ခင်ပွန်းဖြစ်သူ သားဂန်းရဲ့ မွေးနေ့မှာ သူ့ကို ဒီထက်မက ပိုချစ်နိုင်စေဖို့ မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ဘေဘီ မောင်

ပရိသတ်ကြီးရေ သားဂန်းကတော့ အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဒီနေ့ ဒီဇင်ဘာလ (၂၅)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော်သားဂန်ရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။

ဒီနေ့မွေးနေ့ရက်မြတ်လေးမှာတော့ သားဂန်းက အသက် (၂၆)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။ သားဂန်းရဲ့ မွေးနေ့ရက်မြတ်လေးအ တွက်ကိုတော့ ဇနီးချောလေးဖြစ်တဲ့ ဘေဘီမောင်ကလည်း “Happy birthday ယောက်ျား။(၂၆)ပြည့်မယ့်ယောက်ျားက (၃၀)ကျော်သူ့မိန်းမ ကို အကြင်နာ မေတ္တာ သစ္စာရှိရှိနဲ့ချစ်ပေးတဲ့အတွက်ကျေးဇူးပါမောင်။ မွေးနေ့မှစပြီးမိန်းမကိုဒီထက်မကပိုချစ်နိုင်ပါစေ” ဆိုပြီး သားဂန်းအချ စ်ပို ရလောက်အောင် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားခဲ့ပါတယ်။

သားဂန်းကလည်း ဇနီးသည်ရဲ့ ဆုတောင်းလေးကို “တစ်သက်လုံးသစ္စာရှိရှိချစ်နေဖို့ကအဓိကပါ အသက်အရွယ်ဆိုတာက အရေမကြီးပါဘူး မိန်းမရေ” ဆိုပြီး ပြန်လည်ပြောထားခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ သားဂန်းရဲ့ မွေးနေ့အတွက် မွေးနေ့ဆုမွန်ကောင်း တွေတောင်းပေးခဲ့ကြပါဦးနော်။

Source – Thandar Zaw
Chilli – CeleZone

Advertisement

[zawgyi]




Advertisement

Source – Thandar Zaw
Chilli – CeleZone

Be the first to comment

Leave a Reply

Your email address will not be published.


*