မန္ယူႏိုက္တက္သတင္းတိုမ်ား

မန္ယူႏိုက္တက္သတင္းတိုမ်ား

၁။ မန္ယူႏိုက္တက္အမႈေဆာင္ခ်ဳပ္ အက္ဒ္ဝုဒ္ဝက္ဒ္ကေတာ့ စပါးနည္းျပပိုခ်က္တီႏိုကို အသင္းရဲ႕အၿမဲတမ္းနည္းျပအျဖစ္ ခန႔္အပ္ႏိုင္ဖို႔အတြက္ လုပ္ႏိုင္သမွ်အားလုံး ႀကိဳးပမ္းသြားမယ္လို႔ သိရပါတယ္။

၂။ ေနာက္ခံလူ လုခ္ေရွာကေတာ့ အသင္းအတြက္သာမက သူ႔ကိုပါ ကစားသမားတေယာက္အေနနဲ႔ေရာ လူတေယာက္အေနနဲ႔ပါ တိုးတက္ေအာင္ လုပ္ေဆာင္ေပးခဲ့တဲ့ နည္းျပေဟာင္းဟိုေဆးေမာ္ရင္ညိဳကို ေက်းဇူးတင္မိတယ္လို႔ ဆိုခဲ့ပါတယ္။

၃။ တိုက္စစ္ကစားသမား အလက္ဆစ္ဆန္းခ်က္ဇ္ကေတာ့ အသင္းနဲ႔အတူ ေလ့က်င့္ခန္းအျပည့္အဝဆင္းႏိုင္ခဲ့ၿပီျဖစ္တာေၾကာင့္ ဒီေန႔ည နယူးကာဆယ္အသင္းနဲ႔ကစားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ျပန္လည္ပါဝင္လာႏိုင္ဖြယ္ ရွိေနပါတယ္။

၄။ နည္းျပဆိုးရွားဟာ နည္းျပေဟာင္းေမာ္ရင္ညိဳနဲ႔မတူဘဲ ကြဲျပားျခားနားတဲ့ပုံစံရွိတဲ့သူျဖစ္ၿပီး အသင္းကို ရလဒ္ေကာင္းေတြ ျပန္လည္ရရွိေအာင္ လႈပ္ႏႈိးႏိုင္ခဲ့သူျဖစ္ေၾကာင္းကိုလည္း Sky Sports နဲ႔ အင္တာဗ်ဴးမွာ ထုတ္ေဖာ္ေျပာၾကားသြားပါတယ္။

၅။ အာဆင္နယ္ဂႏၳဝင္ကစားသမားႀကီး မာတင္ကီအြန္ကေတာ့ မန္ယူႏိုက္တက္ပစ္မွတ္ နည္းျပပိုခ်က္တီႏိုအေနနဲ႔ စပါးအသင္းမွာ အသားက်ေနျခင္းေၾကာင့္ လန္ဒန္ေျမကိုစြန႔္ခြာဖို႔ ရာခိုင္ႏႈန္းနည္းပါးေၾကာင္း သုံးသပ္ခဲ့ပါတယ္။

၆။ ေပါ့ဂ္ဘာအေနနဲ႔ ဒီေန႔ညမွာ ကစားမယ့္ နယူးကာဆယ္ပြဲမွာသာ သြင္းဂိုး (၂)ဂိုးထပ္မံသြင္းယူႏိုင္ခဲ့ပါက (၂၀၀၆)ခုႏွစ္မွာ သံုးပြဲဆက္ သြင္းဂုိး (၂)ဂိုးသြင္းယူႏိုင္ခဲ့တဲ့ သရဲနီေဟာင္း ေရာ္နယ္လ္ဒိုရဲ႕စံခ်ိန္ကုိ လိုက္မီမွာျဖစ္ေၾကာင္း သိရပါတယ္။

Unicode Font

၁။ မန်ယူနိုက်တက်အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်ကတော့ စပါးနည်းပြပိုချက်တီနိုကို အသင်းရဲ့အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်နိုင်ဖို့အတွက် လုပ်နိုင်သမျှအားလုံး ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

၂။ နောက်ခံလူ လုခ်ရှောကတော့ အသင်းအတွက်သာမက သူ့ကိုပါ ကစားသမားတယောက်အနေနဲ့ရော လူတယောက်အနေနဲ့ပါ တိုးတက်အောင် လုပ်ဆောင်ပေးခဲ့တဲ့ နည်းပြဟောင်းဟိုဆေးမော်ရင်ညိုကို ကျေးဇူးတင်မိတယ်လို့ ဆိုခဲ့ပါတယ်။

၃။ တိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်ကတော့ အသင်းနဲ့အတူ လေ့ကျင့်ခန်းအပြည့်အဝဆင်းနိုင်ခဲ့ပြီဖြစ်တာကြောင့် ဒီနေ့ည နယူးကာဆယ်အသင်းနဲ့ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပြန်လည်ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။

၄။ နည်းပြဆိုးရှားဟာ နည်းပြဟောင်းမော်ရင်ညိုနဲ့မတူဘဲ ကွဲပြားခြားနားတဲ့ပုံစံရှိတဲ့သူဖြစ်ပြီး အသင်းကို ရလဒ်ကောင်းတွေ ပြန်လည်ရရှိအောင် လှုပ်နှိုးနိုင်ခဲ့သူဖြစ်ကြောင်းကိုလည်း Sky Sports နဲ့ အင်တာဗျူးမှာ ထုတ်ဖော်ပြောကြားသွားပါတယ်။

၅။ အာဆင်နယ်ဂန္ထဝင်ကစားသမားကြီး မာတင်ကီအွန်ကတော့ မန်ယူနိုက်တက်ပစ်မှတ် နည်းပြပိုချက်တီနိုအနေနဲ့ စပါးအသင်းမှာ အသားကျနေခြင်းကြောင့် လန်ဒန်မြေကိုစွန့်ခွာဖို့ ရာခိုင်နှုန်းနည်းပါးကြောင်း သုံးသပ်ခဲ့ပါတယ်။

၆။ ပေါ့ဂ်ဘာအနေနဲ့ ဒီနေ့ညမှာ ကစားမယ့် နယူးကာဆယ်ပွဲမှာသာ သွင်းဂိုး (၂)ဂိုးထပ်မံသွင်းယူနိုင်ခဲ့ပါက (၂၀၀၆)ခုနှစ်မှာ သုံးပွဲဆက် သွင်းဂိုး (၂)ဂိုးသွင်းယူနိုင်ခဲ့တဲ့ သရဲနီဟောင်း ရော်နယ်လ်ဒိုရဲ့စံချိန်ကို လိုက်မီမှာဖြစ်ကြောင်း သိရပါတယ်။

Comments are closed.