အသက်(၁၀)နှစ်ပဲရှိတဲ့ သမီးလေးရဲ့ရင်ဖွင်သံ

အသက်(၁၀)နှစ်ပဲရှိတဲ့ သမီးလေးရဲ့ရင်ဖွင်သံ

သမီးက ခုမှအသက်(၁၀)နှစ်ပဲရှိပါသေးတယ်။ သမီးပာာခုမှ သမီးသူငယ်ချင်းတွေနဲ့ပြေးလွှားစော့လို့ကောင်းတုန်းပါ။ သမီးပာာ ခုမှ သမီးမေမေညတိုင်း ပုံပြင်ပြောပြမှ အိပ်ပျော်တတ်တဲ့သူပါ။ သမီး ကြီးလာရင်ဆရာဝန်မကြီးဖြစ်ချင်လို့နားကြပ်တွေနဲ့ သမီးအရုပ်မလေးတွေကို စမ်းသပ်ရတာကြိုက်နှစ်သက်သူပါ။ သမီးကိုမေမေက မနက်တိုင်းကျောင်းမသွားခင် သနပ်ခါးပါးကွက်လေးတွေလိမ်းပေးပြီး သမီးကိုတုန်နေအောင် ချစ်တတ်ပါတယ်။ သမီးကို ကျောင်းကဆရာမတွေအားလုံးက စကားနားထောင်ပြီး လိမ္မာလို့အားလုံးဝိုင်းချစ်ကြပါတယ်။ သမီးကို ဆရာမက အခန်းထဲမှာ အဆင့်(၁)ရလို့ ဆယ်တန်းမှာတောင် ဂုဏ်ထူးစုံထွက်မယ်လို့ခန့်မှန်းထားခံရသူတစ်ယောက်ပါ။

သမီးဖဖပေောာ မလေးရှားကိုအလုပထြှကလြုပနြပှေီး သမီးမမပေောာလညြး ရုံးစာရေးအနနေဲ့ကုမျပဏီတဈခုမှာ လုပနြပေါတယြ။ေ ကွာငြးသှားရငမြမကေေိုယတြိုငလြိုကပြို့ပှီး ကွောငြးကပှနလြာရငတြော့ အိမဘြေးကအနတြီ ခိုငရြဲ့အိမမြှာပဲ ထမငြးစားပှီး စာထိုငလြုပနြပေါတယြ။ မမကေေ ညနေ(၆)နာရီမှ အိမပြှနရြောကလြို့မမကေနေေ အနတြီခိုငတြို့ကို ခှင့တြောငြးပှီးသူတို့အိမမြှာ ကွောငြးဆငြးရငနြပှေီး စာလုပဖြို့မှာကှားခဲ့ပါတယြ။ အနတြီခိုငပြာာ အငမြတနစြိတထြားကောငြးသူတဈယောကဖြှဈပါတယြ။ သူ့မှာ သား(၁)ယောကြ ၊ သမီး(၁)ယောကရြှိပှီး သမီးက အဈကိုကှီး ၊ အဈမကှီးလို့ပဲခေါပြါတယြ။ အဈကိုကှီးနာမညကြ အောငအြောငလြို့ခေါပြှီး အဈမကှီးနာမညကြ နှငြးနှငြးလို့ခေါပြါတယြ။

အဲ့နေ့က သမီးကျောင်းကပြန်လာတော့ အန်တီခိုင်အိမ်မှာရှိမနေခဲ့ပါ။ အစ်ကိုကြီးအောင်အောင်ပဲရှိခဲ့ပြီး အစ်ကိုကြီးက အန်တီခိုင်တို့ဈေးသွားနေတယ်လို့ပြောကာ အန်တီခိုင်ပြင်ထားခဲ့တဲ့ ထမင်းနဲ့ပာင်းနဲ့ကိုကျွေးပါတယ်။ သမီးအန်တီခိုင်လက်ရာကို စားပြီးတော့ သမီးအိမ်စာတွေလုပ်ဖို့ကျောင်းဖတ်စာအုပ်တွေ လွယ်အိတ်ထဲကထုတ်တုန်းက အစ်ကိုကြီးအောင်အောင်သူ့ဖုန်းကို စိတ်ဝင်တစားကြည့်နေခဲ့ပါတယ်။ သမီးကတော့ အိမ်စာရှိလို့သချာၤပုစ္ဆာတွေကို ထိုင်တွက်နေခဲ့ပါတယ်။ (၁)နာရီခန့်ကြာတော့ အစ်ကိုကြီးအောင်အောင်က အစ်မနှင်းနှင်းက သမီးအတွက်အရုပ်တွေဝယ်ထားတယ်ဆိုပြီး သမီးလာရင်ပြပါဆိုလို့အစ်မနှင်းနှင်းအခန်းထဲကို ခေါ်သွားပြီးတံခါးပိတ်ကာ သမီးရဲ့ပါးစပ်ကိုရုပ်တစ်ရက်သူ့လက်နဲ့ပိတ်ကာ သမီးကိုအဓမ္မပြုကျင့်ပါတယ်။ သမီးရုန်းဖို့ကြိုးစားခဲ့တယ်။

