H1N1 ကြောင့် သေဆုံးသူ ၂၁ ဦးအထိရောက်ရှိလာ

မန်မာနိုင်ငံတစ်ဝန်း ရာသီတုပ်ကွေးရောဂါ (H1N1) ကြောင့် အသက်သေဆုံးသူ ၂၁ ဦးအထိ ရှိပြီဖြစ်ပြီး အသက် ၁၅ နှစ်မှ ၆၅ နှစ်အရွယ်များတွင် ပိုးတွေ့ရှိမှုအများဆုံးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက အတည်ပြုပြောကြားသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၁ ရက်နေ့အထိ ရာသီတုပ်ကွေးရောဂါပိုး (H1N1) သံသယလူနာ ၃၄၃ ဦးရှိပြီး ပိုးတွေ လူနာ ၉၉ ဦးရှိကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။ ရန်ကုန်တိုင်းတွင် ရာသီတုပ်ကွေးရောဂါ (H1N1) ဖြစ်ပွားသူ ၆၉ ဦး၊ သေဆုံးသူ ၁၈ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ရောဂါဖြစ်ပွားသူ ၅ ဦးနှင့် သေဆုံးသူ ၂ ဦးရှိပြီး ဧရာဝတီတိုင်းဒေသကြီးတွင် ရောဂါဖြစ်ပွားသူ ၅ ဦးနှင့် သေဆုံးသူ ၁ ဦးရှိကြောင်း သိရပြီး ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းအရှေ့ပိုင်းတို့တွင် ရောဂါပိုးဖြစ်ပွားမှု မရှိသေးကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဖြည့်စွက်ပြောဆိုသည်။

( ယခုဖော်ပြပါသတင်းကို The Voice Daily ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည် )

Unicode

H1N1 ကြောင့် သေဆုံးသူ ၂၁ ဦးအထိရောက်ရှိ

ဓာတ်ပုံ – နာရေးကူညီမှုအသင်းရန်ကုန်၊ ဇူလိုင် ၂

မြန်မာနိုင်ငံတစ်ဝန်း ရာသီတုပ်ကွေးရောဂါ (H1N1) ကြောင့် အသက်သေဆုံးသူ ၂၁ ဦးအထိ ရှိပြီဖြစ်ပြီး အသက် ၁၅ နှစ်မှ ၆၅ နှစ်အရွယ်များတွင် ပိုးတွေ့ရှိမှုအများဆုံးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက အတည်ပြုပြောကြားသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၁ ရက်နေ့အထိ ရာသီတုပ်ကွေးရောဂါပိုး (H1N1) သံသယလူနာ ၃၄၃ ဦးရှိပြီး ပိုးတွေ လူနာ ၉၉ ဦးရှိကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။ ရန်ကုန်တိုင်းတွင် ရာသီတုပ်ကွေးရောဂါ (H1N1) ဖြစ်ပွားသူ ၆၉ ဦး၊ သေဆုံးသူ ၁၈ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ရောဂါဖြစ်ပွားသူ ၅ ဦးနှင့် သေဆုံးသူ ၂ ဦးရှိပြီး ဧရာဝတီတိုင်းဒေသကြီးတွင် ရောဂါဖြစ်ပွားသူ ၅ ဦးနှင့် သေဆုံးသူ ၁ ဦးရှိကြောင်း သိရပြီး ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းအရှေ့ပိုင်းတို့တွင် ရောဂါပိုးဖြစ်ပွားမှု မရှိသေးကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဖြည့်စွက်ပြောဆိုသည်။

( ယခုဖော်ပြပါသတင်းကို The Voice Daily ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည် )

Comments are closed.