ကျွန်ုပ်၏ မြတ်ဗုဒ္ဓအား – ဓမ္မဖြင့်ပူဇော်ခြင်းကို – နာကြားရန်နှင့်ကုသိုလ်အမျှ ယူရန် –ဤဂေဟာဋ္ဌာနသို့ – လေးစားစွာ –ပင့်ဖိတ်အပ်ပါ၏ ) ( ၃ ) ကြိမ် ဆိုပါ ။

  • ( ၄ ) မေတ္တာပို့ပါ ။( မေတ္တသုတ်ရွတ်ပါလေ) မေတ္တသုတ် မရပါက – လုံးစုံများစွာနှင့် – ပို့ပါလေ။
  • ( ၅ ) ပုတီးအဓိဋ္ဌာန်ယူရန် ။

(ကျွန်ုပ်သည် ဤပုတီးလမ်း ကျင့်စဉ်ကို ( ၉ ) ရက် မပျက်မကွက် ကျင့်ဆောင်ရန် အဓိဋ္ဌာန်ပြုပါ၏ ) ( ၃ ) ကြိမ် ဆိုပါ ။

  • ( ၆ ) ရတနာ သုံးပါးအား – ခန္ဓာအပ်နှင်းရန် ။
  • အဇ္ဇအာဒိ ကံတွာ – အဟံအတ္တာနံ – ဗုဒ္ဓဿ
  • နိယျာဒေမိ ။
  • အဇ္ဇအာဒိ ကံတွာ – အဟံအတ္တာနံ – ဓမ္မဿ
  • နိယျာဒေမိ ။
  • အဇ္ဇအာဒိ ကံတွာ – အဟံအတ္တာနံ – သံဃဿ
  • နိယျာဒေမိ ။
  • အဇ္ဇအာဒိ ကံတွာ – ယနေ့ကိုအစပြု၍ ၊
  • အဟံ – အကျွန်ုပ်သည် ၊ အတ္တာနံ – မိမိကိုယ်ကို ၊
  • ဗုဒ္ဓဿ- မြတ်စွာဘုရားအား ၊ နိယျာဒေမိ – အပ်နှင်း
  • လှူဒါန်းပါ၏ ။အဇ္ဇအာဒိ ကံတွာ – ယနေ့ကိုအစပြု၍
  • အဟံ –အကျွန်ုပ်သည် ၊အတ္တာနံ – မိမိကိုယ်ကို ၊
  • ဓမ္မဿ – တရားတော်မြတ်အား ၊နိယျာဒေမိ – အပ်နှင်း
  • လှူဒါန်းပါ၏ ။အဇ္ဇအာဒိ ကံတွာ – ယနေ့ကိုအစပြု၍ ၊ အဟံ –အကျွန်ုပ်သည် ၊ အတ္တာနံ – မိမိကိုယ်ကို ၊
  • သံဃဿ- သံဃာတော်မြတ်အား။ နိယျာဒေမိ – အပ်နှင်း လှူဒါန်းပါ၏ ။ ( ဒုတိယံပိ / တတိယံပိ – ဆိုပါလေ ) ( ၁ ) ခေါက်သာ ဆိုပါ ။

( ၇ ) အဓိဋ္ဌာန်ပုတီး စိပ်ရန် ။

  • အညမညပစ္စယော
  • ဗုဒ္ဓေါ ဘဂဝါ ဗုဒ္ဓေါ
  • သောဘဂဝါဣတိပိ

အညမညပစ္စယော ။ ( ပုတီး တလုံးချ ) ပုတီး ( ၃ ) ပတ် စိပ်ရမည် ။

( ၈ ) ဆုတောင်းရန် ။

ကျွန်ုပ်သည် – ဤပုတီးအဓိဋ္ဌာန် ( —- ) ရက်၊ ပြီးမြောက် အောင်မြင်ခဲ့ပြီ၊ ဤ အောင်မြင်မှုသည် – ထီပေါက် ကံပွင့်ခြင်းအကြောင်း – အထောက်အပံ့ ဖြစ်ရပါစေသတည်း ။( ၃ ) ကြိမ် ဆိုပါလေ ။

  • ( ၉ ) လောကကို – အမျှ ပေးဝေပါ ။
  • ( ၁၀ ) နတ်များပြန်ပို့ရန် ။
  • ( ဧတာဝတာစ — ပါဠိနှင့်ပို့ရန် )

မပို့တတ်ပါကဤအိမ်ဂေဟာသို့ – ပင့်ဖိတ်သဖြင့် မြတ်ဓမ္မနာကြားရန် –ရောက်ရှိလာကြပါကုန်သော – အို —နတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့ ၊ကျွန်ုပ်၏ ဓမ္မဒါနကုသိုလ်အမျှ –ပေးဝေခြင်းမှ –ရရှိကြပြီး ဖြစ်ပါ၍ – မိမိနေရာ –ဘုံဗိမာန်ဋ္ဌာနသို့ – ဧချမ်းစွာ ပြန်ကြွ ကြပါကုန်လော့ ။

  • ( ၁ ) ကြိမ် ဆိုပါလေ ။
  • ( မှတ်ချက် ) ပိတောက်သားပုတီးဖြင့် စိပ်ရပါမည် ။
  • ပိတောက်သားပုတီးလိုအပ်ပါက 09255855546 ကို ဖုန်းဆက် မှာယူနိုင်ပါသည်။

Credit: manawmaya journal

Comments are closed.