သူ့အားနဲ့သမီးကို အတင်းထိန်းထားပြီး သူ့ဗလကို သမီးတွန်းလှန်နိုင်စွမ်းမရှိခဲ့ပါ။ ထိုအချိန်ကာလကြီးပြီးတဲ့အခါ “သူကသမီးကို သူများတွေရှောက်ပြောရင်သတ်ပစ်မယ်ဆိုပြီး ချိန်းခြောက်လို့”သမီးတုန်နေခဲ့ပြီး မေမေ့ကိုတောင် မပြောရက်ခဲ့ပါ။ သမီးအိပ်မရခဲ့ပါ။ သမီးအိပ်မက်ထဲမှာသူရောက်လာပြီး သမီးအော်လို့ဘေးနားမှာအိပ်နေတဲ့ မေမေလန့်နိုးလာပြီး သမီးဘာဖြစ်တာလဲပာု မေးပါသည်။ သမီး မခံနိုင်တော့ဘဲ မေ့မေ့ကို အကုန်ပြောပြလိုက်ပါသည်။ မေမေက ချက်ချင်းဒေါသထွက်သွားပြီး သမီးကိုတင်းနေအောင်ဖတ်ပါသည်။ မေ့မေ့ကိုဘာလို့အစောကြီးထဲက ဘာလို့မပြောတာလဲဆိုပြီးမေးတော့ သူကသမီးကိုသူများလျှောက်ပြောရင်သတ်ပစ်မယ်ဆိုလို့ပါ။ မေမေက သက်ပြင်းကိုချရင်း သမီးကိုပဲပြန်ဖက်ပါတယ်။ သမီး မေမေရင်ခွင်ထဲမှာပွေ့ဖက်ရင်း သမီးလည်းငိုနေခဲ့ပါတယ်။ မေမေ သမီးကြောက်တယ်။ သူကသမီးကိုသတ်မှာတဲ့။ မေမေနဲ့မခွဲနိုင်ဘူး။ မေမေကိုသိပ်ချစ်တယ်။ ဖေဖေ့ကိုလည်း လွှမ်းတယ်။

နောက်တော့ မေမေကချက်ချင်းပဲ ပာိုဘက်အိမ်ကိုတံခါးခေါက်ပြီး အန်တီခိုင်တို့မိသားစုကို သွားတွေ့ပါတယ်။ အန်တီခိုင်နဲ့ဦးလေးတို့က အိပ်ချက်မူးတူမျက်နှာတွေနဲ့တံခါးလာဖွင့်ပေးပြီး မေမေကမျက်ရည်တွေနဲ့အန်တီခိုင်ကို အကျိုးအကြောင်းပြောပြပါတယ်။ ဦးလေးပာာ ချက်ချင်းဒေါသထွက်ပြီး အစ်ကိုကြီးအောင်အောင်ကို အိပ်ရာထဲက ဆွဲခေါ်ပြီး လက်သီးနဲ့အကြိမ်ကြိမ်အခါအခါ အစ်ကိုကြီးအောင်အောင်မျက်နှာ သွေးထွက်လာတဲ့အထိ ထိုးပါတယ်။ အန်တီခိုင်က သမီးမေမေနဲ့သမီးကို မျက်ရည်တွေနဲ့တောင်းပန်ပြီး အစ်မနှင်းနှင်းကလည်း သမီးကိုပြေးဖက်ပြီး တောင်းပန်နေတယ်။ ဦးလေးပာာ အစ်ကိုအောင်အောင်ကိုဆွဲပြီး ချက်ချင်းပဲရဲစခန်းပို့မယ်လို့ပြောပြီး တံခါးပေါက်ကိုရောက်လာတော့ မေမေက တားပြီး “ကျွန်မသမီးဘဝတစ်သက်လုံးဘယ်လိုနေမလဲ။ ဒီသတင်းပေါက်ကြားသွားရင် ကျွန်မသမီးမျက်နှာပျက်လိမ့်မယ်။

သူ့ကိုကျောင်းကသူတွေဘယ်လိုထင်မလဲ။ သတင်းဂျာနယ်တွေမှာ သမီးအကြောင်းပါတာမလိုချင်ဘူး။” လို့ပြောတာဦးလေးပာာ ရပ်လိုက်ပြီး မင်းသူ့ကိုတောင်းပန်ရမယ်ဆိုပြီး သမီးရှေ့မှာဒူးထောက်ခိုင်းပါတယ်။ သူက သွေးထွက်နေတဲ့နှုတ်ခမ်းတွေကနေ သမီးကို “အစ်ကို့ကိုခွင့်လွှတ်ပါ။အစ်ကိုစိတ်မထိန်းနိုင်လို့ဖြစ်ခဲ့တာပါ။”လို့တောင်းပန်နေရင်း ဦးလေးက သူနာရင်းကိုအုပ်လိုက်ပါတယ်။ ဦးလေးက သမီးနဲ့မေမေ့ကို သူမဆုံးမလိုဖြစ်ရတာဆိုပြီး တောင်းပန်တော့ အန်တီခိုင်ကော မမနှင်းရောပါဝင်တောင်းပန်ပါတယ်။ ထိုညကို သမီးမမေ့ခဲ့ပါ။ နောက်တော့ မေမေကအိမ်ပြောင်းခဲ့ပါတယ်။ ကျောင်းလဲပြောင်းခဲ့ပြီး သမီးကိုကရာတေးသင်တန်း စနေ တနင်္ဂနွေမှာတက်ခိုင်းပါတယ်။ သမီးကမိန်းကလေးမို့အထိုးအကန်မကြိုက်ပေမဲ့ မေမေကအတင်းပဲသမီးကို ကျောင်းကိုခေါ်သွားပြီး သင်ခိုင်းပါတယ်။

မေမေကသူ့အလုပ်ကထွက်လိုက်ပြီး သမီးကိုကျောင်းပို့၊ ကျောင်းကြိုသူကိုယ်တိုင်လုပ်ပါတော့တယ်။ မေမေသမီးကို သူမျက်စိက အပျောက်မခံတော့ပါ။ သမီးလည်း ကျောင်းအသစ်မှာ ပျော်ပြီး သူငယ်ချင်းအသစ်တွေရခဲ့ပါတယ်။ ဒါပေမဲ့ သမီးကျောင်းမှာ ဈေးရောင်းတဲ့ဦးလေးကြီးရဲ့ပုဆိုးကိုမြင်ရင် သမီးကိုယ်တွေတုန်လာပါတယ်။ ဘယ်ပုဆိုးမှ မခံစားနိုင်ပါ။ မေမေနဲ့မြို့ထဲသွားရင် ပုဆိုးဝတ်ထားတဲ့လူကြီးတွေမြင်ရင် သမီးတုန်လာတတ်ပါတယ်။ သမီးဘာဖြစ်တာလဲလို့မေးတော့ သမီးခံစားရတဲ့အတိုင်းပြောပြတော့ မေမေကသမီးကိုဖတ်ပြီး စိတ်ရောဂါကုဆရာဝန်မကြီးဆီကိုခေါ်သွားပါတယ်။ ဆရာဝန်မကြီးကသမီးကိုပြုံးပြုံးနဲ့နမ်းပြီး သမီးခံစားရသမျှ အကုန်ပြောခိုင်းပါတယ်။

သမီးကသူ့ကိုမသိလို့သိပ်မပြောချင်တော့ မေမေကဆရာဝန်မကြီးက သမီးကိုကူညီမှာ သမီးအကုန်ပြောပြလိုက်ဆိုပြီးသမီးလက်ကိုဆုပ်ကိုင်ပြီးပြောတော့ “ပုဆိုးမြင်ရင်မနေနိုင်ဘူး”ဆိုလို့ပြောတော့ ဆရာဝန်မကြီးကနားထောင်ပြီး သမီးသောက်ဖို့ဆေးတွေကိုမေမေကိုရေးပေးလိုက်ပါတယ်။ မေမေကအမြဲတမ်း “သမီးစိတ်ချမ်းသာတော့မယ်။ စိတ်ထဲရှိသမျှ မေမေ့ကိုပြောလို့ဆိုပြီး “ အမြဲတမ်းသမီးကို ဆေးမှန်မှန်တိုက်ပါတယ်။ တစ်ခါတစ်လေ သမီးအိပ်မက်ဆိုးတွေမတ်ပါတယ်။ အစမှာတော့ သမီးကိုယ်တွေတုန်နေပြီး ကြောက်စိတ်တွေရှိပြီး လန့်နိုးလာတော့မေမေက သမီးလေးစိတ်မပူနဲ့မေမေဒီမှာရှိတယ်ဆိုပြီး သမီးကိုဖက်ပြီးတော့အိပ်ပါတယ်။ သမီးလည်းမေမေရင်ခွင်မှာပြန်အိပ်ပျော်သွားပါတယ်။

သမီးဒီလိုအိပ်မက်တွေကို မတ်တာများတော့ သမီးခံနိုင်ရည်ရှိလာခဲ့ပါတယ်။ သမီးမှာကြောက်လာတဲ့အခါ စဉ်စားဆင်ခြင်နိုင်စွမ်းညဏ်ကို ကြောက်စိတ်ကနေ လွှမ်းမိုးလာခဲ့တာကို သတိထားမိလာခဲ့တယ်။ ပြီးခဲ့တာတွေပြီးပြီလို့သမီးကိုယ့်ကိုပြောနိုင်ပေမဲ့ သမီးစိတ်ကတော့ ဆက်ပြီးတော့ကြောက်နေဆဲပါ။ ဒါတွေကို သမီးနောက်တော့ ခံနိုင်ရည်ရှိလာပါတယ်။ မေမေကသမီးကိုလန့်နိုးတိုင်းသမီးကိုဖက်ပြီးအိပ်ပါတယ်။ ဆရာဝန်မကြီးကလည်း သမီးကိုဆေးအသစ်တွေပေးပြီး ဘာမှစိတ်မပူနဲ့မေမေရယ် ဆရာဝန်မကြီးရှိတယ်ဆိုပြီး သမီးကိုဖက်ပြီးအားပေးစကားအမြဲတမ်းပြောပါတယ်။ ဆရာဝန်မကြီးက သမီးကို စိတ်တင်းထား သမီးမှာအနာဂတ်ရှိသေးတယ်ဆိုပြီး အားပေးစကားတွေပြောပါတယ်။

နောက်တော့သူက သမီးကို ဒီဆေးတွေက အမြဲတမ်းသောက်တာမကောင်းဘူး။ဒီဆေးက အမြစ်ပြတ်ရောဂါကုပေးတာမပာုတ်ဘူး။ သမီးရဲ့စိတ်ကိုထိန်းပေးထားတာ။ ဒီပြဿနာကို ကျော်လွှားနိုင်ဖို့သမီးစိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေရှိဖို့လုပ်ရမယ်။ သမီးစိတ်က ကြံ့ခိုင်မှုရှိပြီးငါကျော်လွှားနိုင်တယ်ဆိုမှ သမီးဒီရောဂါကနေ လွှတ်မြောက်မှာဆိုပြီးပြောပါတယ်။ ဒါတွေကိုသမီးနှလုံးသွင်းပြီး ကရာတေးကို အပြင်းအထန်လေ့ကျင့်ပါတယ်။

မေမေကလည်းသမီးကိုအားပေးပြီး သမီး ယောကျာၤးလေးတွေကို ကန်ပြီးအနိုင်ယူရတာကို သမီးကြိုက်လာတယ်။ သမီးစိတ်ပျော်ရွှင်တယ် သူတို့ကို ကန်ရတဲ့အခါ။ တစ်ခါက သမီးအတန်းဖော်တွေနဲ့တွဲပြီးလေ့ကျင့်ရင်း သူ့ကိုကန်ရင်း သမီးဒေါသတွေတစ်အားထွက်လာပြီး သူ့ကိုစိတ်လိုက်မာန်ပါ ထိုးကန်မိတယ်။ ဒါကိုဆရာကမြင်တော့ သမီးစိတ်ထိန်း ၊ သူကသမီးကိုဘာလုပ်မိလို့လဲဆိုပြီး ဒါအားကစားသမီး စိတ်ထိန်း ဆိုပြီး သမီးကိုအနောက်ကနေဆွဲပါတယ်။ သမီးကိုယ့်ကိုအားကိုနိုင်တဲ့သူတစ်ယောက်ဖြစ်ချင်တယ်။ သမီး ကရာတေးကိုခါးပတ်နက်ထိရောက်အောင် ကြိုးစားပြီးအထိုးအကန်ကို အရမ်းလေ့ကျင့်ချင်တယ်။

နှစ်အတော်ကြာတဲ့အခါ သမီးရောဂါကို ဆေးလည်းသောက် ဆရာဝန်မကြီးပြောတဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုရဖို ကိုလေ့ကျင့်ရင်း သမီးအတိတ်ကိုမေ့လာနိုင်ခဲ့တယ်။ ဆေးလည်းဆက်သောက်စရာမလိုတော့ခဲ့ဘူး။ သမီး (၁၀)တန်းစာမေးပွဲကို (၅)ဘာသာနဲ့အောင်ခဲ့ပြီး သမီးဆေးကျောင်းဝင်ခဲ့တယ်။ ကိုယ့်ကိုယ်ကို သမီးလို့မခေါ်ဘဲ ကျွန်မလို့ပဲ စခေါ်ခဲ့တယ်။ မေမေလည်း အသက်ကြီးလာပြီး ဖေဖေလည်း မလေးရှားကနေပြန်လာခဲ့ပြီး မိသားစု စုံစုံညီညီနေထိုင်ခွင့်ရခဲ့တယ်။ကျွန်မညတစ်ညမှာ အိပ်နေတုန်းကျွန်မအိပ်မက်ထဲကို ထိုအဖြစ်အပျက်ဝင်လာပြီး လန့်နိုးတော့ ချက်ချင်းပဲဝယ်ထားတဲ့ လက်ဝှေ့ထိုးတဲ့အိတ်ကြီးကို အားရပါးရထိုးရင် ငါစိတ်ဓာတ်ကြံ့ခိုင်တယ်။ ငါပျော်အောင်နေနိုင်တယ်ဆိုပြီး ထိုးကြိတ်ကန်ပြီးနောက် မောပြီး ကျွန်မအိပ်ပျော်သွားခဲ့တယ်။ ဒီလိုပဲဘဝကို ဆက်နေတော့ ကျွန်မယောကျာ်းတွေကို မယုံနိုင်ဖြစ်နေတယ်။

ကျွန်မကိုသဘောကျလို့ကမ်းလှမ်းသူများရှိခဲ့ပေမဲ့ တစ်ယောက်မှပြန်မကြိုက်ခဲ့ဘူး။ခုချိန်ဆို ကျွန်မဆေးကျောင်းသူ တစ်ယောက်အနေနဲ့ သက်ငယ်မုဒိန်းကျင့်မှုတွေပာာ ကလေးတစ်ယောက်ရဲ့ဘဝတစ်ခုလုံးကို စိတ်ဓာတ်ပိုင်းဆိုင်ရာအရဘယ်လောက်ထိ ထိခိုက်နိုင်တာကို ကျွန်မလူတွေကိုပြောပြရင်း…….။

သမီးငယ်လေးမျာဘက်ကလည်း ကိုယ်ချင်စားပြီး စဉ်းစားပေးပါလို့တိုက်တွန်းရင်းကျော်ထွန်း
မှတ်ချက်။ ။ ဒီဝတ္ထုသည် ကလေးသူငယ် မုဒိန်းကျင့်မှုပပျောက်ရေး ရည်ရွယ်ချက်နဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာနောက်ဆက်တွဲရလဒ်များကို kidshealth.org နဲ့တခြားသော စိတ်ပညာဆောင်းပါးများကို လေ့လာပြီးတော့မှ ရေးသားထားခြင်းဖြစ်ပါသည်။ ဒီဝတ္ထုတွင်ပါသော နာမည်များသည် ဖန်တီထားသောနာမည်များသာဖြစ်ပြီး ဝတ္ထုအတွက်သာရေးသားထားခြင်းဖြစ်ပါသည်။ Intro to Psychology အခန်းတွင် စိတ်ပညာအကြောင်းကို နားလည်အောင်ရှင်းပြခဲ့တဲ့ အမေရိကန်ပြည်ထောင်စု City University of New York, Brooklyn College’s Psychology Department က ပါမောက္ခ Mallory Sapoff ကို အထူးကျေးဇူးတင်ရှိပါသည်။ကျော်ထွန်းသည် City University of New York, Hunter College တွင်တက်ရောက်နေသော ကျောင်းသားတစ်ယောက်ဖြစ်ပါသည်။

Comments are closed